သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-03-25
မြန်မာ့စီးပွားရေးဦးပိုင်လိမိတက် (MEHL ) နဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC )တို့ကို အမေရိကန် ဘဏ္ဍာရေးဌာနက နံမည်ပျက်စာရင်းသွင်းပြီး အရေးယူပိတ်ဆို့ဖို့ ပြင်ဆင်နေတာလို့ ဆိုပါတယ်။
2021-03-25
မန္တလေးမြို့ စက်မှုဇုန်သပိတ်နဲ့ ပညာရေးသပိတ် စုပေါင်းပြီး စက်မှုဇုန်ရပ်ကွက်မှာ ဒီကနေ့ ဆန္ဒပြခဲ့ကြတာပါ။ အမြို့မြို့အနယ်နယ်မှာ ဖြိုခွင်းမှုတွေများနေပေမယ့် နေစဉ်မပြတ် ဆန္ဒပြနေကြတာဖြစ်ပါတယ်။
2021-03-25
စစ်ကိုင်းတိုင်း ရွှေဘိုမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေကြောင့် လူ ၈၀ နီးပါး အဖမ်းခံထားရဆဲဖြစ်ပြီး အများစုကို ရာဇသတ်ပုဒ်မတွေနဲ့ ရွှေဘို အကျဥ်းထောင်ထဲမှာပဲ စစ်ဆေးနေတယ်လို့ အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေတွေနဲ့ ဒေသခံတွေက ပြောပါတယ်။
2021-03-25
ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ ရန်ကုန်သစ်ရပ်ကွက်ထဲက သောကြာ ပတ် ဆွမ်းလောင်းအသင်းကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့တို့က ဆွမ်းလောင်းရုံ မှာရှိနေတဲ့ လူငယ် ငါးယောက်တို့ကို ဖမ်းဆီးသွားပါတယ်။
2021-03-25
ဒီကနေ့ ရန်ကုန်၊ တောင်ကြီး၊ ဘားအံ၊ ကျောက်ပန်းတောင်းနဲ့ ခင်ဦးမြို့တွေမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက သေနတ် တွေနဲ့ ပစ်ခတ်ခဲ့လို့ သေဆုံးသူ လေးဦးထက်မနည်းရှိပြီး ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့ပါတယ်။ အဲဒီမြို့တွေမှာ အဖမ်းခံ ထားရသူ ၉၀ ကျော်အထိရှိတယ်လို့လည်း သိရပါတယ်။
2021-03-25
သတင်းဌာန တာဝန်ခံအယ်ဒီတာ နန်းနန်းတိုင်း၊ သတင်းထောက် နန်းဝင်းရီ၊ ထုတ်ဝေသူ ဦးတင်အောင်ကျော်နဲ့ ရုံးစောင့် ကိုစိုင်းစည်သူတို့ ဖမ်းခံရတာ ဖြစ်ပါတယ်။
2021-03-25
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့မှာ မတ် ၂၅ ရက်နေ့ ဒီနေ့မနက်ပိုင်း အာဏာသိမ်း စစ်ကောင်စီရဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ကျည်အစစ်နဲ့ ဝင်ရောက်ပစ် ခတ်တာကြောင့် ဗိုက်ပွင့်ဒဏ်ရာ၊ လက်ကြေမွ ဒဏ်ရာတွေရရှိတဲ့ အနည်းဆုံး သုံးယောက် အပြင်းအထန် ဒဏ်ရာရရှိထားလို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2021-03-25
ဒီနေ့နေ့လယ်က တောင်ကြီးမြို့ မြို့မရပ်ကွက်မှာ စစ်ကောင်စီတပ်က လမ်းမပေါ်မှာ ဖမ်းဆီးထားသူတွေကို ရိုက်နှက်နေတာဖြစ်ပါတယ်။ လူသုံးဦးကို ဖမ်းဆီးသွားတာ တွေ့ရပါတယ်။
2021-03-25
တောင်ကြီးမြို့ မြို့မရပ်ကွက်က တူးမြောင်းလမ်းကို ဒီနေ့မနက် ၁၀ နာရီကျော်မှာ စစ်ကောင်စီတပ်တွေ ရောက်လာပြီး နေအိမ်ပြတင်းပေါက်တွေကို လေးခွနဲ့ပစ်ကာ အမျိုးသမီးတစ်ဦးကို ရိုက်နှက်နေတာဖြစ်ပါတယ်။
2021-03-24
မြန်မာနိုင်ငံက ရဲနဲ့စစ်တပ်က နေ့စဉ်နဲ့အမျှ ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို နိုင်ငံတကာတရားစီရင်ရေးလုပ်ငန်းစဉ်တွေကနေ အရေးယူရေးအပါအဝင် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေတွေနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တရပ်ကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ဒီကနေ့ သဘောတူ ချမှတ်လိုက်ပါတယ်။
2021-03-24
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ကန့်ကွက်ငြင်းဆန် ဆန္ဒပြသူတွေကို ရိုက်နှက် ပစ်ခတ်သတ်ဖြတ်ဖို့၊ ပြည်သူတွေသာမက စစ်တပ်ဘက် မပါဘူးဆိုရင်၊ ကိုယ့်မိသားစုဝင်တွေကိုပါ ပစ်သတ်ဖို့အထိ၊ အထက်အရာရှိတွေက ပြောဆိုတယ်လို့ အိန္ဒိယနိုင်ငံထဲထွက်ပြေးသွားတဲ့ မြန်မာရဲအရာရှိတယောက်ကပြောတဲ့အကြောင်း နိုင်ငံတကာသတင်းတွေမှာ ဖော်ပြထားပါတယ်။
2021-03-24
မတ်လ ၂၃ ရက်နေ့ကပြုလုပ်တဲ့ စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အခြေခံပညာသင်ကျောင်းတွေမှာ တနှစ်ကို ၂ တန်းပြီးစီးအောင် သင်ကြားဖို့စီစဉ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ အဲဒီလိုသင်ကြားမယ်ဆိုရင် တန်ဖိုးရှိတဲ့ပညာတွေ တတ်ကျွမ်းမှာ မဟုတ်သလို မြန်မာပြည်က ဘွဲ့ရလူငယ်တွေကို နိုင်ငံတကာ တက္ကသိုလ်တွေက လက်ခံတော့မှာ မဟုတ်ဖူးလို့ ပညာရှင်တွေက သတိပေးပြောကြားလိုက်ပါတယ်။
2021-03-24
ရန်ကုန်တိုင်းအတွင်း စစ်အုပ်ချုပ်ရေးပြဋ္ဌာန်းချက်ကြောင့် နယ်ကို ရွှေ့ပြောင်းနေကြရတဲ့ အလုပ်သမားတွေအရေး သိပ်ကို စိုးရိမ်မိတယ်လို့ မြန်မာနိုင်ငံမှာရှိတဲ့ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများအဖွဲ့ (IOM) က ဒီကနေ့ သတင်းထုတ်ပြန် ပြောဆိုကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Farhan Haq က ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
2021-03-24
ဆန္ဒပြသူတွေကို ပြန်လွှတ်တာဟာ ကြိုဆိုရမယ့် ကိစ္စဖြစ်ပေမယ့် အပြစ်မရှိသူတွေ ဖမ်းဆီးထားရာက ပြန်လွှတ်ပေးတယ်ဆိုတာ နိုင်ငံရေး ကစားကွက်တစ်ခုပဲဖြစ်တယ်လို့ မြန်မာ့ရေးလေ့လာသူတွေက သတိပေးလိုက်ပါတယ်။
2021-03-24
ကျောက်ပန်းတောင်းမြို့နယ် စံပြရပ်ကွက်မှာ မတ်လ ၂၄ ရက်နေ့က ညသပိတ်လုပ်နေချိန် ည ၈ နာရီကျော်မှာ စစ်ကောင်စီတပ်က စစ်ကားတွေနဲ့ ဝင်လာပြီး အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းတာကြောင့် တစ်ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက RFA ပြောပါတယ်။