သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-04-30
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနားက သီးလုံးကျေးရွာမှာ ဧပြီ ၂၈ ရက်နေ့ညက အာဏာသိမ်းစစ်ကောင်စီကို ထောက်ခံပြီး သတင်းပေး ဒလံလုပ်ပေးနေတဲ့ ရွာသားတွေနဲ့ ဒီမိုကရေစီကိုလိုလားတဲ့ ရွာသားတွေ အချင်းချင်း စကားများပြီး တုတ်တွေ၊ ဓားတွေ ဂျင်ကလိတွေနဲ့ ပစ်ခတ်ပြီး ရန်ဖြစ်ကြတာကြောင့် စစ်ကောင်စီကို ထောက်ခံတဲ့ဘက်က လူလေးယောက် သေဆုံးပြီး ခုနှစ်ယောက် ဒဏ်ရာရခဲ့ပါတယ်။
2021-04-30
မန္တလေးမြို့မှာ ဧပြီ ၂၉ ရက်နေ့၊ မနေ့ မနက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲက ပြန်လာတဲ့လမ်းမှာ စစ်ကောင်စီတပ်တွေ အိမ်စီးကားနဲ့ တိုက်ဖမ်းတဲ့ အတွက် ရတနာပုံ တက္ကသိုလ်ကျောင်းသား သုံးယောက် ၁၀၇ လမ်းနဲ့ ၆၄ လမ်းမှာ ဖမ်းဆီးခံလိုက်ရပါတယ်။
2021-04-30
မန္တလေးမြို့၊ ချမ်းအေးသာစံ မြို့နယ်၊ ခရိုင်တရားရုံးဘေးက တရားရေးရိပ်သာမှာ ဧပြီ ၃၀ ရက်နေ့၊ ဒီနေ့ မနက် ၁၀ နာရီမထိုးခင်အချိန်က ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ တရားရုံးအနီး နေထိုင်သူတွေက ပြောပါတယ်။
2021-04-29
တပ်မတော်က အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်မှာ တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် KIA တို့အကြား တိုက်ပွဲတွေ ပိုပြင်းထန် လာနေသလို တိုက်ပွဲတွေကြောင့် ဒီနေ့အထိ နေရပ်စွန့်ခွာထွက်ပြေးရသူပေါင်း တစ်သောင်းခန့် ရှိလာနေပြီလို့ ဒေသခံတွေက ပြောပါတယ်။
2021-04-29
စစ်ကောင်စီ လေတပ်က သုံးရက်ဆက်တိုက် ဗုံးကြဲလို့ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ကနေ ထိုင်းနိုင်ငံဘက်ကို သံလွင်မြစ်ဖြတ်ကူးပြီး ကျေးရွာသား ၂ဝဝဝ ကျော် မနေ့က ထွက်ပြေးခဲ့ကြရပါတယ်။ အဲဒီရွာသားတွေကို ထိုင်းအာဏာပိုင်တွေက ယာယီခိုလှုံခွင့်ပြုထားတယ်လို့ ဆိုပါတယ်။
2021-04-29
ဧပြီလ ၂၀ ရက်နေ့ကနေ ၂၉ ရက်အတွင်း ထိုင်းနိုင်ငံထဲကို ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသား ၂၀၀ ကျော် ဖမ်းဆီးမိတယ်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီက ပြောပါတယ်။
2021-04-29
ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတဲ့ လူငယ်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အကြမ်းဖက်နှိမ်နှင်းတဲ့အတွက် လူငယ်တွေဟာ လွတ်မြောက်နယ်မြေကို ထွက်ခွာလာပြီး စစ်အာဏာရှင်တွေကို ပြန်လည်တွန်းလှန်နိုင်ရေး ကြိုးစားနေကြပါတယ်။
2021-04-29
ကချင်ပြည်နယ် မိုးမောက်မြို့နယ် နွမ်လန်းကျေးရွာမှာ ဒီနေ့ ဧပြီလ ၂၉ ရက်နေ့ ညနေ ၃ နာရီခန့်က ရွာထဲကို လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ တာကြောင့် ရွာသားတစ်ဦးသေဆုံးခဲ့ပြီး နောက်ထပ်အမျိုးသမီးတစ်ဦးကတော့ အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ ကျေးရွာသားတွေကပြောပါတယ်။
2021-04-29
ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေဖြစ်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့မှာ ဧပြီ ၂၉ ရက်ဒီနေ့မှာ စစ်တပ်က ဖမ်းဆီး ထားတဲ့ ဒေသခံ ခြောက်ဦးကို ပြန်လွှတ်ပေးဖို့အပါအဝင် အချက် သုံးချက်ကို မင်းတပ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က တောင်းဆိုလိုက်ပါတယ်။
2021-04-29
မန္တလေးတိုင်း မိတ္ထီလာနဲ့ မကွေးတိုင်း မကွေးမြို့က လေတပ်စခန်းနှစ်ခု ဧပြီလ ၂၉ ရက် ဒီနေ့မနက် အစောပိုင်းတွေ မှာ အချိန်အနည်းငယ်စီခြားပြီး ရှော့တိုက်ဒုံးကျည်နဲ့ ပစ်ခတ်ခံရတာကြောင့် စစ်သားခြောက်ဦးထက်မနည်း သေဆုံး ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-04-29
အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပါဝင်နေကြတဲ့ ပညာရေးဝန်ထမ်း သုံးသိန်းကျော်ကို၊ စစ်ကောင်စီက အမျိုးမျိုး ဖိအားပေးနေတာ ကြောင့် ဝန်ထမ်း နှစ်သိန်းကျော်လောက် CDM ဝန်ထမ်းအဖြစ်ကနေ နုတ်ထွက်လိုက်တယ်လို့ “အခြေခံပညာ ဆရာ၊ ဆရာမများ သမဂ္ဂအဖွဲ့ချုပ်ဝင် တစ်ဦးက ပြောပါတယ်။
2021-04-29
ဧပြီလ၂၉ ရက်နေ့ ဒီနေ့နေ့လည်ပိုင်းမှာ တနင်္သာရီတိုင်း ထားဝယ်မြို့၊ ကချင်ပြည်နယ် ဖားကန့် မြို့နယ်၊ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်နဲ့ မြောက်ဥက္ကလာပမြို့နယ်တို့မှ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။
2021-04-29
ဧပြီလ ၂၈ ရက်နေ့ မနေ့က စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်မှ ပြည်သူများက မြင်းလှည်းများ၊ နွားလှည်းများဖြင့် လှည့်လည်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။
2021-04-29
ဧပြီလ ၂၉ ရက် ဒီနေ့ နံနက်ပိုင်း မန္တလေးမြို့မှာ မန္တလေး ကျန်းမာရေးမိသားစု (Mandalay Medical Family) မှ စစ်အာဏာရှင်ဆန့်ကျင်ရေး ရောင်နီကြိုသပိတ် (Breakfast Time Revolution) ပြုလုပ်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသလို ထားဝယ်မြို့မှ လူငယ်များစုပေါင်းကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။
2021-04-29
မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ ဒီကနေ့ ဧပြီလ ၂၉ ရက်နေ့ မနက်က ရှမ်းတဲ လေတပ်စခန်းကို ရှော့တိုက်ဒုံး ခြောက်လုံးနဲ့ ချိန်ထားပြီး ပစ်ခတ်ဖို့ ပြင်ဆင် ထားရာမှာ ငါးလုံး ပေါက်ကွဲပြီး တစ်လုံးကိုတော့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ရှာဖွေတွေ့ရှိခဲ့တယ်လို့ မိတ္ထီလာမြို့က မျက်မြင်တွေ့ရှိခဲ့သူတွေက ပြောပါတယ်။