သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-05-31
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်၊ ကပေါင်းကျရွာကို မေလ ၂၉ ရက်နေ့က စစ်ကောင်စီတပ်တွေ ၆ ကြိမ်မြောက် ဝင်ရောက် စီးနင်းတဲ့အတွက် ရွာသားတွေ ထွက်ပြေး ပုန်းအောင်းနေရပါတယ်။ ရွာထဲက နေအိမ်တွေကို ဝင်ရောက်ရှာဖွေခဲ့သလို၊ လူတစ်ချို့ကိုလည်း ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-05-31
စစ်ကိုင်းတိုင်း ကလေးမြို့ သာစည်ရွာမှာ လူငယ်တွေနဲ့ CDM ဝန်ထမ်းတွေကို စစ်တပ်ကဝင်ဖမ်းလို့ ကလေးပြည်သူ့ကာကွယ်ရေးတပ်နဲ့ အပြန်အလှန်ပစ်ခတ်ကြပြီး နှစ်ဖက်ထိခိုက်မှုရှိပါတယ်။ ပြည်သူဘက်က ခြောက်ယောက်ကိုလည်း စစ်ကောင်စီတပ်တွေက ဖမ်းသွားပါတယ်။
2021-05-31
ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်ရေးအတွက် ဂျပန်နီပွန်ဖောင် ဒေးရှင်းက လှူဒါန်းထားတဲ့ ဒေါ်လာ ငါးသန်း စီမံကိန်းဟာ လက်ရှိနိုင်ငံရေး အခြေ အနေတွေကြောင့် ဆုံးရှုံးနိုင်ဖွယ်ရှိနေပြီလို့ ဒုက္ခသည် တွေအရေး ကူညီပေးနေတဲ့ ကချင်နှစ်ချင်း ခရစ်ယာန် အသင်းတော်များအဖွဲ့ချုပ် KBC တာဝန်ရှိသူက ပြောပါတယ်။
2021-05-31
ရက္ခိုင့်တပ်တော် AA နဲ့ ဆက်စပ်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ အကြမ်းဖက်ဥပဒေတွေနဲ့ တရားစွဲခံထားရ တဲ့ ကလေးလူငယ်အမှုတွေကို မေလအတွင်းမှာပဲ ရုပ်သိမ်းလိုက်ပြီး တခြားအကြမ်းမှုဥပဒေတွေနဲ့ ဖမ်း ဆီးတရားစွဲခံနေရတဲ့အမှုတွေကိုလည်း ရုပ်သိမ်းသွားဖို့ရှိတယ်လို့ ရခိုင်ပြည်နယ် စီမံအုပ်ရေးကောင်စီ က ပြောပါတယ်။
2021-05-31
စစ်ကိုင်းတိုင်း ကလေးမြို့နားက သာစည်ရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒီကနေ့မနက် ခြောက်နာရီအချိန် လောက်မှာ လူငယ်ကျောင်းသားတွေနဲ့ CDM မှာ ပါတဲ့ဝန်ထမ်းတွေကို ဝင်ဖမ်းလို့ ကလေးပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်က သုံးယောက် သေဆုံးတယ်လို့ သတင်းရရှိပါတယ်။
2021-05-31
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်-ကွတ်ခိုင်လမ်းမပေါ် နမ့်ဖတ်ကာကျေးရွာက စစ်ကောင်စီ ခလရ(၁၂၃)တပ်နဲ့ ရွာထဲက ကင်းပုန်းစခန်းတွေကို မြောက်ပိုင်း ညီနောင်သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့် MNDAA၊ ရက္ခိုင့်တပ်တော် AA နဲ့ တအာင်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ TNLA တပ်တွေက မေ ၃၁ ရက် ဒီမနက် တစ်နာရီလောက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
2021-05-31
စစ်အာဏာရှင်စနစ် ဖြုတ်ချရေး၊ စစ်ကျွန်ပညာသပိတ်မှောက်ရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီပေါ်ပေါက်ရေးအတွက် မေ ၃၁ ရက်၊ ဒီနေ့ နံနက်ပိုင်း လှည့်လည်ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
2021-05-31
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးကိစ္စတွေ ဆက်လက်ဆွေးနွေး နိုင်ဖို့ အပစ်ရပ်ကာလကို ဇွန်လ ၃၀ ရက်နေ့အထိ တစ်လထပ်တိုးတယ်လို့ အာဏာ သိမ်းစစ်ကောင်စီဘက်က မေလ ၃၀ ရက် မနေ့က ရက်စွဲနဲ့ သတင်းထုတ်ပြန်လိုက် ပါတယ်။
2021-05-30
ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူမြို့မှာ စနေနေ့ညပိုင်းက ဗုံး နှစ်လုံး ပေါက်ကွဲ ခဲ့တယ်လို့ ထိုင်းနိုင်ငံ ဘန်ကောက်ပို့စ်သတင်းမှာ မနေ့က ဖော်ပြထားပါတယ်။
2021-05-30
ဒေါ့ဖုန်းယန်အနီးက ပန်စွန်တောင်မှာ စစ်ကောင်စီရဲ့တပ်မ (၈၈) စကခ (၁၀) က စစ်ကြောင်းနဲ့ KIA တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်း (၁၉) တို့ ဒီကနေ့ နေ့လယ် (၂) နာရီလောက်မှာ ထိပ်တိုက် တွေ့ကာ တိုက်ပွဲဖြစ်တာလို့ ဒေါ့ဖုန်းယာန် မြို့ခံတစ်ဦးက RFA ကို အတည်ပြုပြောပါတယ် ။
2021-05-30
တိုက်ပွဲတွင်း စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးခဲ့ ပြီး PDF ဘက်က တစ်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
2021-05-30
ကမ္ဘာ့သတင်းမီဒီယာတွေမှာ ဖော်ပြနေတဲ့ မြန်မာနိုင်ငံရဲ့ လတ်တလော နိုင်ငံရေး၊ စစ်ရေး ဆိုင်ရာ အခြေအနေတွေကို RFA ဝိုင်းတော်သား ဦးသစ်ဆင်းက ကောက်နုတ်စုစည်းတင်ပြထားပါတယ်။
2021-05-30
ကယားပြည်နယ်ထဲမှာ ကရင်နီပြည်သူ့ကာကွယ်ရေးတပ် KPDF နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအကြား တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ဘေးဒုက္ခသည် ပြည်သူ ငါးသောင်းကျော်ရှိတယ်လို့ အကူအညီပေးသူတွေက ပြောပါတယ်။
2021-05-30
ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသရှိ နန့်မွန်းမြို့က စစ်ကောင်စီ လက်အောက်ခံ ရှမ်းနီပြည်သူ့စစ် စခန်းနဲ့ နန့်မွန်းတောင်ပေါ်က စစ်ကောင်စီရဲ့ ရှေ့တန်းတပ်စခန်း တွေကို ကချင်လွတ်မြောက်ရေး တပ်မတော် KIA က မေလ ၂၉ ရက်နေ့ မနေ့ညသန်းခေါင်ယံမှာ ဝင်ရောက်စီးနင်း ပစ်ခတ်ခဲ့တယ်လို့ နန့်မွန်းမြို့ ဒေသခံတွေက ပြောပါတယ်။