သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-05-24
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးမျိုးအောင်ရဲ့ အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေ ဦးသိန်းလှိုင်ထွန်းဟာ ဒီနေ့ နေပြည်တော် ရုံးချိန်းအပြီးမှာပဲစစ်ကောင်စီရဲ့ ဖမ်းဆီးတာခံလိုက်ရပါတယ်။
2021-05-24
ကယားပြည်နယ် လွိုင်ကော်မြို့ ကယန်းသာယာ(တောင်)ကျေးရွာ ခရစ်ယာန် ဘုရားကျောင်ပေါ်ကို မေလ ၂၄ ရက် ဒီနေ့မနက်အစောပိုင်း တစ်နာရီလောက်က လက်နက်ကြီးကျည်ကျရောက်လို့ ဘုရားကျောင်းထဲမှာ အရပ်သားလေးဦး သေဆုံးခဲ့သလို ရှစ်ဦးဒဏ်ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-05-24
အာဏာသိမ်း စစ်ကောင်စီက အခြေခံပညာ ကျောင်းသူ၊ ကျောင်းသားတွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဒီကနေ့ မေလ ၂၄ ရက်မှာ စတင်ကျောင်းအပ် လက်ခံလိုက်ပေမယ့်၊ ကျောင်းအပ်သူ အရေအတွက် ၁၀ရာခိုင်နှုန်း လောက်ပဲ ရှိတယ်လို့ “မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ အခြေခံပညာဆရာ၊ ဆရာမများ သမဂ္ဂအဖွဲ့ချုပ်” က ပြောပါတယ်။
2021-05-24
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့မှာ မတ် ၂၃ ရက်ညက မြန်မာ့စီးပွားရေးဘဏ် ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး စစ်တပ်က သေနတ်နဲ့ ပစ်ခတ်မှုကြောင့် ခရီးသွား ပြည်သူတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-05-24
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ကောင်စီဝင်းအတွင်း အထူးပြုလုပ်ထားတဲ့ တရားရုံးမှာ မေလ ၂၄ ရက် ဒီနေ့ လူကိုယ်တိုင် ပထမဆုံးအကြိမ် ရုံးထုတ်ပြီး ရှေ့နေတွေနဲ့ တွေ့ဆုံခွင့်ရခဲ့ပါတယ်။
2021-05-24
စစ်ကိုင်းတိုင်း ကလေးမြို့ အောင်ဇေယျရပ်ကွက် အမှတ် (၆) ကျောင်းအနီးမှာ မေ ၂၄ ရက် ဒီနေ့ မနက် ကိုးနာရီခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-05-24
နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)နဲ့ စစ်ကောင်စီက တရားစွဲ ခံထားရတဲ့ မန္တလေးမြို့ အခြေစိုက် Voice of Myanmar (VOM) သတင်းဌာန အယ်ဒီတာချုပ် ကိုနေမျိုးလင်းနဲ့ သတင်းထောက် ကိုရှိုင်းအောင်တို့ကို မေလ ၂၄ ရက် ဒီကနေ့ ချမ်းမြသာစည်မြို့နယ် တရားရုံးမှာ အွန်လိုင်းကနေ ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
2021-05-24
ဘုတလင်မြို့နယ် လေးမြေရွာ ကျောင်းသူ၊ ကျောင်းသားတွေနဲ့ ကျောင်းသားမိဘတွေက စစ်ကျွန်ပညာရေးစနစ် ဆန့်ကျင်ရေးသပိတ်နဲ့ မေ ၂၄ ရက် ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2021-05-24
ရှမ်းပြည်နယ် ကျောက်မဲမြို့ သပိတ်စစ်ကြောင်းဟာ မေ ၂၄ ရက် ဒီနေ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။
2021-05-23
ရန်ကုန်မြို့ ဗဟိုအမျိုးသမီးဆေးရုံ ဝန်ထမ်းအိမ်ရာက အာဏာဖီဆန်ရေးလှုပ်ရှား မှု(CDM)မှာပါဝင်တဲ့ ဆေးရုံ ဝန်ထမ်းတွေကို ဒီနေ့မနက်ကစပြီး အလုပ်ပြန်ဆင်းဖို့ စစ်တပ်နဲ့ရဲက မနေ့က လာရောက်ခြိမ်းခြောက် ပြောဆို သွားတဲ့အတွက် ဝန်ထမ်း အများအပြားဟာ အိမ်ယာတွေ ထဲကနေ ထွက်ခွာနေကြတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဝန်ထမ်း တစ်ဦးက RFA ကို ပြောပါတယ်။
2021-05-23
အမေရိကန် သမ္မတ အနေနဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG ကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် အမြန်ဆုံး အသိအမှတ်ပြုပေးဖို့ ဒီဆန္ဒပြပွဲကနေ စာရေးသားပေးပို့ တောင်းဆိုလိုက်ပါတယ်။
2021-05-23
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်မှာ ဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ဒီနေ့ နေ့လယ်ပိုင်းကစပြီး ညနေအထိ တိုက်ပွဲဖြစ်နေပါတယ်။
2021-05-23
မြန်မာပြည်သူတွေဟာ ဘဏ်တွေမှာ တိုကင်ယူဖို့နဲ့ အေတီအမ် ငွေထုတ်စက်တွေမှာ တန်းစီဖို့အတွက် ညမထွက်ရအမိန့် ထုတ်ထားတဲ့ ကာဖျူးအချိန်ကိုတောင် မမှုနိုင်ဘဲ အပြင်ထွက်နေကြရပါတယ်။ ဘဏ်ရှေ့မှာ ညလုံးပေါက် စောင့်အိပ်ပြီး ငွေထုတ်ရတာတွေလည်း ရှိနေပါတယ်။
2021-05-23
မြန်မာနိုင်ငံမှာ တယ်လီဖုန်းဆက်သွယ်ရေးကို စစ်တပ်က ထိန်းချုပ်ထားပြီး၊ ကြားဖြတ်နားထောင် အချက်အလက်ရယူတာတွေကို၊ စစ်အာဏာမသိမ်းခင် အတော်ကြာကြာကတည်းက စီစဉ်လုပ်ဆောင်နေကြောင်း သိရပါတယ်။
2021-05-23
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် မိုးဗြဲရဲစခန်းကို မေလ ၂၃ ရက် ဒီနေ့မနက် ၉ နာရီကျော်က မိုးဗြဲ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ PDF နဲ့ ဒေသခံ လက်နက်ကိုင်တိုင်းရင်းသားတပ်တွေ ပေါင်းပြီး တိုက်ခိုက်ခဲ့ပြီးနောက် မိုးဗြဲရဲစခန်းကို သိမ်းပိုက်လိုက်တယ်လို့ မိုးဗြဲ PDF က သတင်းထုတ်ပြန်ပါတယ်။