သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-05-23
ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို မေလ ၂၄ ရက်နေ့ မနက်ဖြန်မှာ ပထမဆုံးအကြိမ်အဖြစ် လူကိုယ်တိုင် ရုံးထုတ် စစ်ဆေးပါမယ်။
2021-05-23
ကချင်ပြည်နယ် ဖားကန့်မြို့ ထွေအုပ်ရုံးနဲ့ တရားရုံးကြားမှာ ဒီနေ့မနက် ၉ နာရီခွဲ ဝန်းကျင်က ဗုံးနှစ်လုံး ရှေ့ဆင့်နောက်ဆင့် ပေါက်ကွဲခဲ့တယ်လို့ ဖားကန့်မြို့ခံ တစ်ဦးက RFA ကို ပြောပါတယ်။
2021-05-23
စစ်ကိုင်းတိုင်း ကနီမြို့နယ် မျှိုင်းရွာအနား မေ ၂၂ ရက် မနေ့က ဒေသကာကွယ်ရေး တပ်တွေနဲ့ စစ်ကောင်စီတို့ရဲ့တိုက်ပွဲမှာ စစ်ကောင်စီဖက်က အယောက် ၆၀ လောက် သေဆုံးခဲ့တယ်လို့ အဲဒီတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက RFA ကို ပြောပါတယ်။
2021-05-23
မေလ ၂၃ရက် ဒီကနေ့ ရွှေပြည်သာ ဝန်ထမ်းပေါင်းစုသပိတ်က အလုပ်သမားများ သပိတ်မှောက် ဆန္ဒပြမြင်ကွင်း ဖြစ်ပါတယ်။
2021-05-23
မန္တလေးတပ်ပေါင်းစု သပိတ်စစ်ကြောင်းဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် မေ ၂၃ ရက် ဒီနေ့ လက်ဖက်ရည်ဆိုင်သပိတ်ဆင်နွှဲပြီး ဆန္ဒပြခဲ့ကြပါတယ်။
2021-05-23
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ လေးမြေရွာမှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးအတွက် ရွာသူ၊ ရွာသားတွေက ရေကန်တူးသပိတ်နဲ့ မေ ၂၃ ရက် ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2021-05-23
ရှမ်းပြည်နယ် တောင်ပိုင်း ဖယ်ခုံမြို့နယ် မိုးဗြဲရဲစခန်းကို မေလ ၂၃ ရက် ဒီနေ့မနက် ၉ နာရီခွဲခန့်က မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နဲ့ ပတ်ဝန်းကျင် ဒေသတွေက ပူးပေါင်းတပ်ဖွဲ့တို့ ဝိုင်းဝန်းတိုက် ခိုက်နေပါတယ်။
2021-05-22
မြန်မာနိုင်ငံမှာ စစ်တပ်က နောက်ဆုံးအကြိမ် အာဏာသိမ်းလိုက်ပြီးတဲ့နောက်၊ နိုင်ငံတွင်းမှာ R2P လို့ခေါ်တဲ့ ကုလသမဂ္ဂက ကြားဝင်ရတဲ့ အစီအစဉ်ကို မျှော်လင့်လာနေကြပါတယ်။
2021-05-22
စစ်တပ်က အာဏာသိမ်းယူပြီးနောက် နိုင်ငံတဝန်း သတ်ဖြတ်ခံရသူ ရှစ်ရာကျော်ခဲ့ပါပြီ။ ၂၀၂၁ နွေဦးတော်လှန်ရေးအတွင်း သားတစ်ယောက် ဆုံးရှုံးရတဲ့ မိခင်တစ်ယောက်ရဲ့ သောကပွေရတဲ့ အဖြစ်အပျက်ကို RFA သတင်းထောက် ခင်မိုးညိုက ရိုက်ကူး တင်ဆက်ထားပါတယ်။
2021-05-22
စစ်ကိုင်းတိုင်း ခန္တီးမြို့ကနေ (၃၃) မိုင် အကွာက ကျောက်စိမ်းသယံဇာတထွက်တဲ့ နမ့်စီဘွမ် ကျောက်စိမ်းမှော် ရွာအနီးမှာ စစ်ကောင်စီရဲ့ ရှေ့တန်း စစ်တပ်စခန်းတွေနဲ့ ရဲတပ်ရင်းစခန်းတွေကို မေလ ၂၂ ရက် ဒီကနေ့မနက် (၂) နာရီအချိန်လောက်မှာ ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ဝင်ရောက်တိုက်ခိုက်ပြီး တပ်စခန်းတချို့ကို သိမ်းကပိုက်ခဲ့တယ်လို့ နမ့်စီဘွမ်ရွာသားတွေက RFA ကိုပြောပါတယ်။
2021-05-22
ချင်းပြည်နယ် ကန်ပက်လက်မြို့က စစ်ကောင်စီတပ်သား ၁၂ ယောက်ဟာ စစ်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပူးပေါင်းပါဝင်လာကြောင်း ချင်းပြည် ပြည်သူ့ကာကွယ်ရေးအဖွဲ့ CDF က ထုတ်ပြန်ပါတယ်။
2021-05-22
ထားဝယ်မြို့မှာ လူငယ်တွေဟာ စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် မိုးသည်းတဲ့ကြားထဲက ဆိုင်ကယ်သပိတ်ပြုလုပ်ပြီး မေ ၂၂ ရက် ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2021-05-22
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ကမ္မမြို့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းဟာ မေ ၂၂ ရက် ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2021-05-22
စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ တောက်လျှောက် ပစ်ခတ်နေတာကြောင့် ဒီနေ့ တစ်ရက်တည်းမှာပဲ အနီးအနားက ရွာ ရှစ်ရွာကျော်က ဒေသခံ တစ်ထောင်ခန့် ရွာလုံးကျွတ် ထွက်ပြေးနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
2021-05-22
စစ်ကိုင်းတိုင်း ကလေးမြို့ တပ်ဦးသီတာရပ်ကွက်က ခရိုင်တရားရုံး မေလ ၂၂ ရက် ဒီနေ့မနက်ပိုင်းက မီးလောင်ခဲ့တယ်လို့ ကလေးခရိုင် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။