သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-05-21
ဒီတစ်ပတ်အစီအစဉ်မှာတော့ စစ်အာဏာရှင်ရဲ့အမိန့်မနာခံရေး CDM လှုပ်ရှားမှုမှာပါတဲ့ ဆရာ၊ ဆရာမတွေ သိန်းနဲ့ချီပြီး အလုပ်ကနေ ရပ်စဲခံထားရသလို၊ တပြိုင်နက်တည်းမှာပဲ စစ်အာဏာရှင်အောက်က ပညာရေးကို လက်မခံတဲ့အတွက် ကျောင်းမထားဘူးဆိုတဲ့ လှုပ်ရှားရေး ဆောင်ရွက်နေတဲ့အတွက် ကျောင်းသားတွေ ပညာရေးကို ဘယ်လိုသင်ပေးကြမလဲဆိုတဲ့အကြောင်း ဆွေးနွေးထားပါတယ်။
2021-05-21
ပြည်သူ့ပါတီက အထွေထွေအတွင်းရေးမှူး ဦးရဲနိုင်အောင်ဟာ စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲကော်မရှင် အစည်းအဝေးကို တက်ရောက်ဖို့ ပြီးခဲ့တဲ့ ၁၇ ရက်နေ့မှာ သူတို့ပါတီက ဆုံးဖြတ်ခဲ့တာကို သဘောမတူတဲ့အတွက် ပါတီက နုတ်ထွက်ခဲ့ပါတယ်။
2021-05-21
စစ်အာဏာရှင်ဖြုတ်ချရေးအတွက် ထားဝယ်မြို့က လူငယ်တွေဟာ ကမ်းနားဈေးမှာ မေလ ၂၁ ရက်က ဆန္ဒပြခဲ့သလို မန္တလေးမြို့မှာလည်း အင်ဂျင်နီယာများအဖွဲ့ သပိတ်စစ်ကြာင်း၊ ဗကသများအဖွဲ့ချုပ်နဲ့ မဟာမိတ်သပိတ်ကြောင်းများကလည်း စစ်အာဏာရှင်ဆန့်ကျင်ကြောင်း နေ့စဉ်မပျက် ချီတက်ဆန္ဒပြခဲ့ပါတယ်။
2021-05-21
ချင်းပြည်နယ် မင်းတပ်မြို့မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ အရပ်သားတွေနဲ့ အများပြည်သူပိုင် အဆောက်အအုံတွေကို မထိခိုက်အောင် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ဖို့၊ တိုက်ခိုက်သူတွေနဲ့ အရပ်သားတွေအကြား ပစ်မှတ်ခွဲခြားဖို့၊ အင်အား အလွန်အကျွံမသုံးဖို့နဲ့ အရပ်သားတွေကို ကာကွယ်စောင့်ရှောက်ဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးက ဒီနေ့ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
2021-05-21
ကရင်နီပြည်နယ် (ကယား) ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာအတွင်း စစ်ကောင်စီတပ်တွေ ဒီမနက်က ဝင်ရောက်လာပြီး လူထုကာကွယ်ရေးအဖွဲ့တွေနဲ့ ပစ်ခတ်မှုတွေရှိနေတယ်လို့ လူထုကာကွယ်ရေးအဖွဲ့မှာ ပါဝင်သူတွေက ပြောပါတယ်။
2021-05-21
လက်ရှိမြန်မာနိုင်ငံရေး အကျပ်အတည်း ပြဿနာနဲ့ပတ်သက်ပြီး ငြိမ်းချမ်းစွာ တွေ့ဆုံညှိနှိုင်းပြီး အဖြေရှာကြဖို့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS တပ်က ဒီနေ့ပြောလိုက်ပါတယ်။
2021-05-21
ရခိုင်မြောက်ပိုင်းမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့အကြား နှစ်ဘက် တိုက်ပွဲတွေ ရပ်စဲနေတာ အချိန် ၇ လနီးပါး ကြာမြင့်လာခဲ့ပြီဖြစ်ပေမယ့် စစ်ဘေး ဒုက္ခသည်တွေကတော့ နေရပ်ပြန်ဖို့ ခက်ခဲနေဆဲဖြစ်သလို နှစ်ဘက်လုံးရဲ့ စစ်အင် အားကလည်း အရင်အတိုင်းရှိနေဆဲပဲလို့ ဒေသခံတွေက ပြောကြပါတယ်။
2021-05-21
ချင်းပြည်နယ် ဖလမ်းမြို့နယ်မှာ ဒီနေ့ မေလ ၂၁ ရက်နေ့ မနက် ၈ နာရီအချိန် လောက်က ချင်းအမျိုးသားအဖွဲ့ချုပ် CNO/CNDF နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ရာမှာ စစ်တပ်ဘက်က ဗိုလ်ကြီးအဆင့်တစ်ဦး အပါအဝင် ခြောက်ဦး သေဆုံးခဲ့တယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ် CNO/CNDF က ပြောပါတယ်။
2021-05-21
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်က စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွေကို ဦးဆောင်ပြီး လှုပ်ရှားခဲ့ကြတဲ့ မဆိုင်းနူးပန်နဲ့ ကိုလွမ်းဇောင်း တို့ နှစ်ဦးဟာ ဒီနေ့ နေ့လယ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးမှုကိုခံလိုက်ရပါတယ်။
2021-05-21
၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေလုပ်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို ဖျက်သိမ်းပြီး၊ ပါတီခေါင်းဆောင်တွေကို နိုင်ငံတော်သစ္စာဖောက်တွေအဖြစ် စစ်ဆေးဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက ဒီကနေ့ မေလ ၂၁ ရက် အစည်းအဝေးကနေ ပြောလိုက်ပါတယ်။
2021-05-21
မေလ ၂၁ရက်ဒီကနေ့ ရှမ်းပြည်နယ် နမ့်ခမ်းမြို့မှာ စစ်ပြေးရှောင်အတွက် လှူခံခြင်းနှင့် ကြွေးကြော်သံသပိတ် ပြုလုပ်ခဲ့ကြပါတယ်။
2021-05-21
မေလ ၂၁ရက်ဒီကနေ့ မကွေးတိုင်း ပခုက္ကူခရိုင်၊ ကမ္မမြို့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်စစ်ကြောင်း ချီတက် ဆန္ဒပြခဲ့ကြပါတယ်။
2021-05-20
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ဟာ ရွှေထွက်တဲ့အတွက် အနယ်နယ်အရပ်ရပ်က လူစုံလာရောက်တဲ့ နေရာဖြစ်ပြီး အရင်ကဖွင့်ခွင့်မရှိတဲ့ လောင်းကစားဝိုင်းတွေ ခု ဖွင့်ထားပါတယ်။
2021-05-20
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်၊ စစ်တပ်က အာဏာသိမ်းခဲ့ပြီးချိန်ကစပြီး၊ စစ်အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုတွေအတွင်း သေဆုံးသူ အခုထိ ၈၀၅ ဦး ရှိသွားခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အင်္ဂါနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
2021-05-20
မကွေးတိုင်း တောင်တွင်းကြီးမြို့နယ် စည်သာကြီးကျေးရွာက ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးခင်မောင်ကြည် ကို တောတွင်း ပုန်းအောင်းနေရာကနေ စစ်တပ်က ရှာဖွေတွေ့ရှိပြီး ဖမ်းဆီးရိုက်နှက်လို့ မေလ ၁၉ ရက်နေ့က သေဆုံးသွားခဲ့ပြီး မနေ့ ညနေက သဂြိုဟ်ခဲ့ပါတယ်။ သူ့ဖခင်ကို ပြင်းပြင်းထန်ထန်နှိပ်စက်ခဲ့တယ်လို့ သိရကြောင်း သမီးဖြစ်သူက RFA ကို ပြောပါတယ်။