သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-05-30
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး မေ ၃၀ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။
2021-05-30
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့၊ မကြားရွာနားမှာ စစ်ကောင်စီတပ်တွေနဲ့ ချင်းပြည်သူ့ကာကွယ်ရေးတပ် (CDF) တို့ရဲ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က ခြောက်ယောက် သေဆုံးပြီး ဒဏ်ရာရတာတွေရှိတယ်လို့ အဲဒီတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်နေတဲ့ CDF တပ်ဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။
2021-05-29
စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေအကြား ဖြစ်ပွားတဲ့ ပဋိပက္ခတွေကြောင့် နေအိမ်စွန့်ခွာထွက်ပြေးရသူ တစ်သိန်းနှစ်သောင်းကျော်အထိ ရှိသွားပြီလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က သောကြာနေ့က သတင်းထုတ်ပြန် လိုက်ပါတယ်။
2021-05-29
အခုနှစ် မိုးစပါးစိုက်မယ့်ရာသီမှာ မြေဩဇာဈေး နှစ်ဆနီးပါး မြင့်တက်နေပြီး၊ ဒီဇယ်ဈေးနှုန်းတွေလည်း မြင့်တက်နေတဲ့အတွက် စိုက်ပျိုးစရိတ် အဆမတန် များပြားနေပြီး လယ်သမားတွေ အရှုံးပေါ်ဖို့ များနေပါတယ်။
2021-05-29
သူတို့ ၁၄ ယောက်စလုံးကို ဘယ်ကိုဖမ်းသွားလဲဆိုတာ ခုထိမသိရ သေးဘူးလို့ ဆိုပါတယ်။ ဖမ်းဆီးခံရတဲ့သူတွေဟာ ထားဝယ်တက္ကသိုလ်နဲ့ နည်းပညာ တက္ကသိုလ်က ကျောင်းသားတွေ၊ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်မှာ ဦးဆောင်ပါဝင်နေသူတွေ ဖြစ်ပါတယ်။
2021-05-29
ချင်းပြည်နယ် ကန်ပက်လက်မြို့မှာ စစ်ကောင်စီတပ်တွေ နဲ့ ဒေသကာကွယ်ရေးတပ် CDF တွေ မေ ၂၈ ရက် မနေ့ကတည်းက တိုက်ပွဲဖြစ်နေတာ ဒီနေ့ညနေပိုင်းအထိ တိုက်ပွဲပြင်းထန်နေပါတယ်။
2021-05-29
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး မေ ၂၉ ရက် ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2021-05-29
မကွေးတိုင်း ဂန့်ဂေါမြို့နယ်ထဲက ရဲလှနဲ့ မွေ့လယ်ကျေးရွာကြားမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခုခံကာကွယ် ရေးတပ်ဖွဲ့ PDF တို့ မေလ ၂၈ ရက် မနေ့က နေ့လယ်ပိုင်းက တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။
2021-05-29
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ မင်းကန်ကြီးရွာမှာ စစ်အာဏာရှင်ကျရှုံးရေးနဲ့ စစ်ကျွန်ပညာရေးစနစ် အလိုမရှိကြောင်း မေ ၂၉ ရက် ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2021-05-29
အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနကို ထိုင်းနိုင်ငံရောက် နေပါလီဂေါ်ရခါးအဖွဲ့ချုပ် (ဘန်ကောက်)က ထိုင်းဘတ်ငွေ သုံးသိန်း (၃၀၀,၀၀၀) လှူဒါန်းခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နေပါလီဂေါ်ရခါးအဖွဲ့ချုပ်ရဲ့ တာဝန်ရှိသူတစ်ဦးက RFAကို ပြောပါတယ်။
2021-05-29
စစ်ကိုင်းတိုင်း ခင်ဦးမြို့ ကံသစ်ကျေးရွာအုပ်စု နှောကုန်းကျေးရွာမှာ စစ်ကောင်စီ ကခန့်ထားတဲ့ ကျေးရွာတာဝန်ခံ ဦးကျော်စိန်ဝင်းနဲ့ စစ်ကောင်စီသတင်းပေး ဦးအောင်တင့်တို့ နှစ်ဦး ဓားဒဏ်ရာတွေနဲ့ အသတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-05-29
ကချင်ပြည်နယ် ပူတာအိုမြို့နယ် လုံရှာရန်ကျေးရွာအုပ်စု ဖက်မာ (Hpak Ma) ကျေးရွာအနီးမှာ စစ်ကောင် စီယာဉ်တန်းကို ဒီနေ့မနက် (၈) နာရီဝန်းကျင်ခန့်က ကချင်လွတ်မြောင်ရေး တပ်မတော် KIA တပ်မဟာ (၁) က ကြားဖြတ်ချုံခိုတိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဖက်မာကျေးရွာ ဒေသခံတစ်ဦးက RFA ကို အတည်ပြုပြောပါတယ်။
2021-05-28
ဒီတပတ်အစီအစဉ်မှာတော့ “နွေဦးတော်လှန်ရေး ကာလမှာ ပြည်သူ့ကျန်းမာရေး ဘယ်လိုဆောင်ရွက် ကြမလဲ” ဆိုတဲ့အကြောင်း ဆွေးနွေးတင်ပြထား ပါတယ်။
2021-05-28
မြန်မာစစ်တပ်ကို လက်နက်ရောင်းချမှု ပိတ်ပင်ဖို့ ကုလသမဂ္ဂက ကြိုးပမ်းအားထုတ်နေတာကို ရပ်တန့်ဖို့ အာဆီယံနိုင်ငံတွေက စာရေးသား တောင်းဆိုခဲ့တဲ့အကြောင်း အဲဒီစာကိုဖတ်ခဲ့ရတဲ့ ဥရောပသံတမန်တစ်ဦးက RFA နဲ့ ညီနောင်သတင်းဌာနဖြစ်တဲ့ BenarNews ကို ပြောပြခဲ့တာပါ။
2021-05-28
ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးထားတဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အပါအဝင် မန္တလေးတိုင်း အစိုးရအဖွဲ့ဝင်တွေကို အခုအချိန်အထိ မိသားစုဝင်တွေနဲ့ တွေ့ခွင့်မပေးတဲ့အတွက် သက်ဆိုင်ရာမိသားစုဝင်တွေ စုပေါင်း လက်မှတ်ထိုးပြီး မေတ္တာရပ်ခံတဲ့စာတစောင်ကို အာဏာသိမ်းစစ်ကောင်စီထံ မနေ့က ပေးပို့လိုက်ပါတယ်။