သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-05-14
ရန်ကုန်မြို့ လှိုင်မြို့နယ်မှာ ဆေးကျောင်းသား၊ ဆရာဝန်၊ သူနာပြု၊ တိမွေးကု၊ သွားဆရာဝန်၊ ဆေးဝါးပညာရှင်၊ ဆေးဘက်ဆိုင်ရာ နည်းပညာရှင်များ ပါဝင်တဲ့ မြို့နယ်ပေါင်းစုံက ဆေးပညာရှင်အဖွဲ့ရဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆေးသပိတ်ဟာ မေလ ၁၄ ရက်နေ့ ဒီကနေ့ မနက်က ချီတက် ဆန္ဒပြကြပါတယ်။
2021-05-13
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်အတွင်းမှာ မေလ ၁၀ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီက စစ်ကားကို နယ်မြေခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မဟာမြိုင် မယ်တော်ကြီးကွေ့ မှာ လက်လုပ်မိုင်းခွဲ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က သုံးဦးသေဆုံးပါတယ်။
2021-05-13
စစ်တပ်က အာဏာသိမ်းခဲ့ပြီးတဲ့နောက် ပေါ်ပေါက်လာတဲ့ ဆန္ဒပြပွဲတွေနဲ့ ဆန္ဒပြပြည်သူတွေကို စစ်ကောင်စီလက်နက်ကိုင်တွေက အကြမ်းဖက် ရက်ရက်စက်စက် နှိမ်နှင်းလာတဲ့အခါ ပြည်သူတွေဟာ ရရာလက်နက်ကိုင်စွဲပြီး ခုခံတော်လှန်နေကြပါပြီ။
2021-05-13
စစ်ကောင်စီက သူတို့အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အတွက် တာဝန်က ယာယီ ရပ်ဆိုင်းတဲ့ CDM အခြေခံပညာ ဆရာ ဆရာမ စာရင်းတွေကို မနေ့က စပြီး ထုတ်ပြန်နေပါတယ်။ အဲဒီစာရင်းအရ တပြည်လုံးမှာ အခြေခံ ဆရာ ဆရာမ တစ်သိန်းကျော်ကို ယာယီရပ်ဆိုင်း တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပေမယ့် အမှန်တကယ် CDM ဝင်နေတဲ့ အရေအတွက်က အဲဒီ ထုတ်ပြန်ဦးရေထက် အများကြီးပိုပါတယ်လို့ ဆရာ ဆရာမတွေက ပြောပါတယ်။
2021-05-13
စစ်အာဏာသိမ်းပြီးနောက် စစ်တပ်ထုတ်ကုန်တခုဖြစ်တဲ့ မြန်မာဘီယာရောင်းအား ၄၆ ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ မေလ ၁၂ ရက်နေ့က ထုတ်ပြန်တဲ့ ဂျပန်အဖျော်ယမကာ ကုမ္ပဏီ Kirin ရဲ့ ၂၀၂၁ ခုနှစ် ပထမလေးလပတ် ဘဏ္ဍာရေးရလဒ်မှာ ဖော်ပြထားပါတယ်။
2021-05-13
မန္တလေးမြို့က နာမည်ကျော် မြို့မတူရိယာအသင်းဟာ စစ်ကောင်စီရဲ့ ခြိမ်းခြောက်မှုကို မလွန်ဆန်နိုင်လို့ စစ်တပ်အတွင်းက ခန်းမတခုဖွင့်ပွဲအတွက် ဖျော်ဖြေဖို့ လက်ခံခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြို့မအသင်းနဲ့ နီးစပ်သူတဦးက RFA ကို အတည်ပြုချက်ပေးပါတယ်။
2021-05-13
ချင်းပြည်နယ် မင်းတပ်မြို့ကို စစ်အုပ်ချုပ်ရေးဒေသအဖြစ် မေလ ၁၃ ရက်နေ့မှာ စစ်ကောင်စီက အမိန့်ထုတ် ကြေညာလိုက်ပါတယ်။ မင်းတပ်မြို့မှာ စစ်အုပ်ချုပ်ရေး ကျင့်သုံးဖို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်၊ တိုင်းမှူးကို တာဝန်ပေးအပ်လိုက်ကြောင်းလည်း စစ်ကောင်စီ အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေးရဲ့ အမိန့်စာမှာ ပါရှိပါတယ်။
2021-05-13
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့မှာ စစ်ကောင်စီနဲ့ မင်းတပ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ CDF တို့အကြား မနေ့က မေလ ၁၂ ရက်နေ့ ညပိုင်းကနေ ဒီနေ့မေလ ၁၃ ရက်နေ့ ညနေ ၄ နာရီဝန်းကျင် RFA က ဆက်သွယ် မေးမြန်းချိန်အထိ ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်နေပြီး CDF အဖွဲ့ဘက်က တစ်ဦးကျဆုံးပြီး ခုနစ်ဦးခန့်ဒဏ်ရာ ရရှိထားတယ်လို့ မင်းတပ်ပြည်သူ့ကာကွယ်ရေး အဖွဲ့ CDF အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
2021-05-13
စစ်အာဏာရှင်စစ်ကျင်ရေး ဆန္ဒပြမှုတွေ နေ့စဉ်ဆိုသလိုရှိနေတဲ့ ထားဝယ်မြို့မှာ ဒီနေ့ မေလ ၁၃ မှာလည်း တပ်ပေါင်းစုသပိတ်စစ်ကြောင်းနဲ့ အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော် ဆန္ဒပြခဲ့ကြပါတယ်။
2021-05-13
မန္တလေးတိုင်းက တလုပ်မြို့ကျေးရွာမှာ မနေ့က အမျိုးသမီး တစ်ဦးပါအဝင် လူငယ်ကျောင်းသား ခြောက်ဦး သေနတ်ဒဏ်ရာနဲ့ အဖမ်းခံခဲ့ရတဲ့အထဲက မြင်းခြံနည်းပညာကောလိပ်ရဲ့ ဗကသများအဖွဲ့ချုပ်အဖွဲ့ဝင် ပထမနှစ် ကျောင်းသား ကိုဇင်ကိုထွန်းဟာ ဆေးကုသခွင့်မရပဲ ရိုက်နှက်စစ်ဆေးခံရတာကြောင့် စစ်ကြောရေးမှာပဲ သေဆုံး သွားပါတယ်။ ဒီနေ့မနက်ကလည်း ချောင်းဦးက Gen Z လူငယ်တွေရဲ့နေရာကို စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပြီး လူငယ် တစ်ဦး ဖမ်းဆီးခံခဲ့ရပါတယ်။
2021-05-13
မန္တလေးမြို့ မှာ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲတွေကို ဖမ်းဆီးဖြိုခွင်းတာတွေ ရှိပေမယ့်လည်း မေ ၁၃ ရက်၊ ဒီနေ့ မနက်ခင်းမှာ တကသ ကျောင်းသားတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် ပြောက်ကျားသပိတ် ပြုလုပ်ပြီး အောင်မြင်စွာ လူစုခွဲနိုင်ခဲ့ကြပါတယ်။
2021-05-13
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ပတ်သက်လို့ ဆန္ဒပြတာတွေ၊ ပဋိပက္ခတွေ မရှိပေမယ့် အာဏာသိမ်းမှုရဲ့ ဂယက်ကြောင့် ကုန်ဈေးနှုန်းတွေ မြင့်တက် လာနေသလို စီးပွားရေးကဏ္ဍမှာလည်း ၈၀ ရာခိုင်နှုန်းလောက်အထိ ကျဆင်း သွားတယ်လို့ ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။
2021-05-13
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ အာမခံလျှောက်ထားမှုကို မန္တလေးခရိုင် တရားရုံးမှာ လာမယ့် မေလ၂၄ ရက်နေ့မှာ နှစ်ဖက် လျှောက်လဲ ချက်တင်ပြီး မေလ ၃၁ ရက်နေ့မှာ အပြီးသတ်အမိန့်ချမယ်လို့ အမည်မဖော်လိုတဲ့ တိုင်းအဆင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
2021-05-13
စစ်တပ်က အာဏာသိမ်းပြီး ရက်ပေါင်း ၁၀၀ ကျော်အတွင်းမှာ စစ်ဘေးရှောင် မိခင်နဲ့ကလေး နှစ်သိန်းရှစ်သောင်းနီးပါးဟာ ငွေကြေးထောက်ပံ့ဖို့ ခက်ခဲတာကြောင့် စားဝတ်နေရေး အခက်တွေ့နေပြီး၊ ကလေး ၁၂ သန်းနီးပါးကလည်း ပညာသင်ခွင့်တစ်နှစ် ထပ်မံဆုံးရှုံးမယ့် အနေအထားရှိနေတယ်လို့ ကုလသမဂ္ဂ နိုင်ငံတကာကလေးများ အရေးပေါ်ရန်ပုံငွေအဖွဲ့ UNICEF က ပြောကြားလိုက်ပါတယ်။
2021-05-13
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့မှာ အမျိုးသားညီညွှတ်ရေးအစိုးရအဖွဲ့ (NUG) ကို ထောက်ခံကြောင်းနဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုကို မင်းဘူး GZ များ စုပေါင်းပြီး မေ ၁၃ရက်နေ့ ဒီနေ့ မနက်ပိုင်းမှာ ပြောက်ကျားသပိတ် ပြုလုပ်ခဲ့ကြပါတယ်။