သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-05-13
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ထဲက တလုပ်မြို့ကျေးရွာမှာ မေလ ၁၂ ရက် မနေ့က စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်ရင်း သေနတ်ဒဏ်ရာနဲ့ အဖမ်းခံခဲ့ရတဲ့ မြင်းခြံနည်းပညာကောလိပ်ရဲ့ ဗကသများအဖွဲ့ချုပ် အဖွဲ့ဝင် ပထမနှစ်ကျောင်းသား ကိုဇင်ကိုထွန်း စစ်ကြောရေးမှာပဲ သေဆုံးသွားပါတယ်။
2021-05-13
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD )ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါ်နီနီမေမြင့်နဲ့ ပါတီရဲ့ မြို့နယ်လူငယ်တာဝန်ခံ ဒေါ်ချစ်ချစ်ချောတို့ဟာ မနေ့ညက ရန်ကုန်မြို့မှာ ဖမ်းဆီးခံလိုက်ရပါတယ်။
2021-05-12
မြန်မာနိုင်ငံမှာ လက်ရှိအာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင်တွေဟာ ရိုဟင်ဂျာ မွတ်စလင်တွေနဲ့ အခြားလူနည်းစုတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အတွက် တာဝန်ရှိသူတွေ ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တီနို ဘလင်ကင်က ဒီအစီရင်ခံစာ ထုတ်ပြန်တဲ့ အခမ်းအနားမှာ ပြောလိုက်ပါတယ်။
2021-05-12
လတ်တလောကာလအတွင်း ပျူစောထီးအဖွဲ့ဆိုပြီး ပြည်သူတွေကို အရပ်ဝတ်နဲ့ လိုက်လံဖမ်းဆီးနေတဲ့ လက်နက်ကိုင်အဖွဲ့တခု ပေါ်ပေါက်လာခဲ့ပါတယ်။ အဲဒီ အဖွဲ့မှာ တပ်မတော်အငြိမ်းစားတွေ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်တွေ၊ အရင် မဘသ အဖွဲ့ဝင်တွေနဲ့ ရပ်ကွက်ထဲက ဒလန်သူလျှိုတွေ ပါဝင်တယ်လို့ သတင်းထွက်ပါတယ်။ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကလည်း သူတို့ကို ဦးစားပေး ရှင်းလင်းသုတ်သင်မယ်လို့ ပြောပါတယ်။
2021-05-12
ထိုင်းနိုင်ငံမှာ အဖမ်းခံရတဲ့ ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) သတင်းဌာနက သတင်းထောက် သုံးဦးကို မြန်မာနိုင်ငံကို ပြန်မပို့ဖို့ နယ်စည်းမခြား သတင်း သမားများအဖွဲ့ (RSF) က ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာကို မေလ ၁၂ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။
2021-05-12
ထိုင်းနိုင်ငံကို အလုပ်လုပ်ဖို့ ထိုင်း-မြန်မာနယ်စပ်ကနေ မေလ ၁၁နဲ့ ၁၂ရက်တွေက တရားမဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၃၅ဦး ထိုင်းအာဏာပိုင်တွေရဲ့ ဖမ်းဆီးတာကို ခံခဲ့ရပါတယ်။
2021-05-12
ကယားပြည်နယ် လွိုင်ကော်မြို့မှာ မေလ ၁၂ ရက် ညနေပိုင်းက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို စစ်ကောင်စီတပ်တွေက ပစ်ခတ်ဖြိုခွဲပြီး အမျိုး သမီးတွေနဲ့ ကလေးငယ်တွေကို ခေါ်ဆောင်သွားတယ်လို့ သပိတ်ဦးဆောင်သူတစ်ဦး က RFA ကို ပြောပါတယ်။
2021-05-12
ချင်းပြည်နယ် မင်းတပ်မြို့မှာ စစ်ကောင်စီတပ်နဲ့ ချင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (CDF) တို့အကြား ဒီကနေ့ ညပိုင်းထိ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ဒေသခံ CDF အဖွဲ့ဝင်တွေက RFA ကို ပြောပါတယ်။
2021-05-12
ချင်းပြည်နယ်မြောက်ပိုင်း ဟားခါးမြို့မှာ စစ်တပ်က အချိန် ၃ ရက်ကြာ ဖမ်းဆီး ထားစဉ် မနေ့က သေဆုံးခဲ့ရတဲ့ မြို့ခံတစ်ဦးဖြစ်သူ အသက် ၅၇ နှစ်အရွယ် ဦးတလဲရ်လိန်းရဲ့ ရုပ်အလောင်းကို မိသားစုလက်ထဲကို မအပ်ဘဲ စစ်တပ်ကပဲ မီးသင်္ဂြိုဟ်လိုက်တယ်လို့ မြို့ခံတွေက ပြောပါတယ်။
2021-05-12
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဒီနေ့ ကိုဗစ်ပိုးတွေ့လူနာ လေးဦး စတင်တွေ့ရတယ်လို့ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက လက်ထောက်ညွှန်ကြားရေမှူး ဒေါက်တာ စိုးဝင်းပိုင်က RFA ကို အတည်ပြုပြောဆိုပါတယ်။
2021-05-12
စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ပုဂ္ဂလိကဘဏ်တွေဟာ ပုံမှန်အတိုင်း လုပ်ငန်း မလည်ပတ်နိုင်တော့လို့ ပြည်သူတွေဟာ ငွေထုတ်ရာမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။
2021-05-12
စစ်အာဏာသိမ်းမှု နောက်ဆက်တွဲဂယက်အနေနဲ့ ဗဟိုဘဏ်နဲ့ ပုဂ္ဂလိကဘဏ်တွေ မှာ ငွေသွင်းသူနည်းပြီး ထုတ်ယူသူသာ ပိုများလာတာကြောင့် လက်ရှိမြန်မာနိုင်ငံမှာ ပြည်သူလူထုတစ်ရပ်လုံး ဘဏ်လုပ်ငန်းနဲ့ ငွေသွင်း၊ ငွေထုတ် ပြဿနာကို အကြီးအကျယ် ရင်ဆိုင်နေရပါတယ်။
2021-05-12
မန္တလေးမြို့အခြေစိုက် VOM ( Voice Of Myanmar) သတင်းဌာနက အယ်ဒီတာချုပ် ကိုနေမျိုးလင်းနဲ့ သတင်းထောက် ကိုရှိုင်းအောင်တို့ကို တပ်မတော်ကို အကြည်ညို ပျက်စေမှု ရာဇသတ်ကြီးပုဒ်မ - ၅၀၅ (က) နဲ့ ချမ်းမြသာစည်မြို့နယ် တရားရုံးမှာ ဒီကနေ့ ရုံးထုတ်ရမန်ယူခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
2021-05-12
မန္တလေးမြို့ ၇၁ လမ်း ၁၁၈ လမ်းမှာ မေ ၁၂ ရက်၊ ဒီနေ့မနက်က စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြနေတဲ့ မဟာမိတ်တပ်ပေါင်းစုသပိတ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အရပ်ဝတ်တွေနဲ့ လာရောက်ဖြိုခွင်းခဲ့ပြီး ဖမ်းဆီးခဲ့ပါတယ်။
2021-05-12
တနင်္သာရီတိုင်း၊ ထားဝယ်မြို့က စစ်အာဏာရှင်ဆန့်ကျင်တဲ့ လူငယ်တွေဟာ မေ ၁၂ ရက်၊ ဒီနေ့ မနက်မှာ စျေးများအတွင်းလှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။