သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-05-12
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မြောက်ဘက် ၇ မိုင်အကွာက တလုပ်မြို့ရွာမှာ မေလ ၁၂ ရက် ဒီကနေ့ မနက်အစော ၄ နာရီကျော်လောက်က စတင်ပြီး စစ်ကောင်စီတပ်နဲ့ ကျေးရွာပြည်သူ့လုံခြုံရေး အဖွဲ့တွေ တိုက်ပွဲဆက်လက်ဖြစ်ပွား ခဲ့ပြီးနောက် ဒေသခံ ကလေးတွေနဲ့ အမျိုးသမီးတွေ အပါအဝင် စုစုပေါင်း ၂၀၀ လောက် အဖမ်းခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-05-12
ဘုတလင်မြို့နယ် ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းဟာ မေလ ၁၂ ရက် ဒီနေ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။
2021-05-11
မြန်မာနိုင်ငံအတွင်း လူမှုကူညီရေး စေတနာ့ဝန်ထမ်း လုပ်ကိုင်နေကြတဲ့ အဖွဲ့ အစည်းတွေဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လွတ်လွတ်လပ်လပ်ကူညီခွင့်တွေ မရတော့ဘဲ တရားမဝင် မြေအောက်အဖွဲ့အစည်းတွေလို လှုပ်ရှားနေကြရပါတယ်။ စားဝတ်နေရေးခက်ခဲလာသူတွေကို ကူညီကြတဲ့သူတွေလည်း ဖမ်းဝရမ်းထုတ်ခံရတာ၊ ကူညီမှုတွေ လုပ်ခွင့်မပေး တာတွေ ကြုံနေရပါတယ်။
2021-05-11
နေပြည်တော်ရှိ ဆောက်လုပ်ရေးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်က တပ်သား မျိုးမင်းထွန်းနဲ့ တပ်သား ဖြိုးဝေဦး တို့ ၂ ယောက်ဟာ စစ်ကောင်စီကို ဆန့်ကျင်စွန့်ခွာပြီး ရှမ်းပြည်မြောက်ပိုင်းလွတ်မြောက်နယ်မြေ တနေရာကို ရောက်ရှိနေပါတယ်။
2021-05-11
စစ်ကောင်စီတပ်တွေနဲ့ ဒေသခံတွေ အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီးနောက် ကနီမြို့နယ်အတွင်း လက်နက်ရှိနိုင်တယ်လို့ ယူဆတဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်က အကြမ်းဖက်စီးနင်း ရှာဖွေခဲ့ပါတယ်။ အခုချိန်အထိ ကနီမြို့နယ်အတွင်းမှာ ထွက်ပြေးတိမ်းရှောင်နေရသူ သုံးထောင်ကျော် ရှိနေပါတယ်။
2021-05-11
မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းတာကို အလိုမရှိကြောင်း သတ်ဖြတ်တာတွေ ချက်ခြင်းရပ်ဖို့ ထိုင်ဝမ်နိုင်ငံ တိုင်ပေမြို့တော်၊ မြန်မာလမ်းမှာ ကြွေးကြော်နေ ကြပါတယ်။ သတ်ဖြတ်တာတွေ ချက်ခြင်းရပ်၊ ဆိုတဲ့ အသံတွေ ညံနေပါတယ်။ အမိမြေက နွေဦးတော်လှန်ရေးကို ထိုင်ဝမ်ရောက် မြန်မာတွေ ပါဝင်နေကြတာပါ။
2021-05-11
ပဲခူးတိုင်း၊ ပြည်မြို့ ကုတင် ၅၀၀ ပြည်သူ့ဆေးရုံရှေ့ ယာဉ်ထိန်းရဲကင်းစခန်းမှာ ဒီနေ့ည ၇ နာရီကျော်က ဗုံးပေါက်ကွဲဖြစ်ခဲ့ပြီး ကင်းစောင့်နေတဲ့ တပ်သား အနည်းဆုံး ခုနစ်ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2021-05-11
"ဒီတိုင်းပြည်အခြေအနေက ပြည်တွင်းစစ်ဖြစ်ဖို့ အလားအလာနဲ့ ကျဆုံးနိုင်ငံဖြစ်မယ့် အခြေအနေကို ဦးတည် နေပါတယ်။ မကြာခင် ကာလအတွင်းမှာ တိုက်ပွဲတွေ ပိုပြင်းထန်လာမယ်၊ လုပ်ငန်းတွေ ရပ်ဆိုင်းသွားမယ်၊ တိုင်းပြည်က ပျက်လုနီးနီး ရောက်နေပါပြီ"
2021-05-11
ဖေဖေါ်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းချိန်ကနေ အခုချိန်ထိ သုံးလကျော် အတွင်းမှာ၊ ငြိမ်းချမ်းစွာ ဆန္ဒပြသူ အနည်းဆုံး ၇၈၁ ဦး သတ်ဖြတ်ခံရပြီး၊ သူတို့ အထဲက အများစုဟာ အမျိုးသမီးနဲ့ ကလေးတွေဖြစ်ကြောင်း ကုလသမဂ္ဂလူ့အခွင့် အရေးရုံး UNOHCHR က မေလ ၁၀ ရက် မနေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။
2021-05-11
ဖေဖေါ်ဝါရီ ၁ ရက်ကနေ ပြီးခဲ့တဲ့ဧပြီလကုန်ထိ သုံးလအတွင်းမှာ ပညာရေးနဲ့ သက်ဆိုင်တဲ့ ကျောင်းသူ ကျောင်းသားနဲ့ ဆရာဆရာမ စုစုပေါင်း လူ ၇၀ ခန့် အသတ်ခံခဲ့ရကြောင်း “ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဥ်ကျေးမှုအဖွဲ့” UNESCO က ဒီကနေ့ မေလ ၁၁ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
2021-05-11
စစ်အာဏာရှင်ကို ကဗျာတွေနဲ့ တော်လှန်ခဲ့သလို နွေဦးတော်လှန်ရေးသပိတ် တပ်ဦးတွေမှာ ရှေ့တန်းက ပါဝင်ခေါင်းဆောင်ခဲ့တဲ့ စစ်ကိုင်းတိုင်း ပုလဲမြို့က ဦးဇော်ထွန်း လို့ခေါ်တဲ့ ကဗျာဆရာ ခက်သီ ဟာ အဖမ်းခံရပြီး ၂၄ နာရီမပြည့်ခင် စစ်ကောင်စီတွေရဲ့ စစ်ကြောရေး စခန်းမှာ မေလ ၉ ရက်နေ့က သေဆုံးခဲ့ရပါတယ်။
2021-05-11
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မြောက်ဘက် ၇ မိုင်အကွာက တလုတ်မြို့ကျေးရွာမှာ မေလ ၁၁ ရက် ဒီနေ့ နေ့လယ် ၁ နာရီလောက်ကစပြီး ရွာထဲဝင်လာတဲ့ စစ်ကောင်စီ တပ်တွေနဲ့ ကျေးရွာပြည်သူ့လုံခြုံရေးအဖွဲ့တွေ ပစ်ခတ်မှုဖြစ်နေတယ်လို့ တလုတ်မြို့ ကျေးရွာ ဒေသခံတစ်ယောက်က ပြောပါတယ်။
2021-05-11
ဖားကန့်မြို့နယ် တာမခန်မြို့သစ် ပြည်သူတွေက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ခဲ့ကြတာ ရက်ပေါင်း (၁၀၀) ပြည့်ခဲ့တဲ့ မေလ ၁၁ ရက် ဒီနေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။
2021-05-11
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်က လူထုတင်မြှောက်ထားတဲ့ အစိုးရအဖွဲ့ဝင် အားလုံးကိုဖမ်းပြီး အာဏာသိမ်းလိုက်တာ ရက်တစ်ရာပြည့်တဲ့နေ့ အဖြစ် ရန်ကုန်မြို့က နေရာတချို့မှာ လူငယ်တွေရာနဲ့ချီပြီး ဆန္ဒပြခဲ့ ကြပါတယ်။
2021-05-11
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၁၅ ခုကို၊ စစ်ကောင်စီကခွင့်ပြုလိုက်ပေမယ့်၊ လူထုကဆန့်ကျင်တာ ခံနေရတဲ့အတွက် လက်တွေ့အကောင်အထည်ဖော်ဖို့ ခက်လိမ့်မယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပါတယ်။