သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-05-28
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဖမ်းမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကို ဥပဒေမဲ့ သတ်ဖြတ်မှုတွေရှိခဲ့တယ်လို့ သတင်းထွက်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနကတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော်မှာ ပါဝင်ထမ်းဆောင်သူတွေအနေနဲ့ ရန်သူ့ဘက်က လက်နက်ချသူတွေနဲ့ စစ်သုံ့ပန်းတွေကို နှိပ်စက်ခြင်းနဲ့ သတ်ဖြတ်ခြင်း မပြုလုပ်ရလို့ မေလ ၂၆ ရက်နေ့က ကြေညာချက်ထုတ်ပြန်ထားပါတယ်။
2021-05-28
စစ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြတဲ့အတွက် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မကွေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးနဲ့ တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးဟောင်း ဦးနေမျိုးကျော်ကို စစ်ကောင်စီဖွဲ့စည်းထားတဲ့ မကွေးမြို့ အထူးတရားရုံးက မေလ ၂၈ ရက်နေ့မှာ ထောင်ဒဏ်တွေ အသီးသီး ချမှတ်လိုက်ပါတယ်။
2021-05-28
မန္တလေးအကျဉ်းထောင်မှာ စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားတဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် အပါအဝင် တိုင်းအစိုးရအဖွဲ့ဝင်ဝန်ကြီးတွေကို ဒီကနေ့ မေလ ၂၈ ရက်နေ့မှာ အိုးဘိုထောင်တွင်းတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ မန္တလေးတိုင်း NLD ပါတီနဲ့ နီးစပ်သူတွေက ပြောပါတယ်။
2021-05-28
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ အိုင်ပေါက်ကြီးကျေးရွာက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ ကျေးရွာစည်းရုံးရေးမှူး ဦးအုန်းခိုင် ကို မျက်နှာဖုံးစွပ်ထားသူ လူနှစ် ယောက်က ဒီကနေ့ မေလ ၂၈ ရက်နေ့မှာ နေအိမ်ကို ရုတ်တရက်ရောက်လာပြီး သေနတ်နဲ့ ပစ်သတ်သွားတယ်လို့ ကျေးရွာဒေသခံတွေက ပြောပါတယ်။
2021-05-28
စစ်အာဏာရှင်တိုက်ပွဲဝင်နေကြတဲ့ မြန်မာပြည်သူတွေအားလုံး အနေနဲ့ ကိုယ့်ရဲ့ရည်ရွယ်ချက် အောင်မြင်တဲ့အထိ အဆုံးတိုင် ပါဝင်ပေးကြဖို့ နဲ့ ဘယ်လို အကြောင်းကြောင့်နဲ့မှ အာဏာရှင်ကို အရှုံးမပေးကြဖို့ အလှမယ် ထားထက်ထက်က တိုက်တွန်းလိုက်ပါတယ်။
2021-05-28
ကယားပြည်နယ် ဒီးမော့ဆိုမြို့မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးကြောင့် မနေ့ညက အသက် ၄၀ အရွယ် အမျိုးသားတစ်ယောက် လက်နက်ကြီးထိမှန်ပြီး သေဆုံးခဲ့သလို နှစ်ဘက်တိုက်ပွဲတွေကြောင့် တောတောင်တွေထဲမှာ ထွက်ပြေးပုန်းရှောင်နေရတဲ့ ဒေသခံတွေဟာ စားနပ်ရိက္ခာနဲ့ ကျန်းမာရေး စောင့်ရှောက်မှုအကူအညီတွေ လိုအပ်နေ တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-05-28
စစ်ကိုင်းတိုင်း ကလေးမြို့မှာ စစ်တပ်နဲ့ရဲက ဖမ်းဆီးပြီးနောက် အချိန် ၂၄ နာရီအတွင်း စစ်ကြောရေးမှာ သေဆုံးခဲ့ရတဲ့ ဆိုင်ကယ်ပြင်ဆရာ ကိုမင်းမင်းကို မနေ့က သူ့ရဲ့နေရပ်မှာ ဂူသွင်းသင်္ဂြိုဟ်ခဲ့ပါတယ်။
2021-05-28
ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တဲ့ နာမည်ကြီးအနုပညာရှင် ၂၀ နီးပါး အဖမ်းခံထားရသလို နောက်ထပ်တစ်ရာကျော်လည်း ဖမ်းဝရမ်းကြောင့် တိမ်း ရှောင်နေရတယ်လို့ အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေတွေနဲ့ မိသားစုတွေက ပြောပါတယ်။
2021-05-28
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာပါဝင်တဲ့ ပြုလုပ်ပြီး ပညာရေးဝန်ထမ်း ၉၆၁ ဦး ယာယီထုတ်ပယ်ခံလိုက်ရတယ်လို့ ထုတ်ပယ် ခံရတဲ့အထဲပါဝင်တဲ့ ဆရာ၊ ဆရာမတွေက RFA ကို ဒီနေ့ပြောပါတယ်။
2021-05-28
ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းက တနိုင်း-လီဒိုလမ်းမပေါ်က နောင်းမီ ကျေးရွာက စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင် ဦးဖိုးကျော်ဟာ မေလ ၂၇ ရက် မနေ့ည ၁၁ နာရီခွဲလောက်က အမည်မသိ လူ ခုနစ်ဦးက ကားတစ်စီးနဲ့ ရောက်လာပြီးတော့ သေနတ်နဲ့ ပစ်သတ်ခဲ့တာကြောင့် သေဆုံးသွားတယ်လို့ ရွာသားတွေက ပြောပါတယ်။
2021-05-28
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်က လူဦးရေ သုံးထောင်ကျော်ခိုလှုံနေတဲ့ ညောင်ချောင်း စစ်ဘေးဒုက္ခသည်စခန်းမှာ ရိက္ခာအခက်အခဲ ဖြစ်နေတယ်လို့ စခန်းတာဝန်ခံ ကိုခိုင်မျိုးအောင်က RFA ကို ဒီနေ့ပြောပါတယ်။
2021-05-28
Myanmar Pressphoto Agency (MPA) က မန္တလေးအခြေစိုက် ဓာတ်ပုံ သတင်း ထောက် ကိုမျိုးသီဟကျော်ဟာ ဒီကနေ့ မေလ ၂၈ ရက်နေ့ နေ့လယ်က ချမ်းအေး သာစံမြို့နယ် အောင်နန်းရိပ်သာရပ်ကွက်မှာ ဖမ်းဆီးတာခံလိုက်ရတယ်လို့ MPA သတင်းဌာနက ပြောပါတယ်။
2021-05-28
တရုတ်-မြန်မာနယ်စပ်၊ မူဆယ်မြို့မှာ ဒီနေ့မနက် ၈ နာရီလောက်က မိုင်းတစ်လုံး ပေါက်ကွဲခဲ့ပြီး အသက် ၁၈နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့သလို အနီးနားမှာ ရှိနေတဲ့ လူသုံးဦးလည်း ထိခိုက် ဒဏ်ရာရသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
2021-05-28
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ နတ်ကန်လယ်ကျေးရွာ အထက်တန်း ကျောင်းမှာ မေ ၂၇ ရက် မနေ့က မနက်စောစောမှာ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။
2021-05-28
မေလ ၂၇ ရက် မနေ့ညပိုင်းက၊ ချင်းပြည်နယ် တီးတိန်မြို့ရှိ မြို့နယ်ပညာရေးမှူးရုံးမှာ ဗုံးပေါက်ကွဲပြီး ရုံးအဆောက်အအုံ ပျက်စီးထိခိုက်မှု များခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။