သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-05-01
ရန်ကုန်အရှေ့ပိုင်း ဒဂုံတက္ကသိုလ် ကျောင်းဝန်ထမ်းအိမ်ယာမှာ နေထိုင်တဲ့ အလွတ်တန်း သတင်းထောက် မသူဇာရဲ့နေအိမ်ကို ရဲ နဲ့ စစ်သား ၃၀ ကျော်က မေလ ၁ ရက်နေ့ နေ့လည်မှာ ဝင်ရောက်စီးနင်းရှာဖွေခဲ့ပြီး သူ့ကို မတွေ့တာကြောင့် အမျိုးသားဖြစ်သူကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
2021-05-01
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းယူပြီးနောက် နိုင်ငံတွင်းစိုးရိမ်ဖွယ် အခြေအနေအဖြစ် နိုင်ငံတကာက ပြောဆိုနေချိန်မှာ ထိုင်းနိုင်ငံဘက်က အခုလို ပြန်လွှဲပေးတာဖြစ်ပါတယ်။
2021-05-01
မေလ ၁ ရက်နေ့ ဒီကနေ့ ကျရောက်တဲ့ အလုပ်သမားနေ့မှာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းယူထားတာ သုံးလ တင်းတင်းပြည့်ခဲ့ပြီဖြစ်ပါတယ်။
2021-05-01
စစ်ကိုင်းတိုင်းဒေသကြီး ရွာသစ်ကြီးကျေးရွာအုပ်စုမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆိုင်ကယ်သပိတ်နဲ့ မေ ၁ ရက် ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2021-05-01
ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေထဲကို စစ်ကောင်စီက ဧပြီလ ၃၀ ရက်နေ့ မနေ့က တစ်ရက်တည်းမှာတင် လေယာဉ်နဲ့ ဗုံးလေးကြိမ် ကြဲချခဲ့တယ်လို့ KNU က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
2021-05-01
ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်တဲ့ လူငယ်တွေရဲ့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်းနဲ့ ကြည့်မြင်တိုင်အထွေထွေသပိတ်စစ်ကြောင်းတို့ဟာ မေ ၁ ရက်၊ ဒီနေ့မှာ လမ်းလျှောက်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။
2021-05-01
ကချင်ပြည်နယ်၊ ဖားကန့်မြို့က ပြည်သူတွေရဲ့ ပင်မသပိတ်စစ်ကြောင်းဟာ မေ ၁ ရက်၊ ဒီနေ့ စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် လှည့်လည်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။
2021-05-01
ရန်ကုန်မြို့ အင်းစိန်မြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး မေလ ၁ ရက်နေ့ ဒီနေ့ မနက်က ဆန္ဒပြခဲ့ကြပါတယ်။
2021-05-01
ဒီတစ်ပတ် RFA စကားဝိုင်းအစီအစဉ်မှာ “ခေတ်စနစ်ဆိုးကို ဘယ်လိုတွန်းလှန်မလဲ” ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးထားပါတယ်။
2021-05-01
ထားဝယ်မြို့တောင်ပိုင်း ကျေးရွာများ ပူးပေါင်းသပိတ်စစ်ကြောင်းဟာ မေလ ၁ ရက်နေ့ ဒီနေ့ မနက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ကျေးရွာတွေအတွင်းလှည့်လည်ပြီး ဆန္ဒပြခဲ့ကြပါတယ်။