သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-05-28
ချင်းပြည်နယ် ပလက်ဝမြို့ပေါ် မြို့မရပ်ကွက်မှာ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး နဲ့ မြန်မာ့စီးပွားရေးဘဏ်ရှေ့မှာ ဒီနေ့မနက် ၇ နာရီခွဲကျော်က ဗုံးနှစ်လုံး ပေါက်ကွဲ ခဲ့ပြီး ဈေးဝယ်လို့ပြန်လာတဲ့ အရပ်သား တစ်ဦး ရှပ်ထိဒဏ်ရာရသွားခဲ့တယ်လို့ ပလက်ဝမြို့ခံ ကိုတင်ထွန်းအောင်က RFA ကို ပြောပါတယ်။
2021-05-27
စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြောက်ဥက္ကလာပ G.zလူငယ်များနှင့် မင်္ဂလာဒုံ G.zလူငယ်များက မေလ ၂၈ရက်နေ့ ယနေ့မနက် စျေးသပိတ် ပြုလုပ်ခဲ့ကြပါတယ်။
2021-05-27
တပ်မတော်နဲ့ PPST အဖွဲ့ အမြန်ဆုံးတွေ့ပြီး အလွတ်သဘော ဆွေးနွေးဖို့နဲ့ PPST ပူးတွဲကြေညာချက်မူကြမ်း ထုတ်ဖို့ စီစဉ်နေတယ်လို့ စာထဲမှာ ရေးထားပါတယ်။ ဒီစာကို ဘယ်အဖွဲ့၊ ဘယ်ပုဂ္ဂိုလ်က ဦးဆောင်ရေးသား ပေးပို့တယ် ဆိုတာ ဖော်ပြမထားသလို၊ ဒီစာကို PPST မှာပါတဲ့ ၁၀ ဖွဲ့လုံးက သဘောတူသလား ဆိုတာကိုလည်း လောလောဆယ် မသိရသေးပါဘူး။
2021-05-27
မေလ ၂၇ ရက် မနေ့တုန်းက မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၉၆ ယောက် စစ်ဆေးတွေ့ရှိတယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ မေလ ၂၆ ရက် ည ၈ နာရီကနေ ၂၇ ရက်နေ့ ည ၈ နာရီအတွင်း စမ်းသပ်တွေ့ရှိတဲ့ အရေအတွက်ပါ။
2021-05-27
မကွေးတိုင်း အနောက်ခြမ်းရိုးမထဲက ကျွန်းနဲ့တူတဲ့ စကားဝါသစ်တွေကို တရားမဝင်ခိုးထုတ်ပြီး နယ်စပ်ကို ပို့နေပါတယ်။
2021-05-27
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH နဲ့ ကချင်ကြားကာလ ပူးပေါင်းဆောင်ရွက်ရေး အလုပ်အဖွဲ့ KPICT တို့ နှစ်ဖက်ညှိနှိုင်းဆောင်ရွက်ဖို့ သဘောတူ လက်မှတ်ရေးထိုးပွဲကို မေလ ၂၇ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ ကြားကာလအတွင်း ကချင်ဒေသမှာ အစိုးရဖွဲ့စည်းရေး အကောင်အထည်ဖော်ရာမှာ ညှိနှိုင်းဆောင်ရွက်မယ်လို့ဆိုပါတယ်။
2021-05-27
မြန်မာနိုင်ငံမှာ အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို အင်အားသုံး ဖြိုခွင်းမှုတွေအတွင်း သတင်းရယူခဲ့တဲ့ ဂျပန် သတင်းထောက် ယုကိ ခိတဇုမိ ကို အာဏာသိမ်း စစ်ကောင်စီက သတင်းမှား ဖြန့်ဝေမှုစွဲချက်နဲ့ ဖမ်းဆီးခဲ့ပြီးတဲ့နောက်၊ ဂျပန် သံအမတ်ရဲ့ စေ့စပ်ညှိနှိုင်းမှုနဲ့ ပြန်လွတ်လာခဲ့ပြီး မေလ ၁၄ရက်က ဂျပန်နိုင်ငံကို ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။
2021-05-27
မြန်မာစစ်ကောင်စီနဲ့ ပတ်သက်ဆက်စပ်နေတဲ့ ကုမ္ပဏီတွေမှာ နိုင်ငံတကာဘဏ်ကြီး ၉ ခုက အမေရိကန်ဒေါ်လာ ၂၄ ဘီလီယံကျော် ရင်းနှီး မြှုပ်နှံထားတာ တွေ့ရှိရတယ်လို့ Justice For Myanmar အဖွဲ့က မေလ ၂၇ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။
2021-05-27
မြန်မာစစ်ကောင်စီအနေနဲ့ စာနယ်ဇင်းသမားတွေအပေါ် တရားစွဲဆို နေတာတွေ အမြန်ဆုံး ရပ်ဆိုင်းသင့်ကြောင်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International က မေလ ၂၇ ရက် ဒီနေ့မှာ တောင်းဆိုလိုက်ပါတယ်။
2021-05-27
စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ကင်မွန်းတော်ရွာမှာ ဒီကနေ့ မေလ ၂၇ ရက်နေ့ မနက် ၇ နာရီလောက်က စစ်ကောင်စီ တပ်ဖွဲ့ဝင် အင်အား ၄၀ လောက် ရောက်ရှိ လာပြီး နေအိမ် သုံးအိမ်က ပစ္စည်းတွေ ဖျက်ဆီးခံခဲ့ရသလို ရွှေထည်ပစ္စည်းနဲ့ ငွေကြေးတွေကိုပါ ယူဆောင်သွားကြတယ်လို့ ဒေသခံ ကျေးရွာသားတွေက ပြောပါတယ်။
2021-05-27
ရန်ကုန်မြို့ ဗဟိုအမျိုးသမီးဆေးရုံက အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာပါဝင်တဲ့ ဝန်ထမ်းပေါင်း ၄၀၀ ကျော်ကို လာမယ့် ဇွန်လ ၁ ရက်နေ့မှာ ဆေးရုံကြီးကို လာရောက် အစစ်ဆေးခံဖို့ ဆေးရုံဌာနဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့က မနေ့က စာပို့ပြီး ဆင့်ခေါ်ထားပါတယ်။
2021-05-27
မေလ ၂၇ ရက် ဒီကနေ့ မနက်ပိုင်းက ချင်းပြည်နယ်၊ တွန်းဇန်မြို့နယ်၊ ကျီးခါးမြို့က လူ ၂၄ ဦးမှာ ကိုရိုနာရောဂါပိုး တွေ့ရှိပြီး၊ အောက်ဆီဂျင် အသက်ရှူစက်အပါအဝင် ဆေးဝါး မလုံမလောက် ဖြစ်နေတယ်လို့ တိုက်နယ်ဆေးရုံ ကျန်းမာရေးဝန်ထမ်းတွေ နဲ့ ဒေသခံတွေက ပြောပါတယ်။
2021-05-27
မန္တလေးဈေးချိုတော်မှာ ဖွင့်လှစ်ရောင်းချခြင်းမပြုတဲ့ ဆိုင်ခန်းတွေကို မန္တလေး မြို့တော် စည်ပင်သာယာရေးကော်မတီက ယာယီသိမ်းဆည်းထားတယ် ဆိုတဲ့ စာတွေကို ဒီကနေ့ မေလ ၂၇ ရက်နေ့မှာ လိုက်ကပ်နေတယ်လို့ ဈေးချိုတော်က ဆိုင်ပိုင်ရှင်တွေက ပြောပါတယ်။
2021-05-27
ကချင်ပြည်နယ်၊ ရွှေကူမြို့၊ ကျောက်ကြီးရဲစခန်းမှာ မေလ ၂၆ ရက် မနေ့ည ၁၀ နာရီခွဲလောက်က ပေါက်ကွဲသံ နှစ်ချက် ကြားရပြီးနောက် မီးလောင်ခဲ့တယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
2021-05-27
ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေတွေမှာ KNU တပ်တွေနဲ့ စစ်ကောင်စီ၊ BGF ပူးပေါင်းတပ်တွေအကြား မေ ၂၂ ရက်ကနေ မေလ ၂၅ ရက်နေ့အထိ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပြီး၊ လေးရက်အတွင်း စစ်သား လေးဦးနဲ့ နယ်ခြားစောင့် BGF တပ်ဖွဲ့ဝင် သုံးဦး၊ စုစုပေါင်း ခုနစ်ဦး သေဆုံးခဲ့တယ်လို့ KNU ဘက်က မေလ ၂၆ ရက် မနေ့က သတင်းထုတ်ပြန်ပါတယ်။