သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-05-27
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ လက်ပံပျားရွာက လက်သုံးချောင်းထောင် ဓာတ်ပုံရိုက်ခဲ့တဲ့ ကြက်သားကြော်သည် အမျိုးသမီး ကိုးယောက်ကို မနေ့က မေလ ၂၆ ရက်နေ့မှာ ရဲတပ်ဖွဲ့က လာဖမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-05-27
ဒီကနေ့ မေလ ၂၇ ရက်နဲ့ မနေ့က ၂၆ ရက်နေ့တွေမှာ ကယားပြည်နယ် ဒီးမော့ဆိုမြို့က ခရစ်ယာန် ဘုရားကျောင်းကို အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ထိခိုက်ပျက်စီးခဲ့ပြီး၊ စစ်ဘေးရှောင်တွေအတွက် အစားအစာနဲ့ ဆန်လာသယ်တဲ့ လူငယ်နှစ်ယောက်လည်း စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။
2021-05-27
မေလ ၂၆ ရက်ရက် မနေ့ညပိုင်းက နေပြည်တော်၊ ပျဉ်းမနားမြို့၊ အမှတ်(၂) ကျောင်းဘေးက အုတ်တံတိုင်းမှာ စစ်အာဏာရှင် အလိုမရှိကြောင်း စာသား ရေးသားနေစဉ်၊ ကင်းလှည့်လာတဲ့ စစ်ကောင်စီအဖွဲကတွေ့ရှိပြီး ကိုဝေယံမျိုးနဲ့ ကိုစည်သူတို့ နှစ်ဦး ရိုက်နှက်ဖမ်းဆီးခံလိုက်ရတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
2021-05-27
ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့ ကနေ စတင်ပြီး တိုက်ပွဲတွေ ထပ်မံပြင်းထန်လာလို့ ဒေသခံ ၁၅၀၀ လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။
2021-05-27
လက်ရှိ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို အကြမ်းဖက်နည်းလမ်းနဲ့ ဖြေရှင်း နေတာဟာ၊ ပြည်တွင်းစစ်မီးကို တောက်လောင်စေတယ်လို့ အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင် ဆယ်ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ “ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ " PPST ယာယီခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောလိုက်ပါတယ်။
2021-05-27
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ် တို့ မေလ ၂၂ ရက်ကနေ ၂၅ ရက်နေ့အထိ တိုက်ပွဲတွေဖြစ်ခဲ့ပြီး၊ လေးရက်အတွင်း ကာကွယ်ရေးတပ်ဘက်က ၁၁ ယောက်သေဆုံးပြီး၊ စစ်ကောင်စီဘက်က ၅၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ကနီမြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။
2021-05-27
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ရှဒူးဇွပ်ကျေးရွာမှာရှိတဲ့ ပြည်သူ့စစ်ခေါင်းဆောင် ဦးမင်းဇင်သန့်နေအိမ်ကို မေလ ၂၆ ရက် မနေ့ညနေ ၄ နာရီဝန်းကျင်လောက်က ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ရှောင်တခင် ဝင်ရောက် စီးနင်းပစ်ခတ်ခဲ့ရာမှာ KIA စစ်သား လေးဦး သေဆုံးခဲ့တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ကျေးရွာသားတွေက ပြောပါတယ်။
2021-05-27
မေ ၂၇ရက်နေ့ ဒီကနေ့ မနက်ပိုင်း ထားဝယ်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး တပ်ပေါင်းစု သပိတ်စစ်ကြောင်း ဆန္ဒပြမြင်ကွင်းဖြစ်ပါတယ်။
2021-05-27
အမေရိကန်စွမ်းအင်ကုမ္ပဏီ Chevron က စစ်ကောင်စီကို ထောက်ပံ့နေတာ ရပ်ဖို့နဲ့ မြန်မာ့ရေနံနှင့် သဘာ၀ဓာတ်ငွေ့လုပ်ငန်း MOGE ကို ပိတ်ဆို့အရေးယူပေးဖို့ အမေရိကန်အစိုးရကို တိုက်တွန်းတဲ့ လှုပ်ရှားမှုကို နယူးယောက်မြို့မှာ မေ ၂၆ ရက်ကလုပ်ခဲ့ပါတယ်။
2021-05-26
စစ်အာဏာသိမ်းမှုနဲ့ စစ်ကောင်စီအုပ်ချုပ်မှုကို လက်မခံဘဲ အံတုတွန်းလှန်နေသူတွေ မြန်မာပြည်သူတွေထဲမှာ အနုပညာရှင်တွေလည်း ပါဝင်ပါတယ်။ အဲဒီအထဲမှာ Performance Artist လို့ခေါ်တဲ့ သရုပ်ပြတင်ဆက်မှု အနုပညာရှင်တွေကလည်း သူတို့ရဲ့ အနုပညာ စိတ်ကူးဉာဏ်စွမ်းကို အသုံးပြုပြီး ပါဝင်ခဲ့ကြပါတယ်။
2021-05-26
အမျိုးသားညီညွတ်ရေးအစိုးရက ဖယ်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ရေးဆွဲနေပြီဖြစ်ပါတယ်။ အဲဒီမူကြမ်းကို ရေးဆွဲရာမှာ တိုင်းရင်းသားတွေရဲ့ သဘောထားတွေ ဘယ်လောက် ကျယ်ကျယ်ပြန့်ပြန့် ပါဝင်မှာလဲ။
2021-05-26
မြန်မာ့သတင်းလောကဟာ ဖေဖော်ဝါရီလ ၁ရက် စစ်အာဏာသိမ်းခဲ့တဲ့ အချိန်ကစပြီး အပြင်းအထန် ဖိနှိပ်ခံနေရတာကြောင့် သတင်းလုပ်ငန်းဟာ အန္တရာယ်ရှိတဲ့ လုပ်ငန်းဖြစ်နေပါပြီ။ သတင်းသမားတွေရဲ့ ဘဝကလည်း မရေရာတဲ့အခြေအနေတွေနဲ့ ရင်ဆိုင်နေရပြီး သတင်းသမားဘဝကို စွန့်လွှတ်လိုက်ရတဲ့သူတွေ များလာနေပါတယ်။
2021-05-26
မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အတိုက်အခံအင်အားစုတွေကို ဘယ်လို အကောင်းဆုံးထောက်ပံ့ကူညီနိုင်မလဲဆိုတာကို ဂျိုးဘိုင်ဒင် အစိုးရနဲ့ အနီးကပ် တိုင်ပင် ဆွေးနွေးနေတယ်လို့ အမေရိကန် အထက်လွှတ်တော်အမတ် မစ်ချ် မက်ကော်နယ်က မနေ့က ပြောလိုက်ပါတယ်။
2021-05-26
မေလ ၂၄ ရက်နေ့က ရန်ကုန်လေဆိပ်မှာ အဖမ်းခံခဲ့ရတဲ့ Frontier Myanmar မဂ္ဂဇင်းရဲ့အယ်ဒီတာ အမေရိကန်နိုင်ငံသား Danny Fenster ကို ခြွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးဖို့ RSF လို့ခေါ်တဲ့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့က မနေ့ကပဲ ကြေညာချက် ထုတ်ပြီး တောင်းဆိုလိုက်ပါတယ်။
2021-05-26
တပ်မ ၂၂ လက်အောက်ခံ၊ ကရင်ပြည်နယ် ဘားအံမြို့အခြေစိုက် အမှတ် ၂၀၂ ခြေမြန်တပ်ရင်းက တပ်မတော်သား တစ်ယောက်ဟာ၊ ပြီးခဲ့တဲ့ဧပြီလ သင်္ကြန် မတိုင်ခင်ကတည်းက မိသားစုနဲ့အတူ CDM လုပ်ဖို့ မိခင်တပ်ရင်းကနေ ထွက်ပြေး လာပြီးနောက် CRPH နဲ့လည်း အဆက်သွယ်မရပဲ၊ လက်ရှိပုန်းရှောင်နေတဲ့ရွာမှာ အခက်အခဲဖြစ်နေတယ်လို့ RFA ကို ဒီကနေ့ မေလ ၂၆ ရက်နေ့မှာ ဆက်သွယ်ပြောကြားလာပါတယ်။