သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-05-26
စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ် မဲဇာဒေသက စစ်တောကုန်းကျေးရွာ မှာ အလယ်တန်းကျောင်းတစ်ကျောင်း မီးလောင်ခဲ့ရာ မီးသတ်ကားတစ်စီး တိမ်းမှောက်ခဲ့လို့ မီးသတ်ဝန်ထမ်း နှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-05-26
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကနေ မေလ ၁၅ ရက်နေ့အတွင်း စစ်အုပ်စုရဲ့သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ အသက် ၁၈ နှစ်အောက် ကလေးသူငယ်ပေါင်း ၇၃ ဦး ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဒီနေ့ထုတ်ပြန်ပါတယ်။
2021-05-26
မန္တလေးမြို့ မဟာမိတ်သပိတ်စစ်ကြောင်းရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဟွန်းတီးသပိတ်ကို မေလ ၂၆ ရက် ဒီကနေ့ညနေပိုင်း စစ်ကိုင်း - မန္တလေး ၈၄ လမ်းပေါ်မှာ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။
2021-05-26
RFA က သီးသန့်ကောက်ယူထားတဲ့စာရင်းနဲ့ ရန်ကုန်အခြေစိုက် အမည်မဖော်လိုတဲ့ နိုင်ငံတကာအဆင့် လုံခြုံရေး ကုမ္ပဏီကြီးတစ်ခုရဲ့ နေ့စဥ်မှတ်တမ်းတွေအရ၊ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ မေလ ၂၁ ရက်နေ့ထိ သုံးလကျော်အတွင်း ဗုံးကွဲမှုအပါအဝင် ပေါက်ကွဲမှု စုစုပေါင်း ၃၀၀ ကျော်လောက် ဖြစ်ခဲ့ပါတယ်။
2021-05-26
"တော်လှန်ရေးနည်းနဲ့ စစ်ကောင်စီကိုဖြုတ်ချပြီး စစ်အာဏာရှင်ကို အပြီးသတ်မြေမြုပ်သဂြိုသ်ပစ်မယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ လူငယ်တွေ ဒီနေ့ သင်တန်းသွားတက်နေတာဖြစ်ပါတယ်"
2021-05-26
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်တွေနဲ့ ပစ်ခတ်လို့ စစ်ဘေးရှောင်ပြည်သူသုံးဦး သေနတ်ကျည်ဆန် ထိမှန်သေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒီရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ် KPDF တို့ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ငါးရက်တာကာလအတွင်း စစ်ဘေးရှောင်နေရတဲ့ ပြည်သူလေးသောင်းနီးပါးရှိလာပြီဖြစ်ပြီး ဒီထက်ပိုတိုးလာနိုင်တဲ့ အခြေအနေရှိနေတယ်လို့ ကူညီပေးနေသူတွေက ပြောကြပါတယ်။
2021-05-26
ကချင်ပြည်နယ် ၊ ဖားကန့်မြို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ မြို့နယ်သတင်းပြန်ကြား ရေးတာဝန်ခံ ကိုဇော်ဝင်းမောင်ကို မေလ ၂၅ ရက် မနေ့ည ၈ နာရီဝန်းကျင်ခန့်က စစ်ကောင်စီတပ်သား ၁၀ ဦးခန့်က ပိတ်ဆို့ဖမ်းဆီးခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
2021-05-26
စစ်ကိုင်းတိုင်း ကလေးမြို့မှာ မေလ ၂၄ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးခံခဲ့ရတဲ့ ကလေးမြို့ဒေသခံ ကိုမင်းမင်းဆိုသူဟာ နောက်နေ့ မေလ ၂၅ ရက်နေ့မနက်မှာ သေဆုံးခဲ့ရပါတယ်။
2021-05-26
ထားဝယ် တပ်ပေါင်းစု သပိတ်စစ်ကြောင်းဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး မေ ၂၆ ရက် ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2021-05-26
မေ ၂၆ ရက် ဒီနေ့ ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်က လူငယ်တွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် အနိုင်မခံ အရှုံးမပေး တ/ဥ နွေဦးတော်လှန်ရေး သပိတ် ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
2021-05-26
ဖားကန့်မြို့နယ် တာမခန်မြို့သစ်မှာ စစ်ကျွန်ပညာရေးအလိုမရှိကြောင်း မေ ၂၆ ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2021-05-26
မေ ၂၆ ရက် ဒီနေ့မနက် ၁၀ နာရီကျော်လောက်က၊ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့စျေးကြီးထဲမှာ စစ်ဘေးရှောင်ပြည်သူတွေအတွက် အလှူခံနေတဲ့ လူငယ်အဖွဲ့တွေကို အာဏာသိမ်းစစ်ကောင်စီတပ်တွေက ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-05-25
ဗြိတိန်ပါလီမန်ရဲ့ နိုင်ငံခြားရေးရာ ကော်မတီဟာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး လေ့လာစုံစမ်းဖို့ အစည်းအဝေးတစ်ရပ်ကို မနေ့က ကျင်းပခဲ့ရာမှာ NUG အစိုးရရဲ့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာက NUG အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို တင်ပြခဲ့ပါတယ်။ အလားတူ တက်ရောက်လာတဲ့ တိုင်းရင်းသားနဲ့ အရပ်ဘက်ခေါင်းဆောင်တွေကတော့ ဗြိတိန်အစိုးရဟာ မြန်မာ့အရေး လုပ်ဆောင်ရာမှာ တိုင်းရင်းသားလူနည်းစုတွေရဲ့အသံကို နားထောင်ပြီး လုပ်ဆောင်မှု အားနည်းနေသေးတယ်လို့ ပြောဆိုခဲ့ပါတယ်။
2021-05-25
အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH နဲ့ ပူးပေါင်းခဲ့တဲ့ နယူးယောက်မြို့ရှိ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း နေရာကို အစားထိုးတဲ့အနေနဲ့ ဝါရှင်တန်ဒီစီမှာရှိတဲ့ မြန်မာသံရုံးက စစ်သံမှူး ဗိုလ်မှူးကြီး အောင်သူရိန်ကို ခန့်အပ်တာဝန်ပေးလိုက်ကြောင်း သိရပါတယ်။ လန်ဒန်ရှိ မြန်မာသံရုံးမှာဖြစ်ပွားခဲ့သလို နယူးယောက်မြို့ရှိ မြန်မာသံရုံးကိုလည်း စစ်ကောင်စီသြဇာခံတွေက သိမ်းပိုက်ဖို့ ကြိုးစားမယ်လို့ သတင်းထွက်နေပါတယ်။
2021-05-25
စစ်ကောင်စီအဖွဲ့ဝင် ပြည်ထဲရေး ဒု-ဝန်ကြီးလည်း ဖြစ်၊ ရဲချုပ်လည်း ဖြစ်တဲ့ ဒု-ဗိုလ်ချုပ်ကြီး သန်းလှိုင်ရဲ့ ညီအရင်း နိုင်ငံရေး အကျဉ်းသားဟောင်း ကိုစိုးမိုးလှိုင် ခေါ် ကိုမဲကြီးကို စစ်တပ်က ဖမ်းပြီး နှိပ်စက်မေးမြန်းတဲ့ဒဏ်ကြောင့် နှစ်ရက်အတွင်း သေဆုံးသွားပါတယ်။