သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-05-25
မြန်မာ့ဒီမိုကရေစီ ပြန်လည်ရရှိရေးအတွက် အစိုးရနဲ့ လွှတ်တော်က လက်တွေ့ကျတဲ့ အကူအညီတွေပေးဖို့ တောင်ကိုရီးယားနိုင်ငံ လက်ရှိအာဏာရ ဒေါဘူးလောမင်းဂျူး ပါတီရဲ့ လွှတ်တော်အမတ် ဘာ့ယောင်ဆွန်းက မေလ၂၁ ရက်နေ့ တောင်ကိုရီးယား လွှတ်တော်အစည်းအဝေးမှာ တောင်းဆိုလိုက်ပါတယ်။
2021-05-25
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် သံဘိုကျေးရွာကို မေလ ၂၅ ရက် ဒီနေ့ နေ့လည်ပိုင်းက စစ်ကောင်စီတပ်သားတွေ ရောက်လာပြီး ရွာဘုန်းကြီးကျောင်းထဲကို ဝင်ရောက် စီးနင်းရှာဖွေခဲ့တယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။
2021-05-25
ဒီနေ့ ကဆုန်လပြည့်နေ့ ဘုတလင်မြို့နယ် လေးမြေရွာမှာ ညောင်ရေသွန်းပွဲ စုပေါင်းသပိတ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြခဲ့ပါတယ်။ အလားတူ စစ်အာဏာရှင်ကို မြိုင်မြို့နယ်နဲ့ ထားဝယ်မြို့တို့မှာလည်း ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။
2021-05-25
ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည်စခန်းတွေမှာ မေလ ၂၄ ရက် မနေ့ညနေပိုင်းက ဆိုင်ကလုန်း မုန်တိုင်းအရှိန်ကြောင့် မိုးသက်လေပြင်းတွေကျရောက်ခဲ့ပြီး စစ်ဘေး ဒုက္ခသည်တွေခိုလှုံနေတဲ့ လူနေဆောင် သုံးရာလောက် ပျက်စီးသွားတယ်လို့ ရခိုင်အရပ်ဘက်အဖွဲ့အစည်းက RFA ကို ပြောပါတယ်။
2021-05-25
ကယားပြည်နယ် ဒီးမော့ဆိုရဲစခန်းကို မေလ ၂၅ ရက် ဒီနေ့မနက် ၄ နာရီခန့်က ဒေသကာကွယ်ရေးတပ် PDF အဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်တဲ့အတွက် တိုက်ပွဲက အတော်ပြင်းထန်ခဲ့တယ်လို့ ဒီးမော့ဆို PDF အဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
2021-05-25
အာဏာသိမ်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့တဲ့၊ မန္တလေးမြို့က ရတနာပုံခန်းမဖွင့်ပွဲမှာ မန္တလေးမြို့က နာမည်ကျော် မြို့မအသင်းကြီး က တက်ရောက်ဖျော်ဖြေခဲ့တဲ့အတွက် လူထုအကြား ဝေဖန်မှုတွေ မြင့်တက်နေတာလို့ မန္တလေးမြို့ခံတွေက ပြော ပါတယ်။
2021-05-25
ရန်ကုန်တိုင်း၊ သင်္ကန်းကျွန်းမြို့နယ် (က)ရပ်ကွက် ဓမ္မာရုံအနီးရှိ တိုက်ခန်းတစ်ခုမှာ ဒီကနေ့ မေလ ၂၅ ရက် နေ့လယ်ပိုင်းက၊ မင်္ဂလာဆောင်အခမ်းအနား ကျင်းပနေစဉ် ပါဆယ်ဗုံး ပေါက်ကွဲခဲ့တာကြောင့် သတို့သမီးအပါအဝင် လူ သုံးဦး သေဆုံးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
2021-05-25
ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ခမ်းမြို့မှာ မေ ၂၅ ရက်၊ ဒီနေ့ မနက်ပိုင်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ပင်မသပိတ်စစ်ကြောင်းဟာ လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။
2021-05-24
ကချင်ပြည်နယ်၊ ဟိုပင်မြို့ပေါ်က၊ ဝက်ကုန်းတံတားဟာ မေလ (၂၄) ရက်၊ ည (၈) နာရီခွဲခန့်က မိုင်းပေါက်ကွဲခဲ့ပြီး ဆိုင်ကယ်နဲ့ ဖြတ်မောင်းလာသူတစ်ဦး သေဆုံး သွားခဲ့တယ်လို့ မြို့ခံတစ်ဦးက RFA ကို အတည်ပြုပြောပါတယ်။
2021-05-24
အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီး ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း က ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးအတွက် သူတို့ အစိုးရအနေနဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC မှာပါဝင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေ၊ နွေဦးတော်လှန်ရေးမှာပါဝင်တဲ့ အဖွဲ့အစည်းတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့တွေနဲ့ ဆက်လက်ဆွေးနွေးဆောင်ရွက်မယ်လို့ မေလ ၂၃ ရက်နေ့က ကြေညာချက်ထုတ်ပြန် ပြောကြားခဲ့ပါတယ်။
2021-05-24
ရှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF နဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ ပူးပေါင်းပြီး မေလ ၂၃ ရက်နေ့က တိုက်ခိုက် သိမ်းပိုက်ခဲ့ပါတယ်။ အဲဒီတိုက်ပွဲမှာ တော်လှန်ရေးအင်အားစုတွေဟာ အဆင့်မြင့်တဲ့ တိုက်ပွဲဝင်ရိုင်ဖယ်တွေကို အသုံးပြုခဲ့သလို တိုက်ပွဲနည်းနာနဲ့ လှုပ်ရှားမှုတွေလည်း အတော်ကောင်းမွန်ပြီး ကျေး လက်နဲ့ မြို့ပြတိုက်ပွဲတွေကို တပြိုင်နက် အကောင်အထည် ဖော်လာနိုင်ပြီဖြစ်လို့ နွေဦးတော်လှန်ရေးဟာ ပိုမို အဆင့်မြင့်မားလာခဲ့ပြီလို့ ဝေဖန်သူတွေကပြောပါတယ်။
2021-05-24
ထိုင်း-မြန်မာနယ်စပ်ကနေ တရားမဝင် ခိုးဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေ နေ့စဉ် ဖမ်းဆီးခံရမှုတွေ ရှိနေဆဲ ဖြစ်ပြီး အခု ဖမ်းဆီးခံရမှုထဲမှာ စစ်ကောင်စီကို ဆန့်ကျင်တဲ့ အာဏာဖီဆန်ရေး DCM လှုပ်ရှားမှုမှာ ပါဝင်ပြီး ထွက်ပြေး တိမ်းရှောင်လာသူတွေလည်း ပါဝင်လာတယ်လို့ ထိုင်းနိုင်ငံက မြန်မာအလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။
2021-05-24
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် အာဏာရှင်ဆန့်ကျင် ဆန္ဒပြသူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ဖိနှိပ်တဲ့အတွက် ကြွေလွင့်သွားရသူတွေထဲမှာ လူငယ်တွေ အများစုပါဝင်ပြီး ဖမ်းဆီးခံထားရတဲ့ လူငယ်တွေလည်း အများအပြား ရှိနေပါတယ်။ အာဏာမသိမ်းခင်က ရည်မှန်းချက်တွေ တပုံတပင်နဲ့ ရှင်သန်နေကြတဲ့ ဒီလူငယ်တွေဟာ စစ်အာဏာရှင် စနစ်အောက်မှာ အနာဂတ်တွေ ပျောက်ဆုံးသွားကြရပါပြီ။
2021-05-24
မြန်မာအခြေစိုက် Frontier Myanmar သတင်းဌာနရဲ့သတင်းခန်းအုပ်ချုပ်မှု အယ်ဒီတာ Mr. Danny Fenster မေလ ၂၄ ရက် ဒီကနေ့မှာ ရန်ကုန်လေဆိပ်မှာ ဖမ်းဆီးခံခဲ့ရတယ်လို့ AFP သတင်းမှာ ဖော်ပြထားပါတယ်။
2021-05-24
ပဲခူးတိုင်းထဲက ပြည်သူတွေအပါအဝင် တစ်နိုင်ငံလုံးက လက်နက်မဲ့ပြည်သူတွေကို အာဏာသိမ်းစစ်တပ်က ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာကြောင့်၊ စစ်အာဏာရှင် နိဂုံးချုပ်ရေး အဆုံးသတ်တိုက်ပွဲကို အသက်ပေးပြီး ပြတ်ပြတ်သားသား လုပ်ဆောင်သွားမယ်လို့ မေလ ၅ ရက်နေ့က ဖွဲ့စည်းလိုက်တဲ့ “ပဲခူးတိုင်း ပြည်သူ့ကာကွယ်ရေးတပ် (ရိုးမ) ” အဖွဲ့က ပြောလိုက်ပါတယ်။