သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-07-23
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် တစ်ကျော့ပြန်ဖြစ်လာတဲ့ Covid-19 တတိယလှိုင်းကြောင့် နေ့စဉ် လူထောင်ချီ သေဆုံးနေချိန်မှာပဲ ဗဟိုအစိုးရ အာဏာ သက်ရောက်မှုမရှိတဲ့ UWSA ဝတပ်ဖွဲ့ ထိန်းချုပ်နယ်မြေမှာတော့ တရုတ်ကကူညီတဲ့ COVID -19 ကာကွယ်ဆေးကို ဝဒေသတွင်းက လူအားလုံးနီးပါး ထိုးနှံပြီးပြီလို့ ဝတပ်ဖွဲ့တာဝန်ရှိသူတွေက ပြောပါ တယ်။
2021-07-23
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ စစ်တပ်နည်းပညာတက္ကသိုလ် ဂိတ်ပေါက် အမှတ် (၃) မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်နေ့ညက ဗုံးနဲ့ ပစ်ခတ်ခံခဲ့ရတဲ့ဖြစ်စဉ်နဲ့ ဆက်နွယ် ပြီး ဖမ်းဆီးခံထားရတဲ့ ကိုလင်းထင်စိုးကို မိသားစုက ဒီနေ့အထိ အဆက်အသွယ် ပြတ်တောက်နေတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက RFA ကို ဒီနေ့ပြောပါတယ်။
2021-07-23
စစ်ကိုင်းတိုင်း ဆားလင်းမြို့နယ် ဂုဏ်တောရွာမှာ ဒီနေ့ ဇူလိုင်လ ၂၃ ရက်နေ့ မနက်က အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်စစ်ကြောင်းကို စစ်တပ်က သေနတ်နဲ့ ပစ်ခတ်ဖြိုခွင်းခံရပြီးနောက် ဒေသခံ ခုနစ်ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ ဆန္ဒပြပွဲ ဦးဆောင်သူတွေက ပြောပါတယ်။
2021-07-23
ရန်ကုန် အင်းစိန်ဗဟိုအကျဉ်းထောင်မှာ နိုင်ငံရေးယုံကြည်ချက်နဲ့ အကျဉ်းကျနေသူတွေက ဇူလိုင် ၂၃ ရက် ဒီကနေ့မနက်ပိုင်းမှာ ထောင်အာဏာပိုင်တွေနဲ့ စစ်ကောင်စီကို ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ ရာဇဝတ်မှုတွေနဲ့ ဖမ်းဆီးခံခဲ့ရသူတွေကို ပြန်လွှတ်ပေးခဲ့ပြီးနောက်ပိုင်း နိုင်ငံရေးအကျဉ်းသားတွေက အခုလို ဆန္ဒပြခဲ့ကြတာပါ။
2021-07-23
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ကယားပြည်နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ခုခံကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ဘေးဒုက္ခသည် ပြည်သူ တစ်သိန်းကျော် ရှိတယ်လို့ ကုလသမဂ္ဂက ဇွန်လ ပထမပတ်မှာ ထုတ်ပြန်ထားပါတယ်။
2021-07-23
ရုပ်ရှင်သရုပ်ဆောင် အရိုင်းမင်းဟာ ဒီနေ့ ဇူလိုင်လ ၂၃ ရက် မနက် ၇ နာရီမှာ ရန်ကုန်မြို့ သန်လျင်ဘုရားကုန်းက နေအိမ်မှာ အောက်ဆီဂျင်ကျပြီး ကွယ်လွန်သွားတယ်လို့ ရုပ်ရှင်အသိုင်းအဝိုင်းက သိရပါတယ်။
2021-07-22
ရခိုင်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကူးစက်သူနဲ့ သေဆုံးသူအရေအတွက် နေ့စဉ်တိုးလာနေပြီး ဇူလိုင်လ ၂၃ ရက် ဒီနေ့မနက် ၈ နာရီအထိ ပြည်နယ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေအရ သေဆုံးသူ ၈၃ ဦးအထိ ရှိလာနေပါတယ်။
2021-07-22
ချင်းပြည်နယ်မင်းတပ်က စစ်ဘေးဒုက္ခသည်တွေဆီအရောက် UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ကယ်ဆယ်ရေးပစ္စည်းတွေ ကိုယ်တိုင် ကိုယ်ကျ လှူဒါန်းချင်ပေမဲ့ လုံခြုံရေးအကြောင်းပြချက်နဲ့ စစ်ကောင်စီက ကျေးရွာတွေသွားခွင့်မပြုတဲ့အတွက် မြို့ပေါ်မှာပဲ လှူနိုင်ခဲ့ပြီး မင်းတပ်က ဒီနေ့ပြန်ထွက်ခွာပါမယ်။
2021-07-22
လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ APHR က မနေ့က သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ရာမှာ လူ့အခွင့်အရေးကျွမ်းကျင်သူတွေနဲ့အတူ မြန်မာနိုင်ငံတွင်းက အမည်မဖော်လိုသူ ဆရာဝန်တစ်ဦး တက်ရောက်ပြီး မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ရောဂါ အကြပ်အတည်းအပေါ် အာဏာသိမ်း စစ်ကောင်စီရဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေအကြောင်းကို ဆွေးနွေးသုံးသပ်ခဲ့ကြပါတယ်။
2021-07-22
တရုတ်အစိုးရက မြန်မာနိုင်ငံအတွက်လှူဒါန်းတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ သန်းထဲက ပထမအသုတ်အဖြစ် ကာကွယ်ဆေး ၇ သိန်းကျော်ကို ဇူလိုင်လ ၂၂ ရက် ဒီနေ့မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ပို့ဆောင်ပေးခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ပါတယ်။
2021-07-22
ကန်ချနဘူရီခရိုင် ထမကန်အပိုင်မှာရှိတဲ့ Vita Food Factory သစ်သီးဖျော်ရည်စက်ရုံက အလုပ်သမား ၄၀၀ ကို ဇူလိုင်လ ၂၁ ရက်နေ့က ကိုဗစ်ရောဂါ စစ်ဆေးတဲ့အခါ ၁၄၀ ဦးကျော်မှာ ပိုးတွေ့ခဲ့တာ ဖြစ်တယ်လို့ ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင် (FED) က အလုပ်သမားရေးတာဝန်ခံ ဦးမင်းဦးက ပြောပါတယ်။
2021-07-22
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့မှာ ကိုရိုနာကပ်ရောဂါပိုး ကူးစက်ခံရပြီး ဆေးရုံ ရောက်နေသူတွေဟာ အခန်းကျဥ်းတစ်ခုတည်းမှာ လူပေါင်းများစွာ ပိတ်လှောင် ထားသလို ဖြစ်နေတာကြောင့် ရောဂါအခြေအနေ ပိုဆိုးပြီး နေထိုင်စားသောက်ရေး အခက်တွေ့နေတယ်လို့ ဆေးရုံတက်ရောက်နေသူတွေက ပြောပါတယ်။
2021-07-22
စ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကွန်ဆိပ်ကျေးရွာက အသက် ၅၀ ကျော်အရွယ် ဦးသိန်းတင်ဟာ ဇူလိုင်လ ၂၁ ရက် မနေ့ည ၇ နာရီလောက်က စစ်ကောင်စီ တပ်သားတွေရဲ့ ကားနဲ့လိုက်တိုက်ပြီး သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-07-22
စစ်ကိုင်းတိုင်း ရွှေဘိုမြို့အထွက်မှာ ဇူလိုင်လ ၂၂ ရက် ဒီနေ့ညနေက အဝေးပြေး ကားကြီးကွင်းအနီးမှာရှိတဲ့ ချောင်းကူးတံတားကို ရဲတပ်ဖွဲ့ဝင် သုံးယောက်စီးလာတဲ့ ကားက ဝင်တိုက်တာကြောင့် ရဲတစ်ဦး ပွဲချင်းပြီး သေဆုံးသွားတယ်တို့ ရွှေ့ဘိုမြို့ခံတွေက ပြောပါတယ်။
2021-07-22
ဒီနေ့ ဇူလိုင် ၂၂ ရက်ဟာ မကွေးအကျဉ်းထောင်ထဲက အင်ဂျင်နီယာကျောင်းသား ကိုလျှံဖြိုးအောင်ရဲ့ ၂၃ နှစ်မြောက် မွေးနေ့ဖြစ်ပါတယ်။ ကိုလျှံဖြိုးအောင်ဟာ မျက်ကြည်လွှာ အစားထိုးဖို့နဲ့ ပစ်ခတ်ဖမ်းဆီးခံရတာကြောင့် ခန္ဓာကိုယ်အတွင်း ခဲဆိပ်တွေပျံ့နေလို့ အမြန်ခွဲစိတ်ဖို့လိုအပ်နေတဲ့သူပါ။ မွေးနေ့ရှင်မပါတဲ့မွေးနေ့မှာ သူ့အတွက် ရည်စူးပြီး ဘိုးဘွားရိပ်သာ၊ မိဘမဲ့ကလေးကျောင်းတွေမှာ အစာအာဟာရဒါနနဲ့ အောက်ဆီဂျင်ဒါနတွေကို မိသားစုက လှူဒါန်းပေးနေကြပါတယ်။