သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-07-22
ချင်းပြည်နယ် မင်းတပ်မြို့ကို ထောက်ပံ့ရေးပစ္စည်းတွေနဲ့အတူ ရောက်ရှိနေတဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ဝန်ထမ်းတွေဟာ ဒီကနေ့မှာလည်း မိသားစု ၁၆ ခုကိုသာ ထောက်ပံ့ရေးပစ္စည်းတွေ ပေးခွင့်ရတာကြောင့် စုစုပေါင်း ၃ ရက်အတွင်းမှာ ဒုက္ခသည်မိသားစု ၆၆ စုကိုပဲ ဖြန့်ဝေခွင့် ရသေးတယ်လို့ မင်းတပ်အခြေစိုက် ဘာသာရေးခေါင်းဆောင်တွေနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
2021-07-22
စစ်ကိုင်းတိုင်း ကလေးမြို့မှာ စစ်ကောင်စီတပ်တွေနဲ့ ကလေးပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအကြား တိုက်ပွဲတွေ ကြောင့် ကျေးရွာတွေမှာ ကိုယ်ထူကိုယ်ထ ကျန်းမာရေး စောင့်ရှောက်မှုတွေပေးနေတဲ့ ကိုဗစ်အတည်ပြုလူနာ ၄၀ ကျော်ဟာ ဒီနေ့အထိ တောတောင်တွေထဲမှာ ထွက်ပြေးခိုလှုံနေကြရဆဲပဲလို့ ဒေသခံတွေက ပြောပါတယ်။
2021-07-22
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်မှု တဟုန်ထိုးမြင့်တက်နေပြီး လူသေဆုံးမှုများနေချိန် လူနာတွေကို မြေပြင်ဆင်းပြီး ကုသပေးနေတဲ့ စေတနာ့ဝန်ထမ်း ဆရာဝန်တွေကို စစ်ကောင်စီက ထောင်ချောက်ဆင် ဖမ်းဆီးတာတွေ လုပ်လာ ပါတယ်။
2021-07-22
မြန်မာ-တရုတ်နယ်စပ် ရွှေလီနဲ့ ကျယ်ဂေါင်မှာ ဧပြီလကစလို့လုပ်ငန်းတွေ ရပ်တန့်နေတာကြောင့် မြန်မာအလုပ်သမားတွေ အခက်အခဲဖြစ်နေတယ်လို့ ကျယ်ဂေါင်မှာ ကျောက်လုပ်ငန်းလုပ်ကိုင်နေသူ တစ်ယောက်က RFA ကို ပြောပါတယ်။
2021-07-22
စစ်ကိုင်းတိုင်း တန့်ဆည်မြို့ နယ် ကန်ကလေးကုန်းကျေးရွာမှာ စစ်ကောင်စီကို သတင်းပေးနေတဲ့ ပျူစောထီး အဖွဲ့ဝင်လို့ စွပ်စွဲခံထားရသူ အသက် ၂၄ နှစ်အရွယ် ကိုကျားကြီး ဆိုသူ ဒီနေ့သတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-07-22
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာ စံချိန်တင်မြင့်တက်လာနေပြီး သေဆုံးမှုတွေလည်း များလာနေပါတယ်။
2021-07-21
မြန်မာနိုင်ငံရဲ့ ကိုရိုနာ ကိုဗစ် ကူးစက်မှုတိုက်ဖျက်ရေးမှာ ကုလသမဂ္ဂ ရဲ့ လူသားချင်းစာနာကူညီရေး ကြားဝင်ဆောင်ရွက်ဖို့ အရေးတကြီး လိုအပ်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ SAC-M က ဇူလိုင်လ ၂၂ ရက်နေ့က ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
2021-07-21
ပြီးခဲ့တဲ့အပတ်က မြန်မာနိုင်ငံမှာ လူဦးရေရဲ့ ၅၀ရာခိုင်နှုန်း လောက်အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး၊ လူဦးရေ ၁၀သန်းကနေ ၁၅သန်းအထိ သေဆုံးနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက် ပါဝင်တဲ့ Asia Times မီဒီယာက ဆောင်းပါးတစ်ပုဒ်ကို ဘာသာပြန်ထားတဲ့ post တွေ ဆိုရှယ်မီဒီယာ အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့နေခဲ့ပါတယ်။ ဒီမူရင်း ဆောင်းပါးကို ရေးသားခဲ့တဲ့ အမေရိကန် နိုင်ငံ ဝါရှင်တန် တက္ကသိုလ်က မြန်မာ့အရေးလေ့လာသူ မေရီ ကာလာဟန်ကတော့ ဒါဟာ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမယ့် အရေအတွက်ကို ဆိုလိုတာမဟုတ်ဘူးလို့ ပြောပါတယ်။
2021-07-21
မြန်မာပြည်တဝန်း ကိုဗစ်လူနာရှင်တွေအတွက် လက်ရှိအကြီးမားဆုံး အခက်အခဲကတော့ အောက်စီဂျင် ရှာရခက်ခဲတဲ့ ပြဿနာပါပဲ။ ဒီအခက်အခဲကို ပြည်သူတွေ ဘယ်လိုဖြေရှင်းနေကြပါသလဲ။ လက်ရှိ ဖြစ်ပွားမှုအခြေအနေက ဘယ်လောက်ဆိုးဝါးနေပြီလဲ။
2021-07-21
ရန်ကုန်တိုင်း လှိုင်မြို့နယ် ပြည်လမ်း ကန်သာယာဆေးရုံက ဝန်ထမ်းတွေမှာ ကိုဗစ်ရောဂါ ကူးစက်ခံနေရပြီး ဆေးဝါးကုသမှု တစုံတရာ မရဖြစ်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြင်ပက ဆေးရုံလာတက်တဲ့ လူနာတွေထဲက ကိုဗစ်-၁၉ ကြောင့်သေဆုံးသူ ငါးဦး ရှိနေပြီး ဒီသေဆုံးမှုကို ပြင်ပကို မပေါက်ကြားဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။
2021-07-21
ရုရှားအနေနဲ့ မြန်မာစစ်အစိုးရကို လေယာဉ်အပါအဝင် စစ်ရေးဆိုင်ရာ အကူ အညီတွေ ဖြည့်စွမ်းပေးမယ်လို့ ရုရှားအစိုးရရဲ့ စစ်လက်နက်တင်ပို့ရောင်းချရေး ဆိုင်ရာ အကြီးအကဲက ပြောကြောင်း ဇူလိုင်လ ၂၁ ရက်နေ့က ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
2021-07-21
ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမိုရှေး ဟာ ဒီကနေ့ ညနေ ၄ နာရီ ၄၀ မိနစ်လောက်က ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ် စစ်ဆေး ရုံမှာ Covid-19 ရောဂါနဲ့ ကွယ်လွန်သွားပြီလို့ DKBA က RFA ကို အတည်ပြုပါတယ်။
2021-07-21
မန္တလေးတိုင်း မြင်းခြံမြို့စက်မှုဇုန်မှာ အောက်ဆီဂျင်ဖြည့်ပေးနေတဲ့ ဝပ်ရှော့ပိုင်ရှင် အပါအဝင် လူ ငါးယောက်ကို စစ်ကောင်စီက ဒီနေ့ ဇူလိုင် ၂၁ ရက် ညနေ ၅ နာရီမှာ အရပ်ဝတ်တွေနဲ့ ဖမ်းဆီးသွားတယ်လို့ မြင်းခြံမြို့ ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။
2021-07-21
ရန်ကုန်အခြေစိုက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ဝန်ထမ်းတွေဟာ ချင်းပြည်နယ် မင်းတပ်မြို့က စစ်ဘေးရှောင်တွေအတွက် အမိုးအကာ၊ ဆေးဝါးနဲ့ လူသုံးကုန် ပစ္စည်းတွေကို ကုန်ကားတစ်စီးအပြည့် သယ်ယူပြီး ဒုက္ခသည် မိသားစု တစ်ထောင် (လူဦးရေ ငါးထောင်) လောက်ကို ကူညီနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်းနဲ့ UNHCR ယာဉ်တန်း မင်းတပ်မြို့ကို ထွက်ခွာသွားပြီဖြစ်ကြောင်း ရန်ကုန်ရှိ UNHCR ရုံး ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဇွန်လ ၁၉ ရက်နေက တရားဝင် ဖော်ပြခဲ့ပါတယ်။
2021-07-21
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သေဆုံးမှုတွေ တစ်နေ့တခြားများလာနေပြီး အချိန်မီမထိန်းချုပ်နိုင်ရင် အခြေအနေတွေ ပိုမိုဆိုးရွားလာနိုင်တယ်လို့ ကိုဗစ်ကပ် ရောဂါ ထိန်းချုပ်ရေးမှာ အတွေ့အကြုံရှိတဲ့ ဆရာဝန်အချို့က ထောက်ပြကြပါတယ်။