သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-07-21
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ဇူလိုင်လ ၂၀ ရက် မနေ့ကတစ်ရက်တည်းမှာတင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့သူ ၁၆၀ ကျော်အထိ စံချိန်တင်တွေ့ရှိခဲ့ပြီး အဲဒီထဲမှာ တခြား မြို့နယ်တွေကနေ တာဝန်အရ ပြောင်းလာတဲ့ ရဲတပ်ဖွဲ့ဝင် လေးဆယ်ကျော်လည်း ပါဝင်တယ်လို့ ပရဟိအဖွဲ့တွေက ပြောပါတယ်။
2021-07-21
ချင်းပြည်နယ် မင်းတပ်မြို့မှာ စစ်ကောင်စီနဲ့ Chinland Defense Force - CDF မင်းတပ်တို့ အပစ်ရပ်ထားဖို့ ညှိနှိုင်းမရတာကြောင့် ဒီနေ့ ဇူလိုင် ၂၁ ရက် မနက်ပိုင်းကစပြီး တိုက်ပွဲပြန်ဖြစ်နေတယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အမည်မဖော်လိုသူ တစ်ယောက်က RFA ကို ပြောပါတယ်။
2021-07-21
မန္တလေးတိုင်း ကျောက်ဆည်မြို့ ဗလီကွင်းကျေးရွာရဲ့ ပျူစောထီးအဖွဲ့ခေါင်းဆောင် လို့ သတ်မှတ်ခံထားရပြီး စစ်ကောင်စီကို သတင်းပေးနေတယ်လို့ စွပ်စွဲခံထားရသူ ဦးစိန်မြင့်ကို သေမင်းမှတ်တမ်းအဖွဲ့ဝင်တွေက ဓါးနဲ့ထိုးခဲ့ရာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပါတယ်။
2021-07-21
စစ်တပ်နဲ့ ရခိုင့်တပ်တော် AA တို့ နှစ်နှစ်ကျော်ကြာအထိ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့တဲ့ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ စတဲ့မြို့နယ်တွေနဲ့ တခြားမြို့နယ်တွေက စစ်ဘေး ဒုက္ခသည်တွေဟာ သူတို့ရွာတွေအနီး စစ်တပ်ကစခန်းချထားတွေ၊ မိုင်းအန္တရာယ်တွေရှိနေလို့ နေရပ်မပြန်ရဲကြ တာလို့ ဒုက္ခသည်စခန်း တာဝန်ခံတွေနဲ့ ဒုက္ခသည်တွေက RFA ကို ပြောပါတယ်။
2021-07-21
သံလွင်သွေးချင်း သတင်းဌာန အယ်ဒီတာချုပ် မမြဝန်းရံနဲ့ သူမရဲ့သမီး နှစ်ယောက် တို့ကို စစ်ကောင်စီက ဇူလိုင် ၂၀ ရက်နေ့ ညပိုင်း တောင်ကြီးမြို့က နေအိမ်မှာ ဖမ်းဆီး သွားတယ်လို့ အမည်မဖော်လိုတဲ့ တောင်ကြီးမြို့ခံတစ်ယောက်က RFA ကို ပြောပါတယ်။
2021-07-21
မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ တိုင်း ဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်စိုးနိုင်ရဲ့ အမျိုးသမီး အပါအဝင် မိသားစုဝင်သုံးယောက်တို့ကို စစ်ကောင်စီက မနေ့က ဇူလိုင်လ ၂၀ ရက်နေ့က မြစ်သားမြို့မှာ ဖမ်းဆီးခံလိုက်ရ တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
2021-07-21
မြန်မာနိုင်ငံမှာ ကူးစက်မြန် ကိုဗစ်ကပ်ရောဂါထိန်းချုပ်ရေးအတွက် အခုနှစ်မှာ နိုင်ငံတစ်ဝန်း အသက် ၁၈ နှစ်အထက် လူဦးရေ ၅၀ ရာခိုင်နှုန်းအထက်ဖြစ်တဲ့ လူ ၁၆ သန်းခန့်အထိကို ကိုဗစ်ကာကွယ်ဆေးထိုးပေးဖို့ မျှော်မှန်းထားပြီး မနက်ဖြန် ဇူလိုင်လ ၂၂ ရက်နေ့မှာ တရုတ် နိုင်ငံက မှာယူထားတဲ့ ကာကွယ်ဆေးအလုံးရေ ခုနစ်သိန်းခွဲ စတင်ရောက်ရှိမှာဖြစ်တယ်လို့ ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာန ပြောခွင့်ရသူ ဒေါက်တာသန်းနိုင်စိုးက RFA ကို မနေ့ညနေကပြောပါတယ်။
2021-07-20
ရခိုင်ပြည်နယ်အတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရတာကြောင့် ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ အချိန် ၈ ရက်တာကာအတွင်း သေဆုံးသူ ဦးရေ ၄၇ ဦးရှိတယ်လို့ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။
2021-07-20
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဉာဏ်ဝင်း ဟာ စစ်တပ်အာဏာသိမ်းလိုက်တဲ့ အချိန်ကတည်းက ဖမ်းဆီးခံ ထားရပြီး ဇူလိုင်လ ၂၀ ရက်နေ့မှာတော့ စစ်ကောင်စီရဲ့ လက်ထဲမှာ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါပြီ။
2021-07-20
မြန်မာပြည်မှာ လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကို အာဏာသိမ်းစစ် ကောင်စီအနေနဲ့ နိုင်နိုင်နင်းနင်း ဖြေရှင်းနိုင်စွမ်း ရှိမှာမဟုတ်တဲ့အတွက် WHO အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေ အနေနဲ့ ချက်ခြင်း ဝင်ရောက်ဖြေရှင်းပေးဖို့ MEDAID International Foundation ခေါ်နိုင်ငံခြားရောက် မြန်မာ ဆေးပညာရှင်အဖွဲ့ ၂၇ ဖွဲ့က စုပေါင်းတောင်းဆိုလိုက်ပါတယ်။
2021-07-20
မြန်မာနဲ့နယ်စပ် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက် သုံးဆကျော် တိုးမြင့်လာကြောင်း ပြည်နယ်အမျိုးသား ကျန်းမာရေး ကော်မရှင်က ပြောကြောင်း AsiaNews သတင်းမှာ မနေ့က ဖော်ပြထားပါတယ်။
2021-07-20
စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နဲ့ အဲဒီနေ့မတိုင်ခင်က တရားရုံးမှာစွဲဆို ထားတဲ့ အမှုအမျိုး အစားတချို့ကို စစ်ကောင်စီက ပိတ်သိမ်းကြောင်း မနေ့က ဇူလိုင်လ ၂၀ ရက်နေ့စွဲနဲ့ ကြေညာလိုက်ပါတယ်။
2021-07-20
ပန်းချီပန်းပု စာပေအနုပညာလောကမှာ လူသိများထင်ရှားတဲ့ မော်ဒန်ပန်းပုဆရာ ဆန်နီညိမ်းဟာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဇူလိုင်လ ၂၀ ရက် မနေ့က ကွယ်လွန်သွားပါတယ်။
2021-07-20
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းခဲ့ချိန်ကစလို့ အခုထိ (၇) လ အတွင်း စီးပွားရေးထိခိုက်ခဲ့ရပြီး အလုပ်အကိုင်ပေါင်း တစ်သန်းနှစ်သိန်းလောက် ဆုံးရှုံးခဲ့ရကြောင်း ကုလသမဂ္ဂ နိုင်ငံတကာအလုပ်သမားအဖွဲ့ (ILO) က ထုတ်ပြန်ပါတယ်။
2021-07-20
စစ်ကောင်စီဘက်က သဘောတူညီချက်တွေ ချိုးဖောက်ပြီး ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတဲ့နေရာတွေထိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေရှိနေတာကြောင့် ကရင်နီတပ်မတော်နဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)တို့ ပြန်ပူးပေါင်းတိုက်နေတာလို့ KNDF ပြောခွင့်ရှိသူက RFA ကိုပြောပါတယ်။