သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-07-30
စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် တောင်ဖြူရွာမှာ ဇူလိုင်လ ၂၈ ရက်နေ့က ဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီက ထုတ်ပြန်တဲ့ သေဆုံးသူတွေဟာ ဖမ်းဆီးခံရပြီးမှ ပစ်သတ်ခံရသူတွေဖြစ်တယ်လို့ မင်းကင်းပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့ ပြောပါတယ်။
2021-07-30
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်ကအာဏာသိမ်းခဲ့တာ အခုဆိုအချိန် ခြောက်လ ပြည့်ခဲ့ပါပြီ။ ဒီခြောက်လတာ ကာလအတွင်းမှာ စစ်ကောင်စီက နိုင်ငံကို ကောင်းကောင်းမွန်မွန် ထိန်းသိမ်းနိုင်ခြင်း မရှိသေးသလို ပြည်သူတွေဟာလည်း အဘက်ဘက်က ဆင်းရဲဒုက္ခမျိုးစုံနဲ့ ပိုမိုရင်ဆိုင်နေကြရတယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
2021-07-30
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုတွေကို ကျန်းမာရေးဌာနက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေ ဒီနေ့ကစပြီး ထိုးပေးနေပါတယ်။
2021-07-30
ကျန်းမာရေးနဲ့ ပတ်သက်လို့ အသိပညာဗဟုသုတတွေကို မျှဝေပေးနေတဲ့ ဒေါက်တာ မြင့်ဦး (ဂျီပီ) ဟာ ဒီနေ့ ဇူလိုင် ၃၀ ရက် မနက်ပိုင်းမှာ ကိုဗစ်ရောဂါနဲ့ ကွယ်လွန်သွား တယ်လို့ သူရဲ့ မိသားစုဝင်ဆီက သိရပါတယ်။
2021-07-29
စစ်ကိုင်းတိုင်း ကနီမြို့နယ် ဇီးပင်တွင်းရွာ အနောက်ဘက် တောတွင်းမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ပြီး မြေမြုပ်ထားတဲ့ အလောင်းတွေကို ဇူလိုင်လ ၂၇ ရက်နေ့မှာ ဒေသခံတွေက တွေ့ရှိခဲ့ရပါတယ်။
2021-07-29
မန္တလေးမြို့၊ မြတောင်ကျောင်းတိုက်ထဲက ဘုန်းကြီးကျောင်းသုံးကျောင်းကို အရပ်ဝတ်နဲ့ လက်နက်ကိုင်တွေ မနေ့ကညနေ ၃ နာရီကျော်က၊ ရုတ်တရက် ဝင်ရောက်စီးနင်းပြီး ဆရာတော်နှစ်ပါးနဲ့ လူနှစ်ယောက်ကို ဖမ်းသွားပါတယ်။ အဲဒီမှာ လက်နက်တွေနဲ့ ဖောက်ခွဲရေးပစ္စည်းတွေ ဖမ်းမိတယ်လို့ စစ်ကောင်စီဘက်က မနေ့ညကကြေညာပါတယ်။
2021-07-29
မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ နိုင်ငံရေးနဲ့ ကပ်ရောဂါ အကျပ်အတည်း အခြေအနေတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ Arria meeting အလွတ်သဘောဆွေးနွေးပွဲ တစ်ခုကို မနေ့က ကျင်းပခဲ့ရာမှာ၊ စစ်တပ်က အာဏာသိမ်းထားတာ ၆လ ကြာခဲ့ပြီ ဖြစ်ပေမယ် မြန်မာနိုင်ငံမှာ အဖက်ဖက်က ယိုယွင်းကျဆင်းနေတဲ့ အခြေအနေတွေ အပြောင်းအလဲ မရှိတဲ့အတွက် စိတ်ပျက်မိကြောင်း ဒီအစည်းအဝေးကို တက်ရောက်လာသူတွေက ပြောကြားခဲ့ပြီး၊ မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို တင်ပြခဲ့ကြပါတယ်။
2021-07-29
လာမယ့်နှစ်ပတ်အတွင်း မြန်မာနိုင်ငံ လူဦးရေရဲ့ ထက်ဝက် ကိုဗစ်-ရောဂါပိုး ကူးစက်ခံရနိုင်ဖွယ်ရှိတယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Barbara Woodward က သတိပေးပြောကြားလိုက်ပါတယ်။
2021-07-29
လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်ကပ်ရောဂါ တတိယလှိုင်းအတွင်း မြန်မာပြည်သူတွေဟာ ရောဂါပိုးကူးစက်မှု အဆိုးရွားဆုံး အခြေအနေကို ရင်ဆိုင်ဖြေရှင်းနေကြရပါတယ်။ ဆေးရုံ၊ ဆေးခန်းတွေမှာ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝ မရတဲ့ အပြင် ဆေးကုသစရိတ် အောက်ဆီဂျင်ဘူးစရိတ် သူနာပြုစရိတ်တွေလည်း အဆမတန် မြင့်တက်နေတဲ့အတွက် ပြည်သူတွေ ဒုက္ခရောက်နေကြပါတယ်။
2021-07-29
မန္တလေးတိုင်း မြင်းခြံမြို့က အသက် ၂၅ နှစ်အရွယ် ကိုခန့်သော်ကို ရဲတပ်ဖွဲ့ဝင်တွေ က ဇူလိုင် ၂၈ ရက် မနေ့ည ၈ နာရီခန့်မှာ ဖမ်းဆီးထားတယ်လို့ ကိုခန့်သော်ရဲ့ မိသားစုဝင်က RFA ကို ပြောပါတယ်။
2021-07-29
မြန်မာ့စာပေလောကမှာ ထင်ရှားတဲ့ အသက် ၉၃ နှစ်ရွယ်ရှိ စာရေးဆရာကြီး မင်းယုဝေဟာ ဇူလိုင်လ ၂၉ ရက်နေ့ ဒီကနေ့မှာ ကွယ်လွန်သွားတယ်လို့ သိရပါတယ်။
2021-07-29
၂၀၂၀ ရွေးကောက်ပွဲရလဒ်တွေဟာ မဲစာရင်းမှားယွင်းတာ၊ တရားမဲ့ပြုကျင့်တာ ရှိနိုင်ပေမယ့် တစ်နိုင်ငံလုံး အတိုင်းတာနဲ့ ထွက်လာတဲ့ မဲရလဒ်ဟာ ပြည်သူ့ဆန္ဒကို ကိုယ်စားပြုတယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) က ဇူလိုင် ၂၈ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
2021-07-29
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ တောင်ဖြူရွာမှာ ဇူလိုင်လ ၂၈ ရက် မနေ့မနက်ပိုင်းက စစ်ကောင်စီတပ်၊ ပြည်သူ့စစ် နဲ့ ပျူစောထီးအဖွဲ့တွေရဲ့ ဝိုင်းဝန်းဖမ်းဆီးမှုကြောင့် မင်းကင်း PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅၇ ယောက် အဖမ်းခံခဲ့ရတယ်လို့ PDF တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။
2021-07-29
မွန်ပြည်နယ် သထုံမြို့နယ်က ဓာတ်ငွေ့ပိုက်လိုင်းတစ်ခု ဇူလိုင်လ ၂၇ ရက်ညနေက ဖျောက်ခွဲဖျက်ဆီးခံရတာဟာ သူတို့လက်ချက်မဟုတ်ဘူးလို့ ဒေသခံ PDF တပ်ဖွဲ့ဝင် တစ်ဦးက RFA ကို ဒီနေ့ညနေက ပြောပါတယ်။
2021-07-29
တနင်္သာရီတိုင်း ကော့သောင်းမြို့နယ် လန်ပိအဏ္ဏဝါ အမျိုးသားဥယျာဉ်ထဲက မော်ကင်း (ဆလုံတိုင်းရင်းသား) တွေနေတဲ့ မကြုံကလက်ကျေးရွာမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့တာနဲ့ ဆက်နွယ်ပြီး ဇူလိုင်လ ၂၈ ရက် ညနေကစလို့ စစ်တပ်နဲ့ရဲက ရွာကိုဝင်ရောက် စစ်ဆေးနေတဲ့အတွက် ရွာသားတစ်ရာကျော် ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ ရွာသားတွေက RFA ကို ဒီနေ့ပြောပါတယ်။