သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-07-29
ကိုဗစ်ကပ်ရောဂါကာလအတွင်း ရှမ်းတိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း တိုက်ပွဲတွေ ရပ်တန့်နိုင်ရေး အကူအညီတောင်းခံလာရင် ကြားဝင်ညှိနှိုင်းပေးဖို့ အဆင်သင့်ရှိတယ်လို့ ၀ တပ်ဖွဲ့က ပြောလိုက်ပါတယ်။ ကာလကြာရှည်ညှိနှိုင်းမှု မပြေလည်သေးတဲ့အချိန်မှာ ဘယ်အဖွဲ့ကမဆို ညှိနှိုင်းရေးကို တရားဝင်ကမ်းလှမ်းလာရင် လက်ခံရမှာဖြစ်တယ်လို့ ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ဘက်က တုံ့ပြန်ကြပါတယ်။
2021-07-29
မြန်မာနိုင်ငံမှာ ဒီနေ့ ဇူလိုင် ၂၉ ရက် နေ့လယ် ၃ နာရီ ၉ မိနစ်မှာ ကန့်ဘလူ မြေငလျင်စခန်းရဲ့ အရှေ့တောင်ဘက် ၄၂ မိုင်အကွာ၊ သပိတ်ကျင်းမြို့ရဲ့ အရှေ့တောင်ဘက် ၅ မိုင်အကွာကို ဗဟိုပြုပြီး အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်သွားတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။
2021-07-29
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ကုန်းကြီးကျေးရွာမှာ အသက် ၄၈ နှစ်အရွယ် ဦးမင်းမော် ဟာ ဇူလိုင်လ ၂၈ ရက် မနေ့ညနေက သတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။
2021-07-29
မြန်မာနိုင်ငံမှာ လက်ရှိရင်ဆိုင်နေရတဲ့ ကိုဗစ်ကပ်ရောဂါကာလအတွင်း ဆေးရုံ၊ ဆေးခန်းတွေက လူနာတွေကို လက်ခံကုသမပေးတာကြောင့် နေအိမ်မှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကုသရင်း သေဆုံးတာတွေ များလာနေတယ်လို့ အကူအညီပေးနေသူတွေနဲ့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေက RFA ကိုပြောပါတယ်။
2021-07-29
ဇူလိုင် ၂၇ ရက်နေ့က မန္တလေးမြို့ မဟာမြတ်မုနိဘုရားကြီး အရှေ့ဘက်ပေါက်အနီး ပစ်ခတ်ဖြိုခွင်းခံခဲ့ရတဲ့ မြတောင်သပိတ်စစ်ကြောင်းက သေဆုံးသူ မသူသူဇင်ရဲ့ ရုပ်အလောင်းကို စစ်တပ်က အခုချိန်ထိ ပြန်မပေးတဲ့အတွက် ရုပ်အလောင်းမပါဘဲ သက်ပျောက်ဆွမ်းကပ်ခဲ့ရတယ်လို့ မိသားစုနဲ့နီးစပ်သူတွေက RFA ကို ပြောပါတယ်။
2021-07-28
လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်ကပ်ရောဂါ တတိယလှိုင်းအတွင်း မြန်မာပြည်သူတွေဟာ ရောဂါပိုးကူးစက်မှု အဆိုးရွားဆုံး အခြေအနေကို ရင်ဆိုင် ဖြေရှင်းနေကြရပါတယ်။ ဆေးရုံဆေးခန်းတွေမှာ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝမရတဲ့ အပြင် ဆေးကုသစရိတ် အောက်ဆီဂျင်ဗူးစရိတ် သူနာပြုစရိတ်တွေလည်း အဆမတန်မြင့်တက်နေတဲ့အတွက် ပြည်သူတွေ ဒုက္ခရောက်နေကြပါတယ်။
2021-07-28
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှု နောက်ဆက်တွဲအခြေအနေကြား ကိုရိုနာ ဗိုင်းရပ်စ် တတိယလှိုင်းရဲ့ဒဏ်တွေကြောင့် လူရာနဲ့ချီ နေ့စဉ်သေဆုံးနေရသလို စားဝတ်နေရေးအတွက်လည်း အခြေခံစားသောက်ကုန်တွေကအစ ဈေးအဆမတန် ကြီးမြင့်နေပါတယ်။ ကြက်ဥဈေးဆိုရင် ဈေးနှစ်ဆကျော် တက်သွားပြီး ဈေးတက်သွားတဲ့ ကြက်ဥတွေကို လိုက်ဝယ် ပြီး ငွေငါးကျပ်နဲ့ အလှူအတန်း သဘောမျိုး ပြန်ရောင်းပေးတဲ့ လှုပ်ရှားမှုတွေလည်း ရှိလာနေပါတယ်။
2021-07-28
ကိုဗစ်ကပ်ရောဂါကြောင့် အသက်ကယ်အောက်ဆီဂျင်မရဘဲ သေဆုံးသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးစိုးမြင့်နဲ့ ဦးမိုးကျော်တို့ နှစ်ဦးလည်း ပြီးခဲ့တဲ့ရက်ပိုင်းက ပါဝင်သွားပါတယ်။
2021-07-28
မိုးသည်းထန်စွာ ရွာသွန်းနေတာကြောင့် ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်ထဲက ပီပင်ရင်း စစ်ဘေးဒုက္ခသည်စခန်း ဇူလိုင်လ ၂၈ ရက်နေ့က ရေနစ်မြုပ်နေတယ်လို့ စခန်းတာဝန်ခံ ဦးသိန်းကျော်မြက RFA ကိုပြောပါတယ်။
2021-07-28
မြန်မာနိုင်ငံဟာ ဒေသတွင်းမှာ ကိုရိုနာ ကိုဗစ်ဗိုင်းရပ်စ်ကူးစက်မှု အဓိကဖြန့်ဖြူးနေတဲ့နိုင်ငံ ဖြစ်လာဖွယ်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က သတိပေးလိုက်ပြီး၊ နိုင်ငံအတွင်း အပစ်အခတ်ရပ်စဲရေး အတွက်လည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တောင်းဆိုပေးဖို့ တိုက်တွန်းလိုက်ပါတယ်။
2021-07-28
မြန်မာစစ်ကောင်စီနဲ့ ဆက်နွယ်နေတဲ့ ကုမ္ပဏီကြီး ၁၈ ခုမှာ နိုင်ငံတကာဘဏ်ကြီး ၁၉ ခုက အမေရိကန်ဒေါ်လာ ၆၅ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံထားကြတယ်လို့ Justice For Myanmar အဖွဲ့က ဇူလိုင်လ ၂၈ ရက် နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
2021-07-28
ကာတွန်းပရိသတ်တွေရဲ့ အသည်းစွဲ စိန်မျောက်မျောက်၊ ရေမြင်းလေးနဲ့ နှင်းနှင်းလေးတို့အပါအဝင် ကာတွန်းဇာတ်ကောင်တွေ ဖန်တီးခဲ့ပြီး၊ ကာတွန်းပုံပေါင်း ထောင်သောင်းချီ ရေးခဲ့တဲ့ အသက် ၇၅ နှစ်ရွယ် ကာတွန်းဆရာကြီး မြေဇာဟာ ကိုဗစ်ကပ်ရောဂါနဲ့ ဒီလ ၂၇ ရက်ညက ကွယ်လွန်သွားပါတယ်။
2021-07-28
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့မှာ ဇူလိုင်လ ၁ ရက်နေ့ကနေ ၂၇ ရက်နေ့ထိ coronavirus ကူးစက်ခံရသူ ၁၁၃၈ ဦး ရှိပြီး ဒီထဲက ၃ဝ ရာခိုင်နှုန်းလောက်က မြန်မာတွေ ဖြစ်တယ်လို့ မြန်မာရွှေ့ပြောင်းအလုပ်သမား အရေး ဆောင်ရွက်ပေးနေတဲ့ Map Foundation က ပြောခွင့်ရသူ နန်းလှယုန်က ပြောပါတယ်။
2021-07-28
မြန်မာနိုင်ငံဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းခဲ့ချိန်ကစပြီး ကမ္ဘာပေါ်မှာ စာနယ်ဇင်းသမားတွေကို အများဆုံး ဖမ်းဆီးထောင်ချတဲ့ နိုင်ငံတစ်ခု ဖြစ်လာတယ်လို့ နယူးယောက်အခြေစိုက် CPJ စာနယ်ဇင်းသမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့က ပြောကြားလိုက်ပါတယ်။
2021-07-28
မန္တလေးမြို့က မြတောင်ကျောင်းရှေ့မှာ ဇူလိုင်လ ၂၇ ရက်နေ့က စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြနေချိန် အရပ်ဝတ်သေနတ်သမားတွေက ပစ်ခတ်ဖြိုခွဲလို့ သေဆုံးရတဲ့ မသူသူဇင်ရဲ့ အလောင်းကို မိသားစုက ပြန်မရရှိပါဘူး။