သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-07-01
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ဘဏ်တွေကနေ ငွေထုတ်ယူ ရတာ ခက်ခဲလာတာကို အခွင့်အရေးယူပြီး ရန်ကုန်မြို့မှာ ဘဏ်ကနေ ငွေထုတ်ယူ နိုင်ဖို့ တိုကင်ယူပေးမယ်ဆိုပြီးတော့ ငွေကြေးလိမ်လည်ခံရတာတွေ ဖြစ်ပေါ်နေတယ် လို့ လိမ်လည်ခံလိုက်ရသူတွေက RFA ကိုပြောပါတယ်။
2021-07-01
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မှာ ရန်ကုန်ကနေပြောင်းလာတဲ့ ကိုဗစ်ကာကွယ်ဆေးထိုးပြီးသား နယ်ခြားစောင့် ရဲဝန်ထမ်း နှစ်ဦးမှာ မနေ့က ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိရတယ်လို့ ဘူးသီးတောင် ဆေးရုံအုပ်ကြီး ဒေါက်တာ စောမင်းသိန်းက RFA ကို ဒီနေ့မနက်က ပြောပါတယ်။