သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-07-28
စစ်ကိုင်းတိုင်း ကနီမြို့နယ်၊ ဇီးပင်တွင်းရွာအနီးမှာ အခုလ ၂၆ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ခဲ့ပြီးနောက် ဇူလိုင် ၂၇ ရက် မနေ့က ရွာအနီးက တောထဲမှာ တစ်ချိန်တည်းတစ်ပြိုင်တည်း အသတ် ခံထားရတယ်လို့ ယူဆရတဲ့ ရုပ်အလောင်း ဆယ်ခုကျော် တွေ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကနီ ဒေသခံတွေက ပြောပါတယ်။
2021-07-28
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှု တွေကြောင့် အခု ၂၀၂၁ နှစ်ကုန်ပိုင်းမှာ မြန်မာ့စီးပွားရေး ၁၀ ရာခိုင်နှုန်းခန့် ကျဆင်းနိုင်တယ်လို့ အာဏာသိမ်းပြီးတစ်လအကြာ မတ်လထဲမှာ ကမ္ဘာ့ဘဏ်က ခန့်မှန်းတွက်ချက်ခဲ့တာပါ။
2021-07-28
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်က ဒုက္ခသည် သုံးထောင်ကျော် ခိုလှုံနေတဲ့ တိမ်ညိုစစ်ဘေးဒုက္ခသည် စခန်းမှာ မိုးတွေသည်းထန်စွာ ရွာသွန်းနေရာ ရေကြီးရေလျှံနေလို့ ဒုက္ခသည်တွေ အခက်အခဲဖြစ်နေကြပါတယ်။
2021-07-28
ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ်-၁၉) တတိယလှိုင်း ကူးစက်သေဆုံးနှုန်းတွေ ပြင်းထန်နေချိန်မှာ တစ်မိသားစုလုံး ရောဂါပိုးကူးစက်ခံထားရတဲ့အိမ်တွေဆိုရင် အလံဖြူ ဒါမှမဟုတ် အလံဝါ ထောင်ထားကြပြီး အစားအစာနဲ့ ဆေးဝါးအကူအညီလိုအပ်နေတာမို့ တတ်နိုင်တဲ့သူတွေနဲ့ ပရဟိတအဖွဲ့တွေက အခမဲ့ သွားရောက်လှူဒါန်း ကူညီပေးနေကြပါတယ်။
2021-07-28
ဧရာဝတီတိုင်း ဓနုဖြူမြို့က ဖိုးမြဲသုသာန်မှာ မီးသင်္ဂြိုဟ်စက်ပျက်နေလို့ အခုရက် ပိုင်းအတွင်း သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ယာယီမြေမြှုပ်သင်္ဂြိုဟ်နေ ရတယ်လို့ ဓနုဖြူမြို့နယ်က ပရဟိတအဖွဲ့ဝင် တစ်ယောက်က RFA ကို ပြောပါတယ်။
2021-07-28
ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ ဒေသကာကွယ်ရေး CDF အဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ရဲ့ တစ်ကျော့ပြန် တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပြီး ဇူလိုင် ၂၇ ရက် မနေ့က စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်လာလို့ ရွာပေါင်း ၂၀ က ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-07-28
ရခိုင်ပြည်နယ် စစ်တွေပြည်သူ့ဆေးရုံမှာ ကိုယ်ဝန်ရှစ်လလွယ်ထားရတဲ့ ကိုရိုနာ ဗိုင်းရပ်စ်ပိုးတွေ့လူနာ အမျိုးသမီးတစ်ဦး ဇူလိုင် ၂၈ ရက် ဒီနေ့မနက်က သေဆုံး သွားခဲ့တယ်လို့ စစ်တွေမြို့ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးသန်းရွှေက RFA ကို ပြောပါတယ်။
2021-07-28
မကွေးတိုင်း ဂန့်ဂေါ-ထီးလင်း လမ်းပေါ်မှာ စစ်ကောင်စီယာဉ်တန်းကို ယောဒေသကာကွယ်ရေးအဖွဲ့ YDF က ဒီနေ့ ဇူလိုင် ၂၈ ရက်၊ မနက် ၇ နာရီခွဲအချိန်က မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ အမည်မဖော်လိုသူ YDF အဖွဲဝင်တစ်ယောက်က RFA ကို အတည်ပြုပြောပါတယ်။
2021-07-28
မန္တလေးမြို့က စာရေးဆရာ သိုက်ထွန်းသက်ဟာ မန္တလေးဆေးရုံကြီးမှာ ကိုဗစ် ရောဂါနဲ့ တက်ရောက်ဆေးကုသခံယူရင်း ဇူလိုင်လ ၂၈ ရက် ဒီနေ့မနက်မှာ ကွယ်လွန်သွားပါတယ်။
2021-07-28
ရခိုင်ပြည်နယ် သံတွဲမြို့မှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ဇူလိုင် ၂၇ ရက် မနေ့က တစ်မြို့လုံးနီးပါး ရေနစ်မြုပ်ခဲ့ပြီး ဒီနေ့မနက်က ရေပြန်ကျသွားပေမယ့် ဒေသခံတွေ စားဝတ်နေရေး အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေနဲ့ ကူညီဆောင်ရွက်ပေးနေတဲ့သူတွေက RFA ကိုပြောပါတယ်။
2021-07-28
ဇူလိုင် ၂၆ ရက်နေ့က ရွေးကောက်ပွဲရလဒ် ပယ်ဖျက်တယ်လို့ စစ်ကောင်စီက ကြေညာလိုက်တာဟာ မူလအချုပ်အခြာအာဏာပိုင်ရှင်ဖြစ်တဲ့ ပြည်သူ့အာဏာကို မချေဖျက်နိုင်ဘူးလို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဇူလိုင် ၂၇ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။
2021-07-27
စစ်အာဏာသိမ်း ခြောက်လတာကာလအတွင်း တိုင်းပြည်ရဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ် ပြိုလဲနေချိန်မှာ ပြည်သူတွေဟာ ကိုဗစ်ကုသရေး စင်တာတွေကို အားကိုးဖို့ထက် နေအိမ်တွေမှာပဲ ဗိုင်းရပ်စ်ရောဂါဆိုးကို အနိုင်တိုက်ထုတ်ဖို့ ကြိုးစားနေကြရပါတယ်။
2021-07-27
မြန်မာစစ်တပ်ဟာ အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ပြည်သူလူထုကို အားလျော့ သွားအောင် နှိမ်နှင်းဖို့အတွက် ကိုဗစ် ၁၉ ကပ်ရောဂါကို အသုံးချခဲ့တာဖြစ်တယ်လို့ မြန်မာနိုင်ငံက ဖြစ်ရပ်တွေကို စောင့်ကြည့်နေတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးက ပြောလိုက်ပါတယ်။
2021-07-27
မန္တလေးမြို့ မဟာမုနိဘုရားကြီးရှေ့မှာ ဇူလိုင် ၂၇ ရက် မနေ့က ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတဲ့ မြတောင်သပိတ်စစ်ကြောင်း အကြမ်းဖက်ပစ်ခတ်ခံခဲ့ရတဲ့အတွက် အမျိုးသမီးငယ် တစ်ဦး သေဆုံးပြီး ငါးဦးဖမ်းဆီးခံခဲ့ရတယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်သူတဦးက ပြောပါတယ်။
2021-07-27
RSF နယ်စည်းမခြား သတင်းသမားများအဖွဲ့က ၂၀၂၁ အတွက် ပြုစုတဲ့ သတင်းလွတ်လပ်ခွင့် ညွှန်းကိန်းမှာ နိုင်ငံ ၁၈၀ အနက် မြန်မာနိုင်ငံဟာ ၁၄၀ မြောက်ဖြစ်ပြီး ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း RSF ကအတည်ပြုနိုင်သလောက် သတင်းသမား ၄၃ ယောက် လောလောဆယ် အကျဉ်းကျနေတယ်လို့ ပြောပါတယ်။