သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-07-26
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမင်းအောင်နဲ့ သူနဲ့အတူ ဖမ်းဆီးခံခဲ့ရတဲ့ ပါတီဝင် ကိုသန့်ဇင်ဖြိုးတို့ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့မှုဥပဒေပုဒ်မ ၂၅ နဲ့ ဒီကနေ့ တောင်ကုတ် မြို့နယ် တရားရုံးမှာ စွဲချက်တင်လိုက်ပါတယ်။
2021-07-26
မြန်မာပြည်က ကိုဗစ်ဖြစ်ပွားမှု တိုက်ဖျက်ရေး နိုင်ငံတကာဝင်ရောက်ကူညီမယ့် အခြေအနေ၊ PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ အခြေအနေ၊ NUG အမျိုးသားညီညွတ်ရေးအစိုးရကို ကုလနဲ့ နိုင်ငံတကာ အသိအမှတ်ပြုရေး စတာတွေနဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက်ခေါင်းဆောင် ဦးမင်းကိုနိုင် ကို RFA အဖွဲ့သား ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်းထားပါတယ်။
2021-07-26
မြန်မာနိုင်ငံတောင်ပိုင်း ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းအတွင်းမှာ ဇူလိုင် ၂၅ ရက် မနေ့ကစပြီး မိုးကြီးရေလျှံမှုကြောင့် လူဦးရေ ၃၀၀၀ ခန့် ရေဘေး ဒုက္ခ ခံစားနေရတယ်လို့ ဒေသတွင်း ကူညီကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။
2021-07-26
အာဏာသိမ်းစစ်ကောင်စီက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို အကြမ်းဖက်ဖြိုခွင်းမှု၊ လူနေရပ်ကွက်တွေထဲထိ လိုက်လံပစ်ခတ်မှုတွေကြောင့် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းချိန်ကနေ အခုချိန်ထိ ခြောက်လနီးပါးကာလအတွင်း အသက် ၁၀ နှစ်ကနေ ၁၉ နှစ်အကြား လူငယ် ၁၀၀ ကျော် အသတ်ခံခဲ့ရပါတယ်။
2021-07-26
စစ်အာဏာသိမ်းမှုနဲ့ ကိုဗစ်ကပ်ရောဂါရဲ့ဒဏ်ကြောင့် မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးမှု နှုန်း နှစ်ဆ မြင့်တက်သွားနိုင်တယ်လို့ ကမ္ဘာ့ဘဏ်က အစီရင်ခံစာတစ်စောင် ဇူလိုင်လ ၂၅ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
2021-07-26
ချင်းပြည်နယ် မင်းတပ်မြို့နယ်ရှိ မကွီးအိမ်နူးမြို့က စစ်ကောင်စီနဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ပူးပေါင်းကင်းစခန်းတစ်ခုက စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၂၀ တို့ဟာ ဇူလိုင် ၂၄ ရက်နေ့က လက်နက်ခဲယမ်းတွေနဲ့အတူ မင်းတပ်ဒေသ ကာကွယ်ရေး CDF အဖွဲ့ နဲ့ ပူးပေါင်းလိုက်ကြပါတယ်။
2021-07-26
ကချင်လူမျိုး ဦးမော်ထွန်းအောင်ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ကြောင်း ဇူလိုင်လ ၂၆ ရက် ဒီကနေ့ရက်စွဲနဲ့ ကြေညာလိုက်ပါတယ်။
2021-07-26
ရခိုင်ပြည်နယ်ထဲမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီး အောက်ဆီဂျင်လိုအပ်လို့ သေဆုံးမှုတွေ တစ်နေ့တခြားများနေတဲ့အတွက် စစ်တွေ၊ မြောက်ဦး၊ ကျောက် တော်၊ မင်းပြား၊ ပေါက်တော၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် စတဲ့မြို့နယ်တွေက အရပ်ဘက်အဖွဲ့ အစည်းတွေ၊ အလှူရှင်ရဲ့ အကူအညီနဲ့ အောက်ဆီဂျင်စက်ရုံတွေ ထူထောင်ဖို့ ကြိုးစားနေကြပါတယ်။
2021-07-26
ရန်ကုန်မြို့ အင်းစိန်မြို့နယ်ထဲက ရန်ကုန်မျက်မမြင်ကျောင်း (ခဝဲခြံ) မှာ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့ရှိသူ ကိုးယောက်အထိရှိနေပြီး လက်ရှိမှာ ဆေးဝါး အကူအညီ လိုအပ်နေတယ်လို့ ရန်ကုန်မျက်မမြင်ကျောင်း (ခဝဲခြံ) ရဲ့ကျောင်းအုပ် သိက္ခာတော်ရဆရာ ဦးသိန်းလွင် က RFA ကို ပြောပါတယ်။
2021-07-26
ချင်းပြည်နယ် မင်းတပ်မြို့ ဘဝသစ်ရပ်ကွက်မှာ ဇူလိုင်လ ၂၂ ရက်နေ့ ည ၁၁ နာရီ အချိန်လောက်က ကျန်းမာရေးဝန်ထမ်းတစ်ဦးရဲ့နေအိမ်ကို လက်နက်ကိုင်လူတစ်စု က ဝင်ရောက်ကာ သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကျန်းမာရေးဝန်ထမ်း ဒဏ်ရာရရှိခဲ့ပြီး သားဖြစ်သူကတော့ သေဆုံးခဲ့ပါတယ်။
2021-07-26
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးစည်သူရှိန်းရဲ့နေအိမ်မှာ ဇူလိုင် ၂၆ ရက် ဒီကနေ့မနက် ၄ နာရီလောက်က ဗုံးပေါက်ကွဲခဲ့ပြီး လူသေဆုံးထိခိုက်မှုမရှိပေမဲ့ နေအိမ်အနည်းငယ် ထိခိုက် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-07-26
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်တို့ရဲ့ အမှုတွေနဲ့ပတ်သက်လို့ ဇူလိုင်လ ၂၆ ရက်နေ့ ဒီနေ့ရုံးချိန်းမှာ စစ်ဆေးရမှာဖြစ်ပေမယ့် အမှုတွေကို မစစ်ဆေးဖြစ်ဘဲ ရုံးချိန်းတွေကို ထပ်မံရွှေ့ဆိုင်းလိုက်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဒေါ်မင်းမင်းစိုးက RFA ကို ပြောပါတယ်။
2021-07-26
ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းလိုက်ချိန်ကစလို့ မြန်မာနိုင်ငံ လျှပ်စစ်ဖြန့် ဖြူးရေး အခက်အခဲရှိပြီး လျှပ်စစ်မီတာခ မပေးဆောင်ရေး သပိတ်တိုက်ပွဲကြား မြို့ပြတွေမှာ မကြာခဏမီးပျက်တယ်လို့ Nikkei Asia က မနေ့က ဖော်ပြတဲ့ သတင်းဆောင်းပါးတစ်ပုဒ်မှာ ပါရှိပါတယ်။
2021-07-25
ရခိုင်ပြည်နယ် အပါအဝင် ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာကပ်ဘေးနဲ့ ရင်ဆိုင်နေရတာကြောင့် ကိုဗစ်ကာကွယ်ဆေးတွေကို ဘယ်နိုင်ငံထုတ်ပဲ ဖြစ်ဖြစ်၊ ဘယ်လိုကာကွယ်ဆေး အမျိုးအစားပဲဖြစ်ဖြစ် ထိုးနှံဖို့အခွင့်အရေးရရင် အားလုံးလက် လွှတ်မခံကြဖို့ ရက္ခိုင့်တပ်တော် (AA) ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က တိုက်တွန်းပြောဆိုလိုက်ပါတယ်။
2021-07-25
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA မှာ လက်မှတ် ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ စုစည်းထားတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ကနေ တစ်ပြည်လုံးမှာ ပျံ့နှံ့ဖြစ်ပွားနေတဲ့ Covid 19 ထိန်းချုပ်ရေးကော်မတီကို အဖွဲ့ဝင် ၁၁ ဦးနဲ့ ဇူလိုင် ၁၇ ရက်နေ့မှာ ဖွဲ့စည်းလိုက်တာ ဖြစ်ကြောင်း ဇူလိုင် ၂၄ ရက် နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။