သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-07-25
ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးတဲ့ နောက်ပိုင်း စစ်တပ်ပိုင် လုပ်ငန်း တွေနဲ့ ဆက်နွယ်တဲ့ လုပ်ငန်းတွေကို အမေရိကန်နိုင်ငံက တားမြစ်ပိတ်ဆို့ တာတွေ လုပ်ခဲ့ပေမယ့် ပြည်ပဝင်ငွေရအောင် မြန်မာ့သစ်လုပ်ငန်းက ဆောင်ရွက်ပေးနေတယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
2021-07-25
ချင်းပြည်နယ် မင်းတပ်မြို့မှာ ဒေသခံ ခုခံကာကွယ်ရေးတပ် CDF နဲ့ စစ်ကောင်စီတပ်တို့ကြား တကျော့ပြန် တိုက်ပွဲတွေပြန်ဖြစ်နေပါတယ်။
2021-07-25
ရွှေပြည်သာမြို့က ဝန်ထမ်းပေါင်းစုသပိတ်ဟာ ကိုဗစ် မကြောက်၊ ထောင် မကြောက်၊ ငါတို့ ရဲရဲတောက်၊ ရွှေပြည်သာကို လုံးဝအုပ်ချုပ်ခွင့် မရစေရ ဆိုတဲ့ စာတန်းတွေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဒီနေ့မနက်က ဆန္ဒပြခဲ့ကြပြီး သိပ်မကြာခင်မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက သပိတ်မှာပါဝင်တဲ့ ဆန္ဒပြလူငယ်တွေကို စစ်ကားတွေနဲ့ လှည့်လည်ရှာဖွေနေကြပါတယ်။
2021-07-25
နေအိမ်တွေမှာ ကုသနေရတဲ့ ကိုဗစ်လူနာတွေအနေနဲ့ ကပ်ရောဂါကို ကျော်လွှားနိုင်ဖို့ နီးစပ်ရာဆရာဝန်တွေနဲ့ တိုင်ပင်ပြီး ကုသနည်းလမ်းယူကြဖို့ ရန်ကုန်မြို့က ဆရာဝန်တစ်ဦးက တိုက်တွန်းလိုက်ပါတယ်။
2021-07-24
မြန်မာနိုင်ငံက အကျဉ်းထောင်တွေမှာ ကိုဗစ်- ၁၉ ကူးစက်မှုနဲ့ပတ်သက်ပြီး နိုင်ငံတကာ ကြက်ခြေနီအသင်း ICRC က ဇူလိုင် ၂၄ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။
2021-07-24
ရခိုင်ပြည်နယ်အတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ၊ သေဆုံးသူ အရေအတွက်ဟာ တစ်နေ့တခြားတိုးလာနေပြီး မနေ့က ညနေပိုင်းအထိ သေဆုံးသူ ၉၃ ဦးအထိ ရှိတယ်လို့ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဒီကနေ့ ဇူလိုင် ၂၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
2021-07-24
ကနီမြို့နယ်ထဲက စဖိုကြီး ၊ နတ်ကြီး ၊ သစ်ခက်နဲ့ ယင်းယိမ်း စတဲ့ရွာတွေထဲကို စစ်ကောင်စီတပ်တွေဟာ ချင်းတွင်း မြစ်ထဲမှာ နေရာယူထားတဲ့ ရေယာဉ်တွေ ပေါ်ကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2021-07-24
ရန်ကုန်မြို့ အင်းစိန်ထောင်မှာ ဇူလိုင် ၂၃ ရက် မနေ့က နိုင်ငံရေးအကျဉ်းသားတွေ ဆန္ဒပြခဲ့ကြတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ရိုက်နှက်ဖြိုခွဲခံရပြီးနောက် ဦးဆောင်ပါဝင်ခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂအဖွဲ့ချုပ် ဗဟိုအမှုဆောင်အဖွဲ့ဝင် ကိုဇော်ထက်နိုင် ခေါ် ဆစ်နိုင်နဲ့ တခြားနိုင်ငံရေးအကျဉ်းသားတွေ တိုက်ပိတ်ခံထားရတယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်က မနေ့က သတင်းထုတ် ပြန်ပါတယ်။
2021-07-23
ကိုဗစ်-၁၉ ဗိုင်းရပ်စ်ဟာ မြန်မာတပြည်လုံးကို ပြန့်ပွားကူးစက်နေပါပြီ။ ဒီအပတ် RFA စကားဝိုင်းအစီအစဉ်မှာ မြန်မာပြည်က ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှု ထိန်းသိမ်းနိုင်ခြင်း မရှိဖြစ်နေပုံနဲ့ အာဏာသိမ်းစစ်ကောာင်စီအပေါ် မြန်မာပြည်သူတွေရဲ့ ဆန့်ကျင်သဘောထားတိုးပွားလာမှုတွေကို နားဆင်ရမှာဖြစ်ပါတယ်။
2021-07-23
အင်းစိန်ထောင်မှာ နိုင်ငံရေးပုဒ်မတွေနဲ့ စွဲချက်တင် ဖမ်းဆီးခံနေရတဲ့ အကျဉ်းသား ရာပေါင်းများစွာ ဇူလိုင်လ ၂၃ ရက် မနေ့က ဆန္ဒပြခဲ့ကြရာမှာ စစ်တပ်က ညနေပိုင်း မှာ ဝင်ရောက်ပြီး အကြမ်းဖက်ဖြိုခွဲခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရေးအကျဉ်းသား တချို့ သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ပြီး ခေါင်းဆောင်အဖြစ် ယူဆသူတွေကို တိုက်ပိတ်ရိုက်နှက်မှုတွေ ရှိတယ်လို့လည်း အတည်မပြုနိုင်သေးတဲ့သတင်းတွေ ကနဦး ရရှိထားပါတယ်။
2021-07-23
ကယားပြည်နယ် ဘောလခဲမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီပြည်တပ်မတော် (K.A)၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ပူးပေါင်းအဖွဲ့တို့အကြား ဇူလိုင်လ ၁၈ ရက်နေ့က တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးနောက် နောက်ထပ်အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒုက္ခသည်ပေါင်းဟာ ဒီနေ့အထိ ၂၆၀၀ ကျော်အထိရှိနေတယ်လို့ ဒုက္ခသည်အရေးအကူအညီ ပေးနေသူတွေက ပြောပါတယ်။
2021-07-23
ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA တပ်ဖွဲ့က သူတို့ ထိန်းချုပ်နယ်မြေမှာ လူဦးရေ ငါးသိန်းအထိကို ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ် ဆေးထိုးဖို့ မျှော်မှန်းထားတယ်လို့ SSPP ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးစိုင်းဘုန်းဟန် က RFA ကို ဒီနေ့ပြောပါတယ်။
2021-07-23
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့က စစ်တပ်ပိုင် မြဝတီဘဏ်ကို ရွှေဘိုမြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့က ဒီကနေ့မနက်မှာ ဗုံးနဲ့တိုက်ခိုက်ခဲ့တဲ့အတွက် ဘဏ်မှာလုံခြုံ ရေးယူထားတဲ့ စစ်သားနှစ်ယောက် ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
2021-07-23
ဇူလိုင်လ ၂၃ ရက် ဒီကနေ့ မနက်ပိုင်းက ရန်ကုန် အင်းစိန်အကျဉ်းထောင်တွင်း ဆန္ဒပြမှုကို ထောင်အာဏာပိုင်တွေက အကြမ်းဖက်ဖြိုခွင်းပြီး လူအစုအပြုံလိုက် သေဆုံးတာမျိုး မဖြစ်အောင် တားဆီးပေးဖို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က အရေးပေါ် ကြေညာချက်တစ်စောင် ထုတ်ပြန်ပြီး တောင်းဆို လိုက်ပါတယ်။
2021-07-23
ထောင်တွင်း COVID-19 ကူးစက်ပြန့်ပွားမှုကို ကောင်းမွန်စွာ မကိုင်တွယ်နိုင် တာကြောင့် ဒီကနေ့ ဇူလိုင် ၂၃ ရက် မနက်ပိုင်းက ရန်ကုန်တိုင်း အင်းစိန်အကျဥ်း ထောင်အတွင်း နိုင်ငံရေးအကျဉ်းသားတွေရဲ့ ကန့်ကွက်ဆန္ဒပြမှုကို ငြိမ်းငြိမ်းချမ်းချမ်းကိုင်တွယ်ဖြေရှင်းဖို့ စစ်ကောင်စီ နဲ့ ထောင်အာဏာပိုင်တွေကို ဥရာပသမဂ္ဂအပါအဝင် ရန်ကုန်ရှိ သံရုံး ၁၆ ခုက ကြေညာချက်ထုတ်ပြီး တိုက်တွန်းလိုက် ပါတယ်။