သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-08-31
ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ ပတ်သက်ပြီး အကြမ်းဖက်မှုတိုက်ဖျက် ရေး ဥပဒေနဲ့ စွဲဆိုထားတဲ့အမှုတွေ ထဲက လူ ၃၅ ဦးကို စွဲဆိုထားတဲ့အမှု ၁၄ မှုကို ဆက်လက်ရုပ်သိမ်းပေးဖို့အတွက် သက်ဆိုင်ရာ တရားရုံးတွေကို အကြောင်းကြားထားကြောင်း စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်အစိုးရက မနေ့က ထုတ်ပြန်ပါတယ်။
2021-08-31
အစိုးရနှစ်ရပ် ရှိနေတယ်လို့ နိုင်ငံတကာက သိထားကြတဲ့ မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ ခွင့်ပြုချက်နဲ့ ရင်းနှီးမြှုပ်နှံနေတဲ့ လုပ်ငန်းတွေကို တရားမဝင် လုပ်ကိုင်မှုတွေအဖြစ် သတ်မှတ်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က ကြေညာလိုက် ပါတယ်။
2021-08-31
မကွေးတိုင်း ချောက်မြို့မှာ ဧရာဝတီမြစ်ရေတိုးလာတဲ့အတွက် မြေနိမ့်ပိုင်းက မြစ်ရေဝင်တဲ့ ရပ်ကွက်လေးခုလောက်က အိမ်ထောင်စုတွေ ရေးဘေးလွတ်ရာ ရှောင်ဖို့ ကြိုတင်ပြင်ဆင်နေကြရပြီး မနေ့မနက် ၆ နာရီခွဲကစလို့ မန္တလေးတိုင်း ဝမ်းတွင်းဆည်မှာလည်း ရေအဝင်များလို့ ဆည်ရေထိန်းတံခါးက ရေလွှတ်လိုက်တဲ့အတွက် ရက်ပိုင်းအတွင်း ဧရာဝတီမြစ်အောက်ပိုင်းမှာ ရေပိုများနိုင်မယ်လို့ မိုးလေဝဿစောင့်ကြည့်နေသူတွေက ပြောပါတယ်။
2021-08-31
စစ်တပ်အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်ကစလို့ အခုချိန်ထိ ၇ လအတွင်း အသတ်ခံရတဲ့သူ အယောက် ၁၃၀ နီးပါး ရှိနေပြီလို့ ချင်းရေးရာအဖွဲ့ချုပ်က မနေ့က သြဂုတ်လ ၃၁ ရက်နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
2021-08-31
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် ပျံကျကျေးရွာနဲ့ ကျခတ်ကျေးရွာအနားမှာ ဩဂုတ်လ ၃၁ ရက် ဒီနေ့ နေ့လယ် ၃ နာရီဝန်းကျင်ခန့်က အာဏာသိမ်းစစ်ကောင်စီ တပ်သား တွေပါလာတဲ့ စစ်ကား သုံးစီး မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေက ပြော ပါတယ်။
2021-08-31
တရုတ်နိုင်ငံ၊ ဆန်တုံးပြည်နယ် ဝမ်တင်မြို့ နန်ရှီး ရေထွက်ပစ္စည်း ထုတ်ပိုးတဲ့ လုပ်ငန်းမှာ မြန်မာအလုပ်သမား ၁၀၀ လောက် အဓမ္မအလုပ်ခိုင်းခံနေရပါတယ်။ သူတို့တွေထဲက လေးဆယ်လောက်ဟာ တရုတ်အာဏာပိုင်တွေရဲ့ ဖမ်းဆီးမှုကို ခံထားရပြီး နောက်ထပ် အလုပ်သမား ခြောက်ဆယ်လောက်ကတော့ အခြားစက်ရုံတွေကို ရွှေ့ပြောင်းခံလိုက်ရလို့ အဆက်အသွယ်ပြတ်နေတယ်လို့ အဓမ္မခိုင်းစေခံရသူတွေအရေး ဆောင်ရွက်နေတဲ့ ဝမ်တင်မြို့က မြန်မာအလုပ် သမားတစ်ဦးက ပြောပါတယ်။
2021-08-31
ရှမ်းပြည်နယ်မြောက်ပိုင်း ကြူကုတ်၊ ပန်ဆိုင်းနဲ့ မုံးကိုးဒေသဘက်မှာ စစ်တပ်နဲ့ MNDAA တပ်ဖွဲ့တွေအကြား ဩဂုတ် ၂၈ ရက်ကနေ ဒီကနေ့ ဩဂုတ် ၃၁ ရက်နေ့အထိ လေးရက်ဆက်တိုက် တိုက်ပွဲတွေပြင်းထန်နေပြီး မနေ့ကတော့ စစ်တပ်ဘက်က သေဆုံးရုပ်အလောင်း ၁၇ လောင်းကို စွန့်ပစ်ထားတာ တွေ့ရတယ်လို့ ဒေသအခြေစိုက် သတင်း မီဒီယာတွေနဲ့ ဒေသတွင်းနေထိုင်သူတွေက ပြောပါတယ်။
2021-08-31
ပဲခူးတိုင်း၊ အနောက်ခြမ်း လက်ပံတန်းမြို့နယ်ထဲက ရွာတစ်ရွာကို ဩဂုတ်လ ၂၃ ရက်နေ့ ညက စစ်ကောင်စီအဖွဲ့ဝင်တွေ ရောက်လာပြီး ပေါ်တာအတွက် လူအယောက် ၃၀ လောက်ပေးဖို့ ရွာရဲ့ အုပ်ချုပ်ရေးမှူးဆီမှာ တောင်းခဲ့တယ်လို့ ဒေသခံရွာသားတွေက RFA ကို ဒီကနေ့ ပြောပါတယ်။
2021-08-31
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူမျိုးမရှိဘူးလို့ ရဲရဲဝံ့ဝံ့ထုတ်ပြောကြဖို့ စစ်ကောင်စီက သူ့လက်အောက်ကဝန်ထမ်းတွေကို သြဂုတ်လအတွင်း လျှို့ဝှက်ညွှန်ကြားခဲ့ပါတယ်။
2021-08-31
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်ရိုဟင်ဂျာတွေအကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတဲ့ ရိုဟင်ဂျာ တစ်သိန်းကျော်ဟာ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေရတာ အခုဆိုရင် ဆယ်စုနှစ်တစ်ခုနီးပါး ကြာမြင့်လာခဲ့ပါပြီ။
2021-08-31
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်ချောင်အုပ်စုက ကိုဗစ် - ၁၉ ကပ်ဘေးကြောင့် စားဝတ်နေရေး အခက်အခဲဖြစ်နေကြတဲ့ အိမ်ထောင်စု ၂၀၀ ကျော်ထံ စားနပ်ရိက္ခာ ထောက်ပံ့ဖို့သွားတဲ့ မေတ္တာရှင်ပရဟိတအဖွဲ့ကို စစ်ကောင်စီဘက်က သွားလာခွင့်မပေးဘူးလို့ အဖွဲ့ဥက္ကဋ္ဌ ကိုစိုးဝင်း က RFA ကို ဒီနေ့ ပြောပါတယ်။
2021-08-31
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ သဲဖြူဝရွာမကျေးရွာရဲ့ အုပ်ချုပ်ရေးမှူးဟောင်း အသက် ၄၀ အရွယ် ဦးဓာတ်ဗူး (ခ) ဦးကျော်ဇင်မျိုးကို သြဂုတ်လ ၃၀ ရက်နေ့ မနေ့ညပိုင်းက စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ အရပ်ဝတ်တွေ လာရောက်ဖမ်းဆီးပြီးနောက် ရွာစည်သင်္ချိုင်းအနီးမှာ ပစ်သတ်သွားတယ်လို့ သဲဖြူဝရွာမ ဒေသခံတွေက RFA ကို ပြောပါတယ်။
2021-08-31
ပြည်တွင်းအခြေစိုက် Delta News Agency (DNA) ရဲ့ ဖျာပုံမြို့နယ် သတင်းထောက် ဟောင်း ကိုမျိုးစံစိုးကို စစ်ဆေးမေးမြန်းစရာရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အာဏာသိမ်းစစ်ကောင်စီက ဩဂုတ်လ ၃၀ ရက် မနေ့က ဖမ်းဆီးသွားပါတယ်။
2021-08-31
ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက် ရေး တပ်မတော် (KNLA) တပ်မဟာ (၅) ဒေသမှာ သြဂုတ်လအတွင်း တိုက်ပွဲ အကြိမ်ရေ (၁၃၀) ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၁၈ ဦးသေဆုံးကာ ၆၈ ဦးဒဏ်ရာရရှိခဲ့တယ်လို့ KNLA တပ်မဟာ (၅) က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
2021-08-31
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ထဲက ပြည်တော်သာရပ်ကွက်မှာ ဩဂုတ်လ ၃၁ ရက် ဒီနေ့ မနက် ၁၀ နာရီခွဲကျော်ခန့်က ရပ်ထားတဲ့ စစ်ကောင်စီရဲ့ကားပေါ် ပေါက်ကွဲမှုဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သားတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ လှည်းကူးဒေသခံက RFA ကို ပြောပါတယ်။