သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-08-31
၂၀၁၉ ဒီဇင်ဘာကစတင်ဖြစ်ပွားတဲ့ ကမ္ဘာ့ကပ်ရောဂါကြောင့် ကမ္ဘာတဝန်း လူ လေးသန်းခွဲကျော် သေဆုံးရပြီး မြန်မာနိုင်ငံမှာ လူတသောင်းခွဲကျော် သေဆုံး ရပါတယ်။
2021-08-30
ရှေ့လမှာကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အမျိုးသားညီညွတ်ရေး အစိုးရ NUG အနေနဲ့ မြန်မာ ပြည်သူတွေကို ကိုယ်စားပြုခွင့်ရလိမ့်မယ်လို့ မျှော်လင့် ကြောင်း မြန်မာ့အရေးကျွမ်းကျင်သူ ကုလသမဂ္ဂအရာရှိတွေ ပူးပေါင်းဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး အကြံပေးကောင်စီ SAC-M က တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။
2021-08-30
CDM မှာပါဝင်ပြီး ပြည်သူ့ဘက်ကို ကူးပြောင်းလာ ခဲ့တဲ့ ရန်ကုန်တိုင်း သတင်းရဲတပ်ဖွဲ့က ရဲမှူး တင်မင်းထွန်းက အရေးကြီးကာလရောက်လာပြီ ဖြစ်တဲ့အတွက် ပြည်တွင်းမှာ ရှိနေသေးတဲ့ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ NUG အမျိုးသားညီညွတ်ရေး အစိုးရနဲ့ ဆက်သွယ်ပူးပေါင်းကြဖို့ တိုက်တွန်း လိုက်ပါတယ်။
2021-08-30
ကျုံပျော်ရဲစခန်းအတွင်း သုံးနာရီကြာလောက် ဖမ်းဆီးစစ်ဆေးချိန်မှာ ဖခင်ဖြစ်သူ မန်းဂျော်နီ နေအိမ်ကို ဘယ်နှခါပြန်လာလဲ၊ ဒီလက်နက်ကိုင်အဖွဲ့အစည်းထဲ ဘယ်တုန်းက ရောက်သွားလဲ၊ မိသားစုနဲ့ အဆက်အသွယ်ရှိ၊ မရှိ… စတာတွေကို အဓိကမေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။
2021-08-30
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ထီးဟူသံကျေးရွာအခြေစိုက် နယ်ခြား စောင့်တပ် (BGF) အမှတ် (၁၀၂၁) တပ်ရင်းက တပ်သားတွေ ထွက်ပြေးနေတယ် ဆိုတဲ့သတင်း လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ပြောဆိုနေကြတာဟာ မဟုတ်မှန်ဘူးလို့ BGF တပ်နယ် (၂) ဗိုလ်မှူး စောတင်ဝင်းက RFA ကို ဒီနေ့ညနေက ပြောပါတယ်။
2021-08-30
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်ထဲက ကျေးရွာတချို့ကို စစ်ကောင်စီတပ်တွေက ဝင်ရောက်စီးနင်းပစ်ခတ်မှုတွေ လုပ်နေတာကြောင့် အချိန်ငါးရက်အတွင်း လူ ၁၁ ဦးလောက် သေဆုံးခဲ့ရပြီး လူငါးထောင်လောက်ဟာလည်း ကျေးရွာတွေအနီးတဝိုက်က တောတွေထဲကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-08-30
RFA က သီးခြားကောက်ယူထားတဲ့ စာရင်းတွေအရ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာ သိမ်းချိန်ကနေ အခုချိန်ထိ ခုနစ်လ နီးပါးကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်အချို့အပါအဝင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မနဲ့ ဖမ်းဆီးတရားစွဲခံထား ရတဲ့ NLD အစိုးရအဖွဲ့ဝင် စုစုပေါင်း ၄၅ ဦးထိ ရှိနေပါပြီ။
2021-08-30
ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် အမှတ်(၁)ရပ်ကွက်၊ သမိုင်း (၈) လမ်းမှာရှိတဲ့ မရမ်းကုန်း ကမ္ဘာ့ရတနာဘဏ်ခွဲထဲကို ဩဂုတ်လ ၃၀ ရက် ဒီနေ့မနက် ၁၁ နာရီခန့်က သေနတ်ကိုင်ထားတဲ့လူတစ်စု ဝင်ရောက်လာပြီး ဓားပြတိုက်သွား တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-08-30
မန္တလေးတိုင်း မြင်းခြံခရိုင် တောင်သာမြို့နယ်ထဲက စစ်ကောင်စီကခန့်ထားတဲ့ ဘုရားလှကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်နွယ်ဟာ ဩဂုတ်လ ၃၀ ရက် ဒီနေ့ မနက် ၁၀ နာရီခွဲဝန်းကျင်မှာ နဖူးကို သေနတ်နဲ့အပစ်ခံရပြီး သေဆုံးသွားပါတယ်။
2021-08-30
စစ်တပ်က အာဏာသိမ်းပြီးနောက် ချင်းပြည်နယ် တီးတိန်မြို့မှာ ကိုဗစ်ကပ်ရောဂါနဲ့ အလုပ်အကိုင်ရှားပါးမှု ဒဏ်ကို အလူးအလဲရင်ဆိုင်နေရတဲ့အတွက် ဒေါ်ဇမ်ခန့်ကျိမ်တစ်ယောက် မိသားစုကို ဝဝလင်လင်ရှာ ဖွေကျွေးမွေးဖို့ ခက်ခဲလာပါတယ်။
2021-08-30
ရန်ကုန်တိုင်း မှော်ဘီမြို့နယ် လျှပ်စစ်ရုံးအနားမှာ ဩဂုတ်လ ၃၀ ရက် ဒီနေ့ မနက် ၁၀ နာရီဝန်းကျင်က ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့ပြီး အမှိုက်ကောက်တဲ့ အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦး လက်ချောင်းလေးတွေ ပြတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-08-30
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်က အာဏာသိမ်းလိုက်တဲ့ မြန်မာ စစ်တပ်နဲ့ စစ်ရေး ဆက်ဆံရေး အထူးကောင်းမွန်တဲ့ ရုရှားနိုင်ငံဟာ မြန်မာနဲ့ ၁၉၄၈ ခု ဖေဖော်ဝါရီမှာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး စတင်ခဲ့ပါတယ်။ စစ်ရေးပူးပေါင်းဆောင်ရွက်မှုက ရှစ်လေးလုံး အရေးတော်ပုံကြီးအပြီး ၁၉၉၀ ပြည့်နှစ်က အစပျိုးလာပေမယ့် ၂၀၀၀ ပြည့်နှစ်လွန်ပိုင်းတွေမှာ ပိုလို့ အရှိန်မြင့်လာပါတယ်။
2021-08-29
ရန်ကုန်မြို့ ကမာရွတ်မြို့နယ်က လှည်းတန်းလမ်းဆုံ၊ အင်းစိန်မြို့နယ်က ဂျပန်လမ်း မီးပွိုင့်၊ ပေါက်တောဝ မီးပွိုင့်၊ BOC မီးပွိုင့်နဲ့ အင်းစိန်ဘူတာအနီး စတဲ့ နေရာ ငါးခုမှာ ဒီနေ့မနက် ၅ နာရီနဲ့ ၆ နာရီ၀န်းကျင်အချိန်တွေမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။
2021-08-29
ရှမ်းပြည်နယ်၊ မြောက်ပိုင်းမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့ပူးပေါင်းပြီး အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့တွေကို ပြန်လည် တိုက်ခိုက်နေပါတယ်။
2021-08-29
မန္တလေးတိုင်း မြင်းခြံမြို့နယ်ထဲမှာ စစ်ကောင်စီက ခန့်အပ်ထားတဲ့ ရန္တပိုကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြတ်စိုးကို သြဂုတ်လ ၂၈ ရက် မနေ့ညက သတ်ဖြတ်ခဲ့တယ်လို့ နှလုံးလှလူမိုက်ကြီးများအဖွဲ့က ထုတ်ပြန်ပါတယ်။