သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-08-04
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်ထဲက ကျေးရွာအုပ်ချုပ်ရေးမှူးတွေဟာ သြဂုတ်လဆန်းပိုင်းကစလို့ အစုလိုက်အပြုံလိုက် နုတ်ထွက်ကုန်ကြပါတယ်။
2021-08-04
သြဂုတ် ၃ ရက် မနေ့က (ကရင်နီ) ကယားပြည်နယ် ဘောလခဲနဲ့ ဖရူဆိုမြို့ အကြားက ထားလဲနဲ့ မားခရော်ရှေ့ ကျေးရွာတွေမှာ စစ်ကောင်စီနဲ့ ကရင်နီ အမျိုးသားကာကွယ်ရေးတပ် KNDF တို့ တိုက်ပွဲ လေးကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ၁၁ ဦးကျဆုံးပြီး ၂၀ ဦးထက်မနည်း ဒဏ်ရာရှိခဲ့တယ်လို့ KNDF က သတင်းထုတ်ပြန်ပါတယ်။
2021-08-04
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ တောင်ဖြူရွာမှာ ဇူလိုင် ၂၈ ရက်နေ့က ဖမ်းဆီးခံလိုက်ရတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF ၅၃ ယောက်ထဲက တစ်ယောက်ဟာ ကလေးမြို့၊ စစ်ကြောရေးစခန်းမှာ သြဂုတ် ၃ ရက် မနေ့က သေဆုံးသွားတယ်လို့ မင်းကင်းမြို့နယ် PDF တပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
2021-08-04
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှာ ကိုယ်ထူကိုယ်ထ ဆောက်လုပ်ထားတဲ့ နန်းရိပ် ကရုဏာ အောက်ဆီဂျင် အခမဲ့စက်ရုံဟာ လျှပ်စစ်မီးပြတ်တောက်နေတာကြောင့် မနေ့ ညနေ ၆ နာရီကတည်းက ရပ်နားထားရတယ်လို့ နန်းရိပ်ကရုဏာ အောက်ဆီ ဂျင်အခမဲ့ကူညီရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်ဝင်းရွှေက RFA ကို ပြောပါတယ်။
2021-08-03
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်းက ကိုဗစ်၁၉ ရောဂါပိုး ရှိမရှိ စစ်ဆေးမှု အားလုံးရဲ့ ၄၀ ရာခိုင်နှုန်းလောက်အထိ ပေါ့စတစ် အဖြေထွက်ခဲ့တဲ့ အတွက် ကမ္ဘာပေါ်မှာ အမြင့်ဆုံးနှုန်းထား ဖြစ်နေတယ်လို့ မြန်မာနိုင်ငံမှာ အလုပ်လုပ်နေတဲ့ NGO အဖွဲ့ အကြီးအကဲတစ်ဦးက ပြောဆိုလိုက်ပါတယ်။
2021-08-03
ဒီမိုကရေစီအစိုးရထံကနေ အဓမ္မအာဏာသိမ်းပြီးနောက်မှာ ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နဲ့ တခြား ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီး လေးဦးကို စစ်ခေါင်းဆောင်တွေက ဖမ်းဆီးတရားစွဲပြီး ပြီးခဲ့တဲ့မေလ ၃ဝ ရက်နေ့မှာ ပုဒ်မ ၅ဝ၅ (ခ) နဲ့ ထောင်ဒဏ် နှစ်နှစ်စီ ချမှတ်ခဲ့ပါတယ်။
2021-08-03
မြန်မာ့အကျပ်အတည်းကြောင့် ထောင်နဲ့ချီတဲ့ ပြည်သူတွေမှာ ပညာရေး၊ ကျန်းမာရေး၊ လူထုကိုယ်စားပြုအစိုးရရရှိရေး အပါအဝင်၊ လူသားချင်း စာနာကူညီရေး အစီအစဉ်တွေ ထိခိုက်နေရလို့၊ ပြည်သူတွေရဲ့ အခြေခံအခွင့် အရေးတွေရအောင် ကြိုးပမ်းမယ်လို့ ကုလသမဂ္ဂက ပြောလိုက်ပါတယ်။
2021-08-03
မြန်မာနိုင်ငံကို မတည်မငြိမ်ဖြစ်စေမယ့် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဘယ်လို ဆောင်ရွက်မှုကိုမှ အိန္ဒိယအနေနဲ့ ထောက်ခံမှာ မဟုတ်ဘူးလို့ ကုလသမဂ္ဂဆိုင်ရာ အိန္ဒိယအမြဲတမ်းကိုယ်စားလှယ်လည်းဖြစ်၊ သြဂုတ်လအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌ လည်းဖြစ်တဲ့ T S Tirumurti (တီအက်စ် တီရူမူရတီ) က ပြောလိုက်ပါတယ်။
2021-08-03
အာဏာသိမ်း စစ်ကောင်စီက ဖမ်းဆီးထားတဲ့ မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော် အရှင်အရိယာဝံသဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၂ ရက်နေ့မှာ ပြန်လည် လွတ်မြောက်လာပါတယ်။ ဆရာတော့်ကို အာဏာမသိမ်းခင် စစ်တပ်က ပုဒ်မနဲ့ အမှုဖွင့်ပြီး အာမခံပေးထားတာ ဖြစ်ပါတယ်။
2021-08-03
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့က မြို့တော်ခန်းမ အထွက်ပေါက်မှာ ဒီနေ့ ဩဂုတ်လ ၃ ရက် နေ့လယ် ၂ နာရီလောက်က ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ခဲ့ပြီး လုံခြုံရေးယူနေတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-08-03
သူနာပြုတက္ကသိုလ် (ရန်ကုန်) က တတိယနှစ်ကျောင်းသူ မသဉ္ဇာထွန်း ဟာ ဩဂုတ်လ ၂ ရက် မနေ့ ညနေပိုင်းက မကွေးတိုင်း ပေါက်မြို့နယ် ကင်းမရွာကနေ ကံမရွာကိုသွားတဲ့လမ်းမှာ စစ်ကောင်စီက ဖမ်းဆီးလိုက်တယ်လို့ သူနာပြုတက္ကသိုလ် (ရန်ကုန်) ကျောင်းသားသမဂ္ဂအဖွဲ့က ဒီနေ့ကြေညာချက် ထုတ်ပြန်ပါတယ်။
2021-08-03
အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ Online ကတဆင့် ကျင်းပတဲ့ နှစ်ပတ်လည် အစည်းအဝေးကနေ ဘရူနိုင်းနိုင်ငံ ဒုတိယနိုင်ငံခြားရေး ဝန်ကြီး Erywan Yusof ကို အထူးကိုယ်စားလှယ်အဖြစ် တနင်္လာနေ့က ရွေးချယ်ထားတယ်လို့ အမည်မဖော်လိုတဲ့ အာဆီယံသံတမန် နှစ်ဦးက AP သတင်းဌာနကို ပြောဆိုပါတယ်။
2021-08-03
တိုင်းရင်းသားဒေသတချို့မှာ ကိုဗစ်ရောဂါကာကွယ်ဆေးတွေ ရရှိနိုင်အောင် နယ်စပ်အခြေစိုက် တိုင်းရင်းသားအဖွဲ့တွေက စစ်ကောင်စီရဲ့ အကူအညီအပါဘဲ ကြိုးပမ်းနေကြတယ်လို့ ထိုင်းမြန်မာ နယ်စပ်မဲဆောက်မြို့မှာ ဆေးခန်းဖွင့်ထားတဲ့ ဒေါက်တာစင်သီယာမောင်က ပြောပါတယ်။
2021-08-03
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ထိန်းချုပ်နယ်မြေမှာရှိတဲ့ စစ်ဘေး ဒုက္ခသည်စခန်းတစ်ခုက အမျိုးသမီးနဲ့ ကလေးငယ်တွေဟာ အခုလိုမိုးရာသီမှာ ကျန်းမာရေးအတွက် ဆေးဝါးအခက်အခဲရှိနေတယ်လို့ ဒုက္ခသည်တွေနဲ့ စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။
2021-08-03
ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်မှာရှိတဲ့ မေတ္တာသင်္ဂဟနာရေးကူညီမှုအသင်းဟာ ကိုရိုနာကပ်ရောဂါ တတိယလှိုင်းကြောင့် သေဆုံးမှုတွေ စတင်မြင့်တက်လာတဲ့ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းကစလို့ အခုချိန်ထိ ရုပ်အလောင်းတွေကို သက်ဆိုင်ရာ သုသာန်တွေဆီ နေ့စဉ် ကူညီပို့ဆောင်ပေးနေပါတယ်။ အဲဒီအဖွဲ့မှာ အလောင်းတင်တဲ့ နာရေးကား ငါးစီးနဲ့အတူ စေတနာ့ဝန်ထမ်း လူငယ်အယောက် ၂၀ လောက်ပါဝင်ပြီး နေ့စဉ်ကူညီပေးနေတာပါ။