သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-08-03
ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းအထိ စစ်ကောင်စီရဲ့ စစ်ကြောရေးမှာ နှိပ်စက်ညှဉ်းပန်း မှုတွေကြောင့် သေဆုံးသူ အယောက် ၃၀ ရှိခဲ့ပါတယ်။ ဇူလိုင် ၃၀ ရက်နေ့မှာ ကလေးမြို့ခံ ကိုလန်ခန့်ထန်နဲ့ ရန်ကုန်က ရွှေနန်းတော်ရွှေဆိုင် ဖောက်ခွဲမှုမှာပါဝင် တယ်ဆိုပြီး ဖမ်းဆီးခံထားရတဲ့ ကိုထက်ကိုဦးတို့ နှစ်ယောက်လည်း စစ်ကြောရေးမှာ သေဆုံးခဲ့တဲ့အတွက် စုစုပေါင်း ၃၂ ယောက်အထိ ရှိလာပါပြီ။
2021-08-03
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရွာသန်းကျေးရွာက စစ်ကောင်စီသတင်းပေးဆိုသူ သားအဖနှစ်ယောက်ဟာ ဩဂုတ်လ ၂ ရက်နေ့ ည ၁၁ နာရီအချိန်က နေအိမ်မှာ သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2021-08-03
မန္တလေးတိုင်း ကျောက်ဆည်မြို့နယ် ဗလီကွင်းကျေးရွာက ပျူစောထီးအဖွဲ့ဝင် စစ်ကောင်စီကို သတင်းပေးနေတယ်လို့ စွပ်စွဲခံထားရသူ ဦးမျိုးခိုင်ကို သြဂုတ်လ ၃ ရက် ဒီနေ့မနက်က သေမင်းတမန်အဖွဲ့က သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ အဲဒီအဖွဲ့ဝင် တစ်ဦးက RFA ကို ပြောပါတယ်။
2021-08-03
ဒီကနေ့ သြဂုတ်လ ၃ ရက်နေ့ မန္တလေးမြို့ နေရာအနှံ့အပြားမှာ စစ်ကောင်စီ ယူနီဖောင်းဝတ် စစ်သားတွေက လမ်းတွေကိုပိတ်ပြီး လမ်းသွားလမ်းလာတွေကို နယ်ကျော်ကတ်မပါရင် သွားခွင့်မပြုဘဲ ဒဏ်ရိုက်စစ်ဆေး တာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-08-02
စစ်အာဏာသိမ်းမှုလက်အောက် ကိုဗစ်ကပ်ရောဂါနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံက အခြေအနေတချို့နဲ့ တချို့ အထည်ချုပ်စက်ရုံတွေ လည်ပတ်နေတဲ့အတွက် အလုပ်သမားတွေအဖို့ အန္တရာယ်မကင်းတဲ့ အကြောင်း တင်ပြထားပါတယ်။
2021-08-02
NUG အမျိုးသားညီညွတ်ရေးအစိုးရက D Day ခေါ်ပြီး လအနည်းငယ်အတွင်း အာဏာသိမ်းစစ်အုပ်စု ကျဆုံးပျောက်ပျက်သွားမှာဖြစ်တယ်လို့ တော်လှန်ရေးသမား တွေက ပြောပါတယ်။
2021-08-02
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် နာရီနဲ့အမျှ အကူအညီ လိုအပ်နေတဲ့ မြန်မာပြည်သူတွေအတွက် ဖြစ်နိုင်တာတွေ အားလုံး ကူညီထောက်ပံ့ကြဖို့ မြန်မာပြည်အတွက် ဆောင်ရွက်နေတဲ့ ဥရောပနိုင်ငံတွေက အဖွဲ့ ၁၆ ဖွဲ့က နိုင်ငံရေးခေါင်းဆောင်တွေ အားလုံးကို မနေ့က သြဂုတ်လ ၂ ရက်နေ့မှာ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
2021-08-02
စစ်ကောင်စီက မနေ့က သြဂုတ်လ ၁ ရက်နေ့က စတင်ဖွဲ့စည်းလိုက်တဲ့ အိမ်စောင့်အစိုးရကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မတရားအသင်းအဖြစ် သတ်မှတ်ကြောင်း ဩဂုတ်လ ၂ ရက်နေ့ ဒီကနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
2021-08-02
ပင်လယ်ပြင်က သင်္ဘောသားများအကြောင်းကို စာရေးသားလေ့ရှိတဲ့ စာရေးဆရာ အဏ္ဏဝါစိုးမိုးဟာ သြဂုတ်လ ၂ ရက် ဒီနေ့မနက် ၈ နာရီက ရန်ကုန်ဆေးရုံကြီးမှာ ကွယ်လွန်သွားတယ်လို့ သူ့ရဲ့တူတော်စပ်သူက လူမှုကွန်ရက်ကနေတဆင့် အသိပေး ထားပါတယ်။
2021-08-02
ASEAN အရှေ့တောင်အာရှနိုင်ငံများအသင်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် ခန့်အပ်ရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဘက်က အတည်ပြုပေးဖို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ဒီကနေ့ပဲ တိုက်တွန်းလိုက်တဲ့အကြောင်း Reuters သတင်းမှာ ဖော်ပြထား ပါတယ်။
2021-08-02
နေပြည်တော် ပျဉ်းမနားက ဆိုင်ကယ်သပိတ်စစ်ကြောင်းမှာ ပါဝင်တဲ့ လူငယ်သုံးဦး ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက သြဂုတ်လ ၁ ရက်နေ့ မနေ့ညက နေအိမ်တွေမှာ လိုက်လံဖမ်းဆီးခဲ့တယ်လို့ ပျဉ်းမနား မြို့ခံတစ်ဦးက ပြောပါတယ်။
2021-08-02
စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သူအချို့ကို စစ်ကောင်စီက သြဂုတ် ၂ ရက် ဒီကနေ့မှာ အကျဉ်းထောင်အသီးသီးကနေ ပြန်လွှတ်ပေးလိုက်ပြီး အဲဒီအထဲမှာ မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် အရှင် အရိယာဝံသာဘိဝံသ၊ ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ် တို့လို လူသိများထင်ရှားသူတွေနဲ့ (CDM) ဝန်ထမ်းအချို့ ပါဝင်တယ်လို့ ရှေ့နေတွေက ပြောပါတယ်။
2021-08-02
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဆူရ်ခွာမြို့က ဖမ်းဆီးထားတဲ့ ကက်သလစ် ဘုန်းတော်ကြီးတစ်ပါးနဲ့ ခရစ်ယာန် သင်းအုပ်ဆရာတစ်ဦးကို ကတိခံဝန်ချက်နဲ့ ပြန်လွှတ်ပေးမယ်လို့ ဟားခါး CDF အဖွဲ့က သြဂုတ်လ ၁ ရက်နေ့ မနေ့က ကြေညာချက်ထုတ်ပြီး ပြောလိုက်ပါတယ်။
2021-08-02
အာဏာသိမ်းစစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်ကောင်စီရဲ့ စီမံခန့်ခွဲရေးကော်မတီကို အိမ်စောင့်အစိုးရအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်တာဟာ နိုင်ငံတကာရဲ့ အသိအမှတ်ပြုခံရဖို့နဲ့ အာဏာကို ရေရှည်ဆက်ထိန်းချုပ်လိုတာ ကြောင့်ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဝေဖန်လိုက်ပါတယ်။
2021-08-02
ရခိုင်ပြည်နယ်မှာ ကိုဗစ်ရောဂါကူးစက်မှုနဲ့ သေဆုံးမှု တစ်နေ့တခြား တိုးလာ နေတာကြောင့် လူအများစု ဖြစ်သလိုနေထိုင်ရတဲ့ ဒုက္ခသည်စခန်းတွေမှာ ပိုပြီး စိုးရိမ်စရာကောင်းတဲ့ အခြေအနေ ဖြစ်လာတယ်လို့ ကူညီဆောင်ရွက်ပေးနေသူ တွေက ပြောပါတယ်။ တစ်ဖက်မှာလည်း ဒုက္ခသည်တွေဟာ စားဝတ်နေရေး အခက်အခဲနဲ့ ကြုံတွေ့နေရတာပါ။