သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-08-02
မကွေးတိုင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF အဖွဲ့ခေါင်းဆောင် ကိုဖိုးဌေး ဆိုသူဟာ ဩဂုတ်လ ၁ ရက်နေ့ ညနေပိုင်း က ဗဟင်းရွာရဲစခန်းရှေ့မှာ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားရင်း သေနတ်နဲ့ပစ်ခံရလို့ သေဆုံးသွားတယ်လို့ မြိုင်မြို့နယ် PDF က အမည်မဖော်လိုသူတစ်ဦးက RFA ကို ပြောပါတယ်။
2021-08-02
နိုင်ငံတောာ်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော် မြို့တော်ဝန် ဒေါက်တာမျိုးအောင်တို့ရဲ့အမှုတွေနဲ့ ပတ်သက်လို့ သြဂုတ်လ ၂ ရက်နေ့ ဒီနေ့ရုံးချိန်းမှာ စစ်ဆေးရမှာဖြစ်ပေမယ့် အမှုတွေကို မစစ်ဆေးဖြစ်ဘဲ ရုံးချိန်းတွေကို ထပ်မံရွှေ့ဆိုင်းလိုက်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေ ဒေါ်မင်းမင်းစိုး က RFA ကို ပြောပါတယ်။
2021-08-02
ဟာသသရုပ်ဆောင် မေတ္တာ (ခ) ဦးခင်မောင်မြင့် ဟာ ဒီနေ့ ဩဂုတ်လ ၂ ရက်နေ့ နေ့လယ်ပိုင်းမှာ ကွယ်လွန်သွားပြီလို့ သူ့ရဲ့သားဖြစ်သူက လူမှုကွန်ရက်ကတဆင့် အသိပေးရေးသားပါတယ်။
2021-08-02
အာဏာရှင်ဆန့်ကျင်ရေး CDM မှာပါဝင်ခဲ့လို့ ဖမ်းဆီးခံထားရတဲ့ ပင်းတယ မီးအိမ်ရှင်လို့ အများသိကြတဲ့ ပုသိမ် ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်ဟာ ဒီနေ့ ဩဂုတ်လ ၂ ရက်နေ့မှာ ပြန်လွတ်မြောက်လာပြီ ဖြစ်တယ်လို့ ဒေါက်တာသန်းမင်းထွဋ်ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားပါတယ်။
2021-08-02
စစ်တပ်အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက စစ်ကောင်စီက ဖမ်းဆီးထားတဲ့ မန္တလေးမြို့ မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော် အရှင်အရိယာဝံသာဘိဝံသဟာ ဒီကနေ့ ဇူလိုင် ၂ ရက်နေ့မှာ အိုးဘိုအကျဉ်းထောင် ကနေ ပြန်လွတ်လာပါတယ်။
2021-08-01
ရခိုင်ပြည်နယ်မှာ ဇူလိုင်လ ၃၁ ရက်နေ့ကနေ သြဂုတ်လ ၁ ရက် မနေ့ကအထိ အချိန် ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၁ ဦးအထိရှိနေတယ်လို့ ရခိုင်ပြည်နယ်ကျန်းမာရေးဦးစီးဌာနက ဒီနေ့ သြဂုတ်လ ၂ ရက်နေ့ မနက်ပိုင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
2021-08-01
စစ်ကောင်စီကို အိမ်စောင့်အစိုးရ ဆိုတဲ့နာမည်နဲ့ ပြောင်းလဲဖွဲ့စည်းပြီး နှစ်နှစ် အတွင်းမှာ ရွေးကောက်ပွဲကျင်းပမယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ကတိပေးပြောဆိုပါတယ်။
2021-08-01
ချင်းပြည်နယ် မင်းတပ်နဲ့ ကန်ပလက်မြို့တို့မှာ ဒေသကာကွယ်ရေး CDF အဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တစ်ကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ဆယ်ရက်တာ တိုက်ပွဲ အတွင်းမှာ CDF ဘက်က ၁၄ ဦး သေဆုံးပြီး စစ်ကောင်စီဘက်က တပ်ရင်းမှူး တစ်ဦးအပါအဝင် ၃၀ ဝန်းကျင် လောက် သေဆုံးတယ်လို့ မင်းတပ် CDF အဖွဲ့က ပြောပါတယ်။
2021-08-01
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အာဏာသိမ်း ခြောက်လပြည့်တဲ့ ဒီကနေ့မှာ လုပ်ငန်းဆောင်ရွက်နေတာတွေနဲ့ ပတ်သက်ပြီး မိန့်ခွန်းပြောကြားခဲ့ပါတယ်။
2021-08-01
စစ်ကောင်စီတပ်တွေကို ပြင်းပြင်းထန်ထန် ခုခံကာကွယ်နေတဲ့ မြို့တစ်မြို့ဖြစ်တဲ့ စစ်ကိုင်းတိုင်း ကနီမြို့၊ တောင်ပေါက်အရှေ့ရွာနားက တောထဲမှာ အသက် မပြည့်သေးတဲ့ ၁၄ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် အသတ်ခံထားရတဲ့ အမျိုးသား ၁၂ ဦးရဲ့ အလောင်းတွေကို ဒေသခံတွေ ဇူလိုင် ၃၁ ရက် မနေ့က တွေ့ရှိခဲ့ပါတယ်။
2021-08-01
စစ်တပ်က ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းပြီးနောက် ဖွဲ့စည်းထားတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ခြောက်လအကြာ သြဂုတ်လ ၁ ရက် ဒီနေ့မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖြစ် ပြင်ဆင်ဖွဲ့စည်း လိုက်တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
2021-08-01
စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာ စစ်ဘေးရှောင်ရင်း ဒေသခံရွာသား ၁၂ ယောက်တို့ရဲ့ အသတ်ခံထားရတဲ့ ရုပ်အလောင်းတွေ မနေ့က ဇူလိုင် ၃၁ ရက်မှာ ရွာသားတွေက ရှာဖွေတွေ့ခဲ့ရပါတယ်။ အဲဒီထဲက ညီအစ်ကို အရင်း သုံးယောက်တို့လည်း ပါဝင်ခဲ့ပါတယ်။ သူတို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတစ်ဦးကို မေးမြန်းထားပါတယ်။
2021-08-01
တရုတ်နိုင်ငံမှာ သွားရောက်အလုပ်လုပ်ရင်းကနေ နေရပ်ဇာတိ စစ်ကိုင်းတိုင်း ကလေးမြို့ကိုပြန်လာတဲ့ ကိုလန်ခန့်ထန် ဆိုသူဟာ သူစီးလာတဲ့ကားပေါ်မှာ စစ်ကောင်စီတပ်တွေက လက်နက်တွေနဲ့အတူတွေ့ လို့ အဖမ်းခံလိုက်ရပြီး နောက်နေ့ စစ်ကြောရေးမှာ သေဆုံးသွားခဲ့ပါတယ်။
2021-08-01
ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် ဌာနဆိုင်ရာ ရက်ရှည်ရုံးပိတ်ရက်တွေကို နောက်ထပ် တစ်ပတ်ထပ်တိုးပြီးကြေညာမယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သြဂုတ်လ ၁ ရက် ဒီနေ့ အာဏာရယူထားမှု ၆ လပြည့် မိန့်ခွန်းမှာ ထည့်သွင်းပြောခဲ့ပါတယ်။
2021-08-01
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခဲ့တာ ဒီနေ့ ၆ လ ပြည့်ခဲ့ပါပြီ။ လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေတွေအပေါ် ပြည်သူတွေရဲ့ ခံစားချက်နဲ့ ရှေ့မြန်မာ့နိုင်ငံရေး အလား အလာအပေါ် မျှော်လင့်ချက်တွေကို RFA ဝိုင်းတော်သား ကိုဂျေက တင်ပြထား ပါတယ်။