သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-09-28
Covid-19 Delta variant ကူးစက်ပျံ့နှံ့တဲ့အတွက် အရှေ့အာရှနဲ့ ပစိဖိတ်ဒေသ စီးပွားရေး နာလန်ပြန်ထူလာမယ့် အခွင့်အလမ်းနည်းပါးရတယ်လို့ ကမ္ဘာ့ဘဏ်က ဒီလ ၂၇ ရက်က ပြောကြားချိန်မှာ မြန်မာနိုင်ငံမှာ ဒေါ်လာဈေး အလွန်အမင်းတက်နေပါတယ်။
2021-09-28
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်တို့ရဲ့ အမှုတွေကို စစ်တင်ဘာ ၂၈ ရက် ဒီနေ့မှာ နေပြည်တော်က သီးသန့်အထူးတရားရုံးမှာပဲ ဆက်လက်စစ်ဆေးခဲ့ပါတယ်။
2021-09-28
မြန်မာနိုင်ငံမှာ ကျဆင်းနေတဲ့စီးပွားရေးကဏ္ဍကို ပြန်လည်နာလန်ထူဖို့ ဆောင်ရွက် ရာမှာ အထောက်အကူ ပြုနိုင်ဖို့ မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး စခန်းနှစ်ခုကို မကြာခင်ပြန်ဖွင့်နိုင်အောင် ကြိုးပမ်းနေတယ်လို့ ရခိုင်ပြည်နယ်စစ်ကောင်စီက ပြောပါတယ်။
2021-09-28
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ ငါးလကြာ အပစ်အခတ်ရပ်စဲမယ် ဆိုတဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ ကြေညာချက်ဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းတွေနဲ့ စစ်တပ်အကြား ဖြစ်ပေါ်နေတဲ့ စစ်ရေး အကျပ်အတည်း တွေကို ဖြေလျှော့ပြီး တစ်ဘက်မှာတော့ ခုခံစစ် ဆင်နွှဲနေတဲ့ PDF တွေကို နှိပ်ကွပ်ဖို့ ဖြစ်တယ်လို့ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေ၊ နိုင်ငံ ရေးလေ့လာသူတွေနဲ့ PDF တွေက သုံးသပ်ကြပါတယ်။
2021-09-28
မြန်မာနိုင်ငံက လူဦးရေသုံးသန်းဟာ လူသားချင်းစာနာမှုအကူအညီနဲ့ အကာ အကွယ်ပေးရေးဆိုင်ရာ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိုနှိုင်းရေးရုံး (UNOCHA) က စက်တင်ဘာလ ၂၇ ရက် မနေ့က ထုတ်ပြန်ပါတယ်။
2021-09-28
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာကျပ်ငွေစျေး ဆက်တိုက်ကျဆင်း လာပြီး စက်တင်ဘာလ ၂၈ ရက် ဒီကနေ့မှာတော့ ပြင်ပပေါက်စျေး တစ်ဒေါ်လာကို ကျပ် ၂၇၀၀ အထိ စံချိန်တင် မြင့်တက်သွားပါတယ်။
2021-09-28
RFA က သီးသန့်ကောက်ယူထားတဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတဲ့ အချိန် ရှစ်လနီးပါးကာလအတွင်း စစ်ကြောရေးမှာ သေဆုံးခဲ့ရတဲ့ ပြည်သူ ၅၄ ဦးအထိရှိလာပါပြီ။ ဒီအရေအတွက်ဟာ မတ်လကနေ အခု စက်တင် ဘာလ ၂၆ ရက်နေ့အထိ စာရင်းဖြစ်ပါတယ်။
2021-09-28
ရှမ်းပြည်နယ် (မြောက်ပိုင်း) တရုတ်နယ်စပ်အနားက မုံးကိုးဒေသမှာ စစ်ကောင်စီ တပ်တွေ ထိုးစစ်ဆင်တိုက်ခိုက် နေတာကြောင့် တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ ကိုးကန့်တပ်ဖွဲ့ဖြစ်တဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်တပ်မတော် (MNDAA) က စက်တင်ဘာလ ၂၈ ရက် ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
2021-09-28
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက စစ်အာဏာသိမ်းမှုအပေါ် ဆန္ဒပြလို့ဆိုပြီး ဖမ်းဆီးတရားစွဲခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ဂွမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲခေါင်ညွန့်၊ မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်း ဦးလူနီနဲ့ ဆန္ဒပြရာမှာ ပါဝင်ခဲ့သူ ကိုအောင်စိုးမင်းတို့ကို ဂွမြို့နယ် တရားရုံးကနေ စက်တင် ဘာလ ၂၇ ရက်နေ မနေ့မှာ ထောင်ဒဏ်အသီးသီး ချမှတ်လိုက်ပါတယ်။
2021-09-28
မန္တလေးတိုင်း၊ တောင်သာမြို့နယ် စံဦးရွာက ဒေသခံခုနစ်ဦးကို စစ်ကောင်စီတပ် သားတွေက စက်တင်ဘာလ ၂၆ ရက်နေ့မှာဖမ်းဆီးသွားခဲ့ပြီး ၃ ရက်မြောက်တဲ့ ဒီနေ့ချိန်အထိ အဆက်သွယ်မရဘူးလို့ ဒေသခံက ပြောပါတယ်။
2021-09-28
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ခင်ဦးမြို့ သရက်ပင်စုရွာက အသက် ၄၅ နှစ်အရွယ် ဦးဝင်းသူရဟာ စက်တင်ဘာလ ၂၈ ရက် ဒီနေ့ မနက် ၁၁ နာရီခွဲချိန်ခန့်မှာ သရက်ပင်စုရွာနဲ့ အင်းပတ်ရွာကြား ခင်ဦး - ရေဦး လမ်းမပေါ်မှာ သေနတ်ဒဏ် ရာတွေနဲ့ သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-09-28
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ပန်းရံရွာသားတစ်ဦး ပြီးခဲ့တဲ့အပတ်က စစ်ကောင်စီ တပ်သားတွေ ရွာထဲ ၀င်ရောက်ပစ်ခတ်ချိန်မှာပဲ ပစ်သတ်ခံခဲ့ရပြီး စက်တင်ဘာလ ၂၆ ရက်နေ့မှာမှ အလောင်းပြန်တွေ့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-09-28
ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ဆူးလေဘုရားလမ်းမပေါ် ဆူလေးရှန်ဂရီလာ ဟိုတယ်အနီးက စစ်ကောင်စီလက်အောက်ခံ ကျောက်တံတားမြို့နယ်ရဲစခန်းမှာ စက်တင်ဘာလ ၂၈ ရက် ဒီနေ့ မနက် ၇ နာရီခွဲအချိန်ခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပါ တယ်။
2021-09-27
နိုင်ငံတစ်ဝန်းမှာ လာမယ့် အောက်တိုဘာလ ၁ ရက်နေ့ကနေ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ အချိန် ငါးလကြာ စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေကို ဆက်လက်ရပ်စဲသွားမယ်လို့ စစ်ကောင်စီက စက်တင်ဘာလ ၂၇ ရက် မနေ့က ကြေညာပါတယ်။
2021-09-27
ကုလသမဂ္ဂ အထွေထွေညီလာခံ ၇၆ ကြိမ်မြောက် အစည်းအဝေးရဲ့ နောက်ဆုံးနေ့ကို မနေ့က နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်မှာ ကျင်းပပြီးစီးခဲ့ရာမှာ၊ နိုင်ငံခေါင်း ဆောင်အချို့နဲ့ အဖွဲ့ဝင်နိုင်ငံတွေက ကိုယ်စားလှယ်တွေ တက်ရောက်မိန့်ခွန်းပြောခဲ့ကြပေမယ့် မြန်မာနိုင်ငံကိုယ် စားပြု မိန့်ခွန်းပြောကြားမယ့်သူ မရှိခဲ့ပါဘူး။