သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-12-19
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန်တုံမြို့နယ်မှာ ဒီဇင်ဘာလ ၁၈ ရက် ညပိုင်းကနေ ဒီဇင်ဘာ ၁၉ ရက်မနက်အထိ စစ်ကောင်စီတပ်နဲ့ TNLA တပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-12-19
ဟုမ္မလင်းမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် နှစ်ထောင်ကျော်ရှိနေပြီး စားဝတ်နေရေးအခက်အခဲ ကြုံနေရပါတယ်။
2023-12-19
လူသားချင်းစာနာထောက်ထားမှု အကူအညီ လိုအပ်သူအရေအတွက်ဟာ စစ်တပ်အာဏာမသိမ်းခင်ကထက် ၁၉ ဆနီးပါးရှိလာတယ်လို့လည်း ဆိုပါတယ်။
2023-12-19
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖြစ် ဦးကျော်မိုးထွန်းကပဲ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် ဆက်ရှိနေမှာဖြစ်ပါတယ်။
2023-12-19
အနုပညာဆိုတာ ဘယ်ပစ္စည်းနဲ့မဆို ဖန်တီးလို့ရကြောင်း ပန်းချီဝါသနာပါပြီး ငွေကြေးမတတ်နိုင်တဲ့ လူငယ်တွေကို သိစေချင်တာလို့ ဆရာစံစံက ပြောပါတယ်။
2023-12-19
လိင်ပိုင်းဆိုင်ရာ မြူဆွယ်ပြောဆို (Sex Chat) ပြီး ခြိမ်းခြောက်ငွေညှစ်နေတဲ့အဖွဲ့ရဲ့ ခေါင်းဆောင်ကို မြန်မာနိုင်ငံကနေ ဖမ်းမိထားတယ်လို့ တရုတ်နိုင်ငံပိုင် CRI သတင်းဌာနက ဒီဇင်ဘာ ၁၉ ရက် ဒီနေ့ ဖော်ပြပါတယ်။
2023-12-19
စစ်ကောင်စီက ဖုန်းလိုင်းနဲ့ အင်တာနက် ဖြတ်ထားတဲ့ ကယားပြည်နယ်က ဒေသတချို့မှာ Starlink အင်တာနက်စနစ် သုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-12-19
ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ် ရန်လုံကျိုင်း နယ်စပ်ကုန်သွယ်ရေးဂိတ်ကို MNDAA က ဒီဇင်ဘာ ၁၈ ရက် ညနေပိုင်းမှာ သိမ်းပိုက်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-12-18
ဟားခါး ဘုံဇုံးရွာမှာရှိတဲ့ စစ်တပ်စခန်းကို ချင်းဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ ဒီဇင်ဘာ ၁၈ ရက်မှာ သိမ်းပိုက်လိုက်ပြီလို့ ချင်းအမျိုးသားတပ်မတော် (CNA) ရဲ့ ပြောခွင့်ရ ဆလိုင်းထက်နီက ပြောပါတယ်။
2023-12-18
မြန်မာအရေးနဲ့ ပတ်သက်ပြီး အာဆီယံနဲ့ ကုလသမဂ္ဂမျက်နှာစာတွေမှာ ပူးပေါင်းဆောင်ရွက်နိုင်မဲ့ အခြေအနေတွေကို အမေရိကန်နဲ့ ကမ္ဘောဒီးယား တို့က ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
2023-12-18
လက်ရှိမှာ ထိုင်းနိုင်ငံသားတွေ မလုပ်ကြတဲ့ အောက်ခြေသိမ်းအလုပ်တွေကို ကြုံသလို လုပ်ကိုင်နေကြရင်း နေ့စဉ်စားဝတ်နေရေးအဆင်ပြေအောင် ဖြေရှင်းနေရတယ်လို့ ဆိုပါတယ်။
2023-12-18
ဒီဇင်ဘာလထဲမှာဖြစ်တဲ့ တိုက်ပွဲကြောင့် ဒုက္ခသည်တွေ ထပ်တိုးလာတာကြောင့် စစ်ဘေးဒုက္ခသည်က သုံးသောင်းကျော်လောက်အထိ ရှိလာပါတယ်။
2023-12-18
တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ အထူးအယူခံ ဆုံးဖြတ်ပွဲကို သတင်းမီဒီယာတွေ၊ သံတမန်တွေနဲ့ လေ့လာသူတွေကို ဝင်ခွင့်မပေးဘဲ တံခါးပိတ်ပြုလုပ်ခဲ့တာပါ။
2023-12-18
တိုက်ပွဲဖြစ်တာမရှိဘဲ ဒီဇင်ဘာလ ၁၈ ရက် ညနေမှာ စစ်ကောင်စီက လေယာဉ်နဲ့ နှစ်ကြိမ်ဗုံးလာကြဲသွားတာဖြစ်ပြီး နေအိမ်သုံးလုံးလည်း ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
2023-12-18
ဂန့်ဂေါမြို့နယ်၊ ရှုံးရှီရွာထဲကို ဒီဇင်ဘာ ၁၅ ရက်နေ့မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခဲ့တာကြောင့် ကလေးတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးပြီး ငါးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။