သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-12-17
ကော့ကရိတ်-မြဝတီ အာရှလမ်းပေါ်က ကော့နွဲရွာ ချောင်းကူးတံတားဟာ ဖောက်ခွဲဖျက်ဆီးခံရပြီး ကျိုးကျပျက်စီးခဲ့ပါတယ်။
2023-12-17
ရေဦးနဲ့ ဒီပဲယင်းမြို့နယ်တွေမှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံ ငါးထောင်နီးပါး ထွက်ပြေးနေရပါတယ်။
2023-12-17
ပုလဲမြို့နယ်ထဲကရွာတွေကို စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးဝင်ရောက်နေတာကြောင့် ထွက်ပြေးရတဲ့ ဒေသခံ တစ်သောင်းကျော်ရှိလာပါတယ်။
2023-12-17
ဝင်ငွေခွန် နှစ်ရာခိုင်နှုန်းပေးဆောင်ဖို့ စစ်ကောင်စီက ထုတ်ပြန်လိုက်တဲ့အပေါ် ကန့်ကွက်ရှုတ်ချကြောင်း ထိုင်းရောက် မြန်မာလုပ်သားတွေ ဆန္ဒပြခဲ့ကြပါတယ်။
2023-12-17
ဆမီးမြို့မှာ စစ်ကောင်စီတပ်ဘက်က အခိုင်အမာစခန်းချထားတဲ့ ဗျူဟာကုန်းကို ရက္ခိုင့်တပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေပါတယ်။
2023-12-17
ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်သားတွေဟာ သာစည်ရွာက နေအိမ် ၅၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
2023-12-17
ခမ်းပါတ်မြို့ တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား သုံးဆယ်ခန့် သေဆုံးပြီး ၁၈ ဦးခန့် ဒဏ်ရာရခဲ့ပါတယ်။
2023-12-16
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး နိုင်ကောင်းရွတ်နဲ့ မွန်ပြည်နယ် ရေးမြို့နယ် မွန်ပြည်တော်လှန်ရေးတပ် (MSRF) အပါအဝင် တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တွေ တွေ့ဆုံပြီး စစ်ကောင်စီကို ပူးပေါင်းတိုက်ခိုက်သွားဖို့ ဆွေးနွေးခဲ့ကြပါတယ်။
2023-12-16
ကရင်ပြည်နယ် မြဝတီမြို့က စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) အဖွဲ့ ထိန်းချုပ်နယ်မြေက ကာစီနိုနဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာ မြန်မာနဲ့ နိုင်ငံခြားသားတွေ ပိတ်လှောင်ခံရပြီး အတင်းအဓမ္မအလုပ်ခိုင်းခံနေရတယ်လို့ ဒေသခံတွေနဲ့ အလုပ်လုပ်နေသူတွေက ပြောပါတယ်။
2023-12-16
ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်က ဗိုလ်ကြီးအဆင့်အပါအဝင် အရာရှိတွေ သေဆုံးခဲ့သလို ဗိုလ်မှူးအဆင့်အပါအဝင် စစ်သုံ့ပန်းတွေကို ဖမ်းဆီးမိထားတယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က သတင်းထုတ်ပြန်ပါတယ်။
2023-12-16
ရန်ကုန်တိုင်း၊ မြို့နယ် (၁၃) မြို့နယ်ထဲမှာ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး တစ်ဦးသေဆုံးခဲ့သလို ၁၃ ဦး ဒဏ်ရာရခဲ့ပါတယ်။
2023-12-16
ဆိပ်ဖြူ၊ ပေါက်နဲ့ ဆောမြို့နယ်ထဲကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့သလို စက်သေနတ်နဲ့ပါ ပစ်ခဲ့တာကြောင့် နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့ပါတယ်။
2023-12-16
ပုဏ္ဏားကျွန်းမြို့နယ်ထဲက ယိုးတရုတ် စစ်ဘေးဒုက္ခသည်စခန်းအတွက် အလှူရှင်မရှိဖြစ်လာပြီး စားနပ်ရိက္ခာပြတ်လပ်မှုနဲ့ ကြုံနေရပါတယ်။
2023-12-16
နမ့်ဆန်မြို့နယ် ငွန်ဆိုင်းရွာမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား တစ်ဦးသေဆုံးပြီး နေအိမ်လေးလုံး ထိမှန်ပျက်စီးခဲ့ပါတယ်။
2023-12-16
ရုရှားနိုင်ငံထုတ် SU-30 SME ဂျက်တိုက်လေယာဉ်နှစ်စီး စစ်ကောင်စီရဲ့လေတပ် (၇၆) နှစ်မြောက်နေ့မှာ တပ်တော်ဝင်ခဲ့ပါတယ်။