သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-12-15
ကော့ကရိတ်မြို့မှာ တိုက်ပွဲဖြစ်ပွားနေတဲ့ ၁၅ ရက်အတွင်း အရပ်သားပြည်သူ ၂ဝ ဦးခန့် သေဆုံးပြီး နေအိမ် ၁၅ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ PDF တပ်ဖွဲ့ ကျားဖြူစစ်ကြောင်း တပ်ခွဲ ၅ တာဝန်ရှိသူနဲ့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2023-12-15
တရုတ်အစိုးရဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပေါ် သြဇာလွှမ်းမိုးဖို့ ကြိုးစားနေတာ မှန်ပါပေမဲ့ ကိုင်တွယ်ထိန်းချုပ်နေတာတော့ မဟုတ်ပါဘူးလို့ မြန်မာ့အရေးလေ့လာသူတွေက ပြောပါတယ်။
2023-12-15
စစ်ကိုင်းတိုင်း မုံရွာအကျဥ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အရာရှိတွေက ညှဉ်းပန်းနှိပ်စက်နေတယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ဒီဇင်ဘာလ ၁၅ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။
2023-12-15
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ဆင်ရေးတွေအပါအဝင် ကရင်၊ ကရင်နီ၊ ချင်း၊ ကချင်၊ စစ်ကိုင်းနဲ့ ရခိုင်ပြည်နယ်တွေက စစ်ဆင်ရေးအလားအလာနဲ့ ပြည်သူ့ဘက်ခိုလှုံလာသူတွေ၊ လက်နက်ချလာတဲ့သူတွေကို ဘယ်လိုဆက်ဆံမလဲဆိုတဲ့အကြောင်း ဆွေးနွေးထားပါတယ်။
2023-12-15
စစ်ကောင်စီတပ်စခန်းတွေ အပါအဝင် မြို့ပေါင်းနှစ်ဆယ်ကျော်ကို တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ PDF တွေက သိမ်းယူထားပါပြီ။ လက်ရှိ စစ်ရေးပဋိပက္ခဟာ တိုင်းပြည်ရဲ့ နိုင်ငံရေးအလှည့်အပြောင်းကို ဦးတည်နေတယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
2023-12-15
သူတို့အားလုံးကို ချက်ချင်း အိမ်ပြန်ခွင့်မပေးဘဲ ဒေသအလိုက် နီးစပ်ရာ စစ်တပ်လေ့ကျင့်ရေးကျောင်းတွေကိုပို့ပြီး စစ်မှုပြန်ထမ်းဖို့ ဖိအားပေး ပြောဆိုခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အကျဉ်းသား မိသားစုဝင်တွေ၊ ထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
2023-12-15
ရန်ကုန်တိုင်း၊ ရွှေပြည်သာနဲ့ မြောက်ဒဂုံနှစ်မြို့နယ်မှာ ဒီဇင်ဘာ ၁၃ နဲ့ ၁၄ ရက်နေ့တွေက ဗုံးငါးလုံး ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-12-15
ဆောမြို့နယ် ကျောက်ထုအမြောက်တပ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ အရပ်သားတစ်ဦး သေဆုံးပြီး ရွာငါးရွာက ဒေသခံငါးထောင်ခန့်လည်း ဒီနေ့အထိ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
2023-12-15
စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီနဲ့ တရုတ်နိုင်ငံဘက်က ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက်ပိုင်း တိုက်ပွဲပြင်းထန်ခဲ့တဲ့ လောက်ကိုင်မြို့မှာ တိုက်ပွဲတွေ ရုတ်တရက် ရပ်တန့်သွားပါတယ်။
2023-12-15
စစ်ကောင်စီတပ်နဲ့ AA တို့ ယခင်တိုက်ပွဲကာလနဲ့ အခု တိုက်ပွဲကာလအတွင်း အရပ်သား ၄၃၀ ကျော်ကို စစ်တပ်က မတရားဖမ်းဆီးထားတယ်လို့ (AA) ပါဝင်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့က ဒီဇင်ဘာ ၁၄ ရက်က ထုတ်ပြန်ပါတယ်။
2023-12-15
မြန်မာ-ထိုင်းနယ်စပ်တစ်လျှောက်က စစ်ဘေးဒုက္ခသည်တွေကို လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေပေးဖို့ စစ်ကောင်စီနဲ့ပူးပေါင်းပြီး နှစ်နိုင်ငံပူးတွဲလုပ်ငန်းအဖွဲ့ ဖွဲ့မယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
2023-12-15
KIA ထိန်းချုပ်ရာ မိုင်ဂျာယန်မြို့ လူနေရပ်ကွက်တွေကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အထက်တန်းကျောင်းနဲ့ ကောလိပ် ကျောင်းက ကျောင်းသူ/သားတွေ အပါအဝင် မြို့ခံအားလုံးနီးပါး ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရပါတယ်။
2023-12-15
စစ်ကိုင်းတိုင်း ရေဦးမြို့ပေါ်ကနေ မြို့အနောက်ဘက်က ရွာတွေဘက်ကို စစ်ကောင်စီတပ်က စစ်ကြောင်း ထိုးလာတာကြောင့် ရွာခုနစ်ရွာခန့်က ဒေသခံ ငါးထောင်ခန့် ထွက်ပြေး တိမ်းရှောင်နေရပါတယ်။
2023-12-15
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းကုန်းကို မြောက်ပိုင်းညီနောင်သုံးဖွဲ့က ဝင်ရောက်တိုက်ခိုက်နေသလို စစ်ကောင်စီဘက်က လေကြောင်းကနေ ပြန်လည် တုံ့ပြန်တိုက်ခိုက်နေတာကြောင့် ဒီမနက်ပိုင်းအထိ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
2023-12-15
ရှမ်းပြည်နယ်တောင်ပိုင်းက ဓနုလူမျိုးတွေဟာ ခေတ်မီနည်းပညာတွေ၊ စက်တွေမသုံးဘဲ ရိုးရာဓလေ့အတိုင်းပဲ လယ်ယာလုပ်ကိုင်နေကြပါတယ်။