သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-01-04
“လွတ်ရက်စေ့လို့တော့ မဟုတ်ဘူး။ သူတို့လျှော့ပေးတဲ့ လျှော့ရက်နဲ့ လွတ်လာတာပါ။ တခြားသတင်းထောက်တွေ အင်းစိန်ထောင်ကနေ လွတ်တာမရှိပါဘူး။ သတင်းသမားတွေ အကျဉ်းကျခံနေရဆဲဖြစ်လို့ လွတ်မြောက်လာတဲ့အပေါ် အပြည့်အဝမပျော်နိုင်ပါဘူး” လို့ မသူဇာက ပြောပါတယ်။
2023-01-04
အာဏာသိမ်းပြီးချိန်ကစလို့ တစ်နှစ်ခွဲကျော်ကြာအောင် အင်တာနက်လိုင်းအပိတ်ခံထားရတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာလည်း မနေ့ကစပြီး အင်တာနက်ပြန်သုံးလို့ရနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
2023-01-04
ဒေါက်တာအမ်ကောန်လဟာ လွတ်ရက်စေ့ဖို့ နှစ်နှစ်နီးပါး ကျန်နေသေးပေမဲ့ ဒီကနေ့ လွတ်လပ်ရေးနေ့ စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွတ်ပေးလိုက်တဲ့ လူ ၇ဝဝဝ ကျော်ထဲ ပါဝင်လာတာပါ။
2023-01-04
တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ် လာရောက်ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည်တွေကို ဇန်နဝါရီလ ၁၅ ရက် နောက်ဆုံးထားပြီး နေရပ်ပြန်ဖို့ စစ်ကောင်စီက ဖိအားပေးနေတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။
2023-01-04
စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်စီးနင်းခံခဲ့ရတဲ့ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အလယ်ရှိုရွာမှာ ဇန်နဝါရီ ၄ ရက် ဒီနေ့အထိ အသက် ၁၇ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် အသတ်ခံရသူ ကိုးဦးအထိရှိလာပြီလို့ ဒေသခံတွေက ပြောပါတယ်။
2023-01-04
မြန်မာနိုင်ငံမှာ ၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေသလို ဒီမိုကရေစီ အင်အားစုတွေကလည်း တိုက်ပွဲတွေ ပြင်းထန်လာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။
2023-01-04
ရွှေဖီမြေသတင်းဌာနက အမျိုးသမီးသတင်းထောက် လွေးအမ်ဖောင် အပါဝင် အကျဉ်းသား (၁၀၁) ဦးဟာ ရှမ်းပြည်နယ် လားရှိုးအကျဉ်းထောင်ကနေ ဇန်နဝါရီလ ၄ ရက် ဒီကနေ့ နေ့လယ်ပိုင်းမှာ ပြန်လည်လွတ်မြောက်လာတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။
2023-01-04
ဇန်နဝါရီ ၄ ရက် ဒီနေ့ကျရောက်တဲ့ ၇၅ နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ကို စစ်ကောင်စီက နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးမြို့တို့မှာ လုံခြုံရေးအစောင့်အရှောက်များစွာနဲ့ ခမ်းခမ်းနားနား ကျင်းပခဲ့ပြီး အကျဉ်းသား ခုနစ်ထောင်ကျော်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။
2023-01-04
ရန်ကုန်တိုင်း၊ သာကေတမြို့နယ်က အသက် ၁၈ နှစ်အောက် ကလေးငယ်လေးဦးကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်မနေ့က ဒဂုံမြို့နယ် ကလေးသူငယ်တရားရုံးက လက်နက်များအက်ဥပဒေပုဒ်မ ၁၉ (စ) နဲ့ ထောင်သုံးနှစ်စီ ချမှတ်ခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက RFA ကို ပြောပါတယ်။
2023-01-04
မန္တလေးတိုင်း၊ ရမည်းသင်းထောင်နဲ့ ပဲခူးတိုင်း၊ ပြည်မြို့ အကျဉ်းထောင်ကနေ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လွတ်ငြိမ်းသက်သာခွင့်နဲ့ နိုင်ငံရေးအကျဉ်းသား ၇၁ ဦး ပြန်လည်လွတ်မြောက်လာတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
2023-01-04
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက် နေ့အထိ နှစ်နှစ်နီးပါးကာလအတွင်း နိုင်ငံတစ်ဝန်း စစ်ဘေးဒုက္ခသည် နှစ်သန်းနီးပါး (၁,၉၁၂,၇၆၉ ဦး) အထိ ရှိလာတယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာလေ့လာရေး အင်စတီကျု ISP- Myanmar က ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၇ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
2023-01-04
ဇန်နဝါရီလ ၄ ရက် ဒီနေ့ကျရောက်တဲ့ ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ နိုင်ငံရေးအကျဉ်းသားတချို့ အပါအဝင် အကျဉ်းသား၊ အကျဉ်းသူ ၇၀၁၂ ဦးကို ပြန်လွှတ်ပေးဖို့ စစ်ကောင်စီက အမိန့်ထုတ်ထားပါတယ်။
2023-01-04
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဇန်နဝါရီလ ၄ ရက် ဒီနေ့မနက်ပိုင်း စစ်ကောင်စီက ဦးဆောင်ကျင်းပတဲ့ လွတ်လပ်ရေးနေ့အခမ်းအနားကို တက်ရောက်ခဲ့တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) စစ်ဦးစီးချုပ်နဲ့ အရာရှိနှစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရပြီးသေဆုံးခဲ့တယ်လို့ ALP ဒုတိယဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက RFA ကို ပြောပါတယ်။
2023-01-04
မန္တလေးသံဃသမဂ္ဂ ဦးဆောင်ဆရာတော် ဦးအာစာရကို စစ်ကောင်စီတပ်က ဇန်နဝါရီလ ၃ ရက် မနေ့က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2023-01-03
ဒီကနေ့ကျရောက်တဲ့ လွတ်လပ်ရေးနေ့မှာ ဖမ်းဆီးခံထားရသူတချို့ကို စစ်ကောင်စီက လွတ်ငြိမ်းသက်သာနဲ့ လွှတ်ပေးဖို့ရှိနေတယ်ဆိုတဲ့သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်နေပါတယ်။