သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-01-03
တော်လှန်ရေးမှာပါဝင်ဆောင်ရွက်ရင်း လွတ်မြောက်နယ်မြေတစ်ခုမှာရောက်နေတဲ့ ဟားငါးကောင် အငြိမ့်အဖွဲ့ဝင်တွေရဲ့ သဘောထားက ဘယ်လိုရှိပါသလဲ။ ၂၀၂၃ ခုနှစ်အတွက် ဟားငါးကောင်အဖွဲ့ရဲ့ နိုင်ငံရေးမျှော်လင့်ချက်၊ နှစ်သစ်မှာ ဘာတွေ လုပ်ဆောင်ဖို့ရှိမလဲ။ ဒီနှစ်ထဲ စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ပြည်သူတွေကို ဘာသတင်းစကားပါးချင်သလဲ။
2023-01-03
ကော်သူးလေတပ်မတော်ဌာနချုပ်မှာ ဖမ်းဆီးချုပ်နှောင်ထားတဲ့ ဝေါလေရဲစခန်းက တပ်ဖွဲ့ဝင် ကိုဝင်းထွန်းဦးက သူ့ကို ကော်သူးလေတပ်မတော်က ကောင်းမွန်စွာ စောင့်ရှောက်ထားကြောင်း၊ စစ်ကောင်စီလက်အောက်ကို ပြန်မသွားလိုကြောင်း စသဖြင့် RFA ကို ပြောကြားခဲ့ပါတယ်။
2023-01-03
KNLA တပ်မဟာ ၅ ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီရဲ့ ၂၀၂၃ ခုနှစ်မှာ ပြုလုပ်မယ့်ရွေးကောက်ပွဲကို လက်မခံတဲ့အတွက် ဘယ်သူမဆို စစ်ကောင်စီနဲ့ ပူးပေါင်းပါဝင်ပတ်သက်မှု မပြုဖို့လည်း ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။
2023-01-03
ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲက အနည်းဆုံး အယောက် ၅၀ သေဒဏ်အမိန့်ချခံရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။
2023-01-03
ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲက အနည်းဆုံး အယောက် ၅၀ သေဒဏ်အမိန့်ချခံရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။
2023-01-03
စွပ်စွဲခံရတဲ့သူမှာ ပြန်လည်ခုခံပိုင်ခွင့်ရသင့်ပြီး တရားခွင်တွေဟာလည်း အများပြည်သူထင်သာမြင်သာရှိတဲ့ တရားခွင်မျိုး ဖြစ်ရမယ်လို့ဆိုပါတယ်။
2023-01-03
အဲဒီထဲမှာ စစ်ကောင်စီကို အပြင်းထန်ဆုံး ပြန်လည်ခုခံနေတဲ့ စစ်ကိုင်းတိုင်းက အများဆုံးဖြစ်ပြီး အိမ်အလုံးပေါင်း သုံးသောင်းတစ်ထောင်ကျော် မီးရှို့ခံခဲ့ရတယ်လို့ ဆိုပါတယ်။
2023-01-03
ယနေ့လက်ရှိအချိန်မှာ မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို မြန်မာစစ်ကောင်စီက ပိတ်ဆို့ဟန့်တားထားကြောင်း အမေရိကန်နိုင်ငံရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
2023-01-03
မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်အခါက သံဃာတော် အပါး ၅ဝဝ ခြံရံကြွချီခဲ့တာဟာ အယူအဆမတူတဲ့ ဘာသာရေးဂိုဏ်းတွေက လုပ်ကြံသတ်ဖြတ်မှာကို စိုးရိမ်တဲ့အတွက် ဖြစ်နိုင်တယ်လို့စဉ်းစားမိတဲ့ အကြောင်း သီတဂူဆရာတော် ဘဒ္ဒန္တအရှင်ဉာဏိဿရရဲ့ဟောပြောချက်ကို ရွှေဝါရောင်ဆရာတော်တွေ ဝေဖန်ထောက်ပြနေကြပါတယ်။
2023-01-03
ကယားပြည်နယ်မှာ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအထိ အချိန် ၂၃ လအတွင်း စစ်ဘေးဒုက္ခသည် တစ်သိန်းရှစ်သောင်းကျော်အထိ တိုးလာတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က ပြောပါတယ်။
2023-01-03
ကချင်ပြည်နယ်မှာ တစ်ကျော့ပြန်တိုက်ပွဲကြောင့် အချိန် ၁၂ နှစ်ကြာ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ အခုနှစ်သစ်မှာ တိုင်းပြည်ငြိမ်းချမ်းလာဖို့နဲ့ သူတို့ဘဝတွေ အဆင်ပြေလာဖို့ကို မျှော်လင့်နေကြပါတယ်။
2023-01-03
၂၀၂၂ ခုနှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလဟာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ ကျောင်းသားလူငယ်တွေ အပါအဝင် အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူတွေ ထောင်ဒဏ်ချခံရမှု အများဆုံးလ ဖြစ်ခဲ့ပါတယ်။
2023-01-03
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) ရဲ့ တစ်ကျော့ပြန်တိုက်ပွဲအတွင်း AA နဲ့ ဆက်စပ်တယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးခံထားရသူတွေထဲက ခုနစ်ဦး အခုရက်ပိုင်းအတွင်း ပြန်လွတ်လာတယ်လို့ အကူအညီပေးနေသူတွေက RFA ကို ပြောပါတယ်။
2023-01-03
စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ကယားပြည်နယ်မှာ ဒေသခံ ၄၁၉ ဦး သေဆုံးခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
2023-01-03
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ လယ်တီကွင်းစစ်ဆေးရေးဂိတ်မှာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက် မနေ့မနက်ပိုင်းက ကျောက်သယ်ကားနဲ့ လိုက်ပါလာတဲ့ အသက် ၁၈ နှစ်အောက် ရိုဟင်ဂျာကလေး ၁၀ ဦးအပါအဝင် စုစုပေါင်း ရိုဟင်ဂျာ ၃၉ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ဟင်္သာတမြို့ခံတွေက RFA ကိုပြောပါတယ်။