သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-01-03
မြန်မာနိုင်ငံက ကလေးငယ် ၅ ဒသမ ၆ သန်းကျော် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ အပြည်ပြည်ဆိုင်ရာ ကုလသမဂ္ဂကလေးများဆိုင်ရာ ရန်ပုံငွေအဖွဲ့ (UNICEF) က ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
2023-01-03
ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ် မြို့ဟောင်းအရှေ့ရပ်ကွက်က နေအိမ်တစ်အိမ်မှာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့ ညပိုင်းက ရိုဟင်ဂျာ ၇၇ ဦးကို စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-01-03
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်က နုတ်ထွက်စာတင်ထားတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၁၀၀ ကျော်ကို တာဝန်ပြန်ထမ်းဆောင်ဖို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)၊ ရက္ခိုင့်တပ်တော် (AA) က ခေါ်ပြောခဲ့တယ်လို့ အုပ်ချုပ်ရေးမှူးတွေက ပြောပါတယ်။
2023-01-03
အာဏာသိမ်း စစ်ကောင်စီဟာ ခေတ်အဆက်ဆက် အာဏာရှင်ဟောင်းတွေ၊ စစ်ကောင်စီမှာ တာဝန်ထမ်းဆောင်နေသူတွေ အပါအဝင် အမျိုးသားရေးလှုပ်ရှားသူတွေနဲ့ နယ်ပယ်စုံကပုဂ္ဂိုလ်တွေကို လွတ်လပ်ရေးနေ့အကြို ဂုဏ်ထူးဆောင်ဘွဲ့တွေ ပေးအပ်ခဲ့ပါတယ်။
2023-01-03
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ရွှေတောင်ရွာကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက် မနေ့မနက် ၁၀ နာရီခန့်က စစ်ကောင်စီတပ်စစ်ကြောင်း ဝင်ရောက်မီးရှို့တာကြောင့် နေအိမ် ၁၃ လုံး မီးလောင်ခဲ့ပြီး သက်ကြီးရွယ်အို နှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-01-03
ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့ တောင်စွန်းမှာ တပ်စွဲထားတဲ့ BGF စခန်းကို Lion Battalion Commando ဗျူဟာစစ်ကြောင်းနဲ့ KNLA ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်နေပြီး ၃ ရက်ကြာတဲ့ ဒီနေ့အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ Lion Battalion Commando ဗျူဟာစစ်ကြောင်းရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
2023-01-02
နိုင်ငံရေးသမားတွေအနေနဲ့ ကိုယ်ကျိုးစီးပွားကို ဦးစားမပေးဘဲ အမှန်တရားဘက်က ရပ်တည်ကြဖို့လိုတယ်လို့ ဗိုလ်ချုပ်ကြီး အင်ဘန်လက ကချင်ဘာသာစကားနဲ့ ပြောကြားတဲ့ နှစ်သစ်ကူးမိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။
2023-01-02
စစ်ကောင်စီက စီစဉ်ကျင်းပမယ့် ရွေးကောက်ပွဲကို ကချင်ပြည်နယ်နဲ့ ကရင်ပြည်နယ် တပ်မဟာ (၅) နယ်မြေ အတွင်းမှာ ကျင်းပခွင့်ပြုမှာ မဟုတ်ဘူးလို့ KIO နဲ့ KNU တပ်မဟာ (၅) စစ်ရေးချုပ်ရုံးက မနေ့က အသီးသီး ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
2023-01-02
ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူ တက္ကသိုလ်ကျောင်းသားငါးဦးကို ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ စစ်ကောင်စီက နှစ်ရှည်ထောင်ဒဏ် အသီးသီးချမှတ်လိုက်တယ်လို့ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်မှုဆောင်တစ်ဦးက RFA ကို ပြောပါတယ်။
2023-01-02
ရန်ကုန်အပါအဝင် နိုင်ငံတစ်ဝန်းက နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး ရုံးတွေမှာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့ ကစလို့ ကွန်ပျူတာစနစ် အဆင့်မြှင့်တင်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လက်မှတ် ထုတ်ပေးရေးလုပ်ငန်းတွေကို ရပ်ဆိုင်းထားတယ်လို့ ရန်ကုန်မြို့က ဒေသခံတွေက ပြောပါတယ်။
2023-01-02
နာမည်ကြီး အမှတ်တံဆိပ် Adidas ဖိနပ်တွေချုပ်လုပ်တဲ့ ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန်က မြန်မာပေါင်ချိန်စက်ရုံမှာ လုပ်ခလစာတိုးပေးဖို့ ဆန္ဒပြခဲ့တဲ့ အလုပ်သမားတွေထဲက အလုပ်ထုတ်ခံရသူတွေ လုပ်ငန်းခွင်ပြန်ဝင်ဖို့ မကြာသေးခင်က ကမ်းလှမ်းလာတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
2023-01-02
မန္တလေးမှာ Mandalay Young Force (MYF) နဲ့ ဝက်လက် PDF အဖွဲ့ဝင် ၁၆ ဦး ဒီဇင်ဘာလ ၃၁ ရက် နှစ်သစ်ကူး ညက အဖမ်းခံလိုက်ရတယ်လို့ Mandalay Young Force (MYF) နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
2023-01-02
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အလယ်ရှိုရွာက ဖမ်းဆီးခံထားရတဲ့ ဒေသခံ ၁၇ ဦးကို စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၂၈ ရက်နေ့က ဖမ်းဆီးသွားပြီးနောက် အဲဒီနေ့ ညနေပိုင်းက ရွာပြင်မှာ သတ်ဖြတ်မီးရှို့ခံထားရတဲ့ လူရှစ်ဦးရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့ရတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ပြောပါတယ်။
2023-01-01
၂၀၂၃ နှစ်သစ်မှာ အာဏာရှင်စနစ်ကျဆုံးပြီး ဖမ်းဆီးခံ နိုင်ငံခေါင်းဆောင်တွေနဲ့ မတရားဖမ်းဆီး ခံထားရသူတွေလွတ်မြောက်ဖို့ ပြည်သူတွေက လိုလားနေပါတယ်။
2023-01-01
၂ဝ၂၂ ခုနှစ်ဟာ စစ်ကောင်စီက သူ့ရဲ့အာဏာတည်မြဲရေးအတွက် ဖိနှိပ်မှုတွေ ပိုပြီးတိုးလာခဲ့တဲ့ နှစ်လို့ ပြောရမှာပါ။ စစ်ကောင်စီဟာ အမျိုးသမီးတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို မတရားဖမ်းဆီးထောင်ချမှုတွေ ပိုများခဲ့ပြီး သေဒဏ်အမိန့်ပေးတဲ့အထိ ရှိခဲ့ပါတယ်။