သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-10-31
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ ပူးပေါင်းစစ်ဆင်ရေးကို တိုးမြှင့်လုပ်ဆောင်သွားမှာ ဖြစ်တဲ့အတွက် စစ်ကောင်စီလက်အောက်ခံ တပ်မတော်သားတွေအနေနဲ့ ပူးပေါင်းအညံ့ခံဝင်ရောက်ဖို့ ညီနောင်မဟာမိတ်သုံးဖွဲ့က တိုက်တွန်းလိုက်ပါတယ်။
2023-10-31
အခုလိုပိတ်ဆို့အရေးယူတာတွေဟာ မြန်မာပြည်သူတွေအပေါ် စစ်ကောင်စီ လက်နက်အားကိုးနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို တားဆီးနိုင်ဖို့ ရည်ရွယ်တယ်လို့ အမေရိကန်က ဆိုပါတယ်။
2023-10-31
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ စစ်ဆင်ရေးငါးရက်အတွင်း စစ်ကောင်စီ တပ်စခန်း ရှစ်ဆယ်ကျော်ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကိုးကန့်တပ်မတော် (MNDAA) ပြောရေးဆိုခွင့်ရှိသူက RFA ကို ပြောပါတယ်။
2023-10-31
စစ်တပ်အာဏာသိမ်းချိန်ကနေ အခု အောက်တိုဘာလအထိ အမျိုးသမီး ၆၂၈ ဦး သေဆုံးခဲ့ရပြီးပြီလို့ လည်း BWU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
2023-10-31
ဒီအစည်းအဝေးမှာ အဓိက နှစ်နိုင်ငံ နယ်စပ်ပြဿနာတွေကို အဓိက ဦးတည်ဆွေးနွေးမှာဖြစ်ပေမယ့် လက်ရှိဖြစ်နေတဲ့ ကိစ္စရပ်တွေလည်း ဆွေးနွေးတဲ့ခေါင်းစဉ်ထဲမှာ ပါလာနိုင်ပါတယ်။
2023-10-31
ရိုဟင်ဂျာတွေကို လုံခြုံရေးမပေးနိုင်ဘဲ ပြန်ခေါ်ဖို့လုပ်တာဟာ ICJ မှာ ရင်ဆိုင်နေရတဲ့အမှုအတွက် ဟန်ပြလုပ်နေတာလို့ ရခိုင်ဒေသခံတွေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေက ရှုမြင်ပါတယ်။
2023-10-31
ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာထဲကို အောက်တိုဘာ ၃၀ ရက် ညနေပိုင်းမှာ လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲတာကြောင့် အရပ်သားသုံးဦး သေဆုံးခဲ့တယ်လို့ နမ့်ဖတ်ကာ ဒေသခံတွေက ပြောပါတယ်။
2023-10-31
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ လူချင်းတွေ့ဆုံခွင့်ရဖို့ သူ့ရဲ့ရှေ့နေအဖွဲ့က နေပြည်တော် အကျဉ်းဦးစီးဌာနနဲ့ စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးဌာနတွေကို စာနဲ့ ထပ်မံ တင်ပြတောင်းဆိုထားပါတယ်။
2023-10-31
ဧရာဝတီတိုင်းက မြို့နယ် ရှစ်မြို့နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာနဲ့ အခုအောက်တိုဘာလထဲ မြစ်ကမ်းပါးပြိုလို့ အိမ်ခြေရာနဲ့ချီပြီး အရေးပေါ် ပြောင်းရွှေ့ရတဲ့အတွက် ဒေသခံ ရာပေါင်းများစွာ စားဝတ်နေရေး ခက်နေတယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။
2023-10-31
ရေဦးမြို့နယ် မစိုးရိမ်ရွာကို စစ်ကောင်စီရဲ့ အမှတ် ၇၁ ခြေလျင်တပ်ရင်းက ရုတ်တရက် ဝင်ရောက်စီးနင်းပြီး လူငါးဦးကို သတ်ဖြတ်ခဲ့သလို ကျေးရွာသား လေးဆယ်ခန့်ကိုလည်း စစ်ကြောင်းနဲ့အတူ ဖမ်းခေါ်သွားပါတယ်။
2023-10-31
ရိုဟင်ဂျာတွေ ပြန်လက်ခံရေးနဲ့ ပတ်သက်ပြီး မြန်မာ ကိုယ်စားလှယ်အဖွဲ့ အောက်တိုဘာ ၃၁ ရက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနပ်မြို့ကို ရောက်နေတယ်လို့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှာ နေထိုင်သူတွေက ပြောပါတယ်။
2023-10-31
ညောင်လေးပင်ခရိုင်ထဲမှာ လက်နက်ကြီး ပစ်ခတ်မှုတွေနဲ့ တိုက်ပွဲတွေကြောင့် အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း စစ်ဘေးဒုက္ခသည် ငါးထောင်ခန့် ထပ်တိုးလာပါတယ်။
2023-10-31
၀ိုင်းမော်မှာရှိတဲ့ စစ်တပ်စခန်းကို အောက်တိုဘာ ၃၁ မှာ KIA နဲ့ မဟာမိတ်အဖွဲ့တွေ သွားရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့တယ်လို့ KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
2023-10-31
စစ်ကောင်စီတပ်နဲ့ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့တွေ နှစ်ဖက်လုံးက တပ်စွဲထားတဲ့ ထန်တလန်မြို့ကို စစ်ကောင်စီကမထိန်းချုပ်နိုင်သေးဘူးလို့ CNF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက အောက်တိုဘာ ၃၀ ရက်မှာ RFA ကို ပြောပါတယ်။
2023-10-31
တနင်္သာရီ၊ ပုလော၊ သရက်ချောင်းနဲ့ ထားဝယ်မြို့နယ်တွေမှာ စစ်ကောင်စီက ဖြတ်လေးဖြတ်စနစ်လို လုပ်နေတယ်လို့ ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့က အမည်မဖော်လိုတဲ့အဖွဲ့ဝင် တစ်ယောက်က ပြောပါတယ်။