သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-04-24
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ထဲက မူးသာ၊ တောင်မြို့၊ ရွာသစ်၊ ရွာထောင် စတဲ့ရွာလေးရွာကို ဧပြီလ ၂၃ ရက် မနေ့က စစ်ကောင်စီတပ်သားတွေ ဝင်ရောက်မီးရှိုခဲ့လို့ နေအိမ်တစ်ရာကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-04-24
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာဘန်ကီမွန်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဧပြီလ ၂၃ ရက် မနေ့ညက လေကြောင်းခရီးစဉ်နဲ့ နေပြည်တော်ကို ရောက်ရှိလာပါတယ်။
2023-04-23
စစ်အာဏာရှင်ကို လက်နက်ကိုင်ခုခံတော်လှန်ဖို့ တောထဲထွက်လာတဲ့ PDF လူငယ်တွေကို TNLA နယ်မြေထဲမှာ ခိုလှုံခွင့်ပေးထားတဲ့အပြင် စစ်ပညာတွေလည်း သင်ကြားပေးနေတာပါ။
2023-04-23
ဆိပ်ခွန်ထည်လို့ နာမည်ကျော်တဲ့ ချည်ထည်တွေကို တွင်တွင်ကျယ်ကျယ် လုပ်ကိုင်ကြတဲ့ ရွာတွေ မီးရှို့ခံရပြီး သူတို့ရဲ့အိမ်တွေသာမက ဝင်ငွေရနေတဲ့ လုပ်ငန်းတွေပါ ပျက်စီးခဲ့ကြရပါတယ်။
2023-04-23
ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့ ရွာသုံးရွာက အမျိုးသမီးနှစ်ဦး အပါအဝင် ဒေသခံခြောက်ဦးကို စစ်ကောင်စီ တပ်သားတွေဖမ်းဆီးခဲ့ပါတယ်။
2023-04-23
သရက်ချောင်းမြို့နယ် မြိတ် - ထားဝယ် ကားလမ်းမအနီးက ရငဲရွာမှာနေထိုင်တဲ့ ဒေသခံ ၈၀ နီးပါးကို စစ်ကောင်စီတပ်က ဖမ်းဆီး စစ်ဆေးနေပါတယ်။
2023-04-23
ဝက်လက်မြို့နယ် အောင်ချမ်းသာရွာကို ဧပြီလ ၂၃ ရက်မှာ အင်အား ၆၀ ကျော်ရှိတဲ့ စစ်ကြောင်း ဝင်ရောက်မီးရှို့တာကြောင့် နေအိမ် ၁၄၀ ဝန်းကျင် မီးလောင်ပျက်စီးပြီး ဒေသခံ တစ်ထောင်ကျော် ထွက်ပြေးနေရပါတယ်။
2023-04-23
နောင်ချိုမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် နေရပ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် လေးထောင်နီးပါးအထိရှိလာပါတယ်။
2023-04-23
စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းနဲ့ နေပြည်တော်တို့မှာ ဧပြီ ၂၁ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ မိုးသက်လေပြင်းနဲ့ လေဆင်နှာမောင်းကြောင့် လူရှစ်ဦး သေဆုံးပြီး နေအိမ် ၁၃၀၀ ကျော် ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။
2023-04-23
၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၈ ရက်ကနေ ၂၂ ရက်အထိ ငါးရက်အတွင်းမှာတင် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၃၉ ဦးအထိ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
2023-04-23
ညောင်လေးပင်ခရိုင်ထဲမှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းလေးခုကို KNLA တပ်မဟာ (၃) ပူးပေါင်းတပ်ဖွဲ့တွေ စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက သတင်းထုတ်ပြန်ပါတယ်။
2023-04-23
ဖားကန့် Happy KTV စားသောက်ဆိုင်မှာ ဧပြီ ၂၃ ရက်နေ့က အမည်မသိလက်နက်ကိုင်တွေ ဝင်ရောက်ပစ်ခတ်တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်မှူးတစ်ဦးအပါအဝင် ငါးဦး သေဆုံးသွားတယ်လို့ ပြောပါတယ်။
2023-04-22
မြန်မာ့သမိုင်းမှာ ပြည်သူ့နဲ့အတူရပ်တည်ခဲ့ ရပ်တည်ဆဲ အနုပညာသမားတွေကို အထင်ကရ မြင်ရသလို ပြည်သူ့ဘက်က ဘယ်သောအခါကမှ မရပ်ခဲ့တဲ့သူ၊ အရေးတော်ပုံတွေအစမှာ ရေတက်ငါးစင်ရိုင်းတွေလို ရှေ့ဆုံးက အလံကိုင်ကြပြီး လူထုဖိနှိပ်ချေမှုန်းခံရတဲ့ကာလတစ်ခုမှာ စစ်အာဏာရှင်တွေနဲ့ ပူးပေါင်းသွားကြသူတွေကိုလည်း မြင်ရလေ့ရှိပါတယ်။
2023-04-22
တရုတ်ကိုယ်စားလှယ် Peng Xiubin ဟာ ဧပြီလ ၁၆ ရက်ကနေ ၁၉ ရက်နေ့ အထိ အာဏာရှင်ဟောင်း ဦးသန်းရွှေနဲ့ သမ္မတဟောင်း ဦးသိန်းစိန်တို့ကို လာရောက်တွေ့ဆုံခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ် ခဲ့ပါတယ်။
2023-04-22
ဦးစိုင်းကျော်သူဟာ ပစ်ခတ်ခံရပြီးနောက် နေရာမှာတင်ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ဘယ်နေရာမှာ ပစ်ခတ်သတ်ဖြတ်ခဲ့တယ်ဆိုတာကိုတော့ For the Yangon အဖွဲ့က လုံခြုံရေးအရ ပြောဆိုခြင်းမရှိပါဘူး။