သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-04-22
၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့ဟာ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဥပုသ်လအပြီး အီဒုလ်ဖိသ်ရ် ဝါကျွတ်အီးဒ်ပွဲတော်နေ့ ဖြစ်ပါတယ်။
2023-04-22
စစ်ကောင်စီတပ်ဟာ ဒီနေ့မနက်အစော တစ်နာရီဝန်းကျင်မှာ တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ သုံးကြိမ်ပစ်ခဲ့သလို မနက် ၉ နာရီခွဲခန့်မှာလည်း မြေပြင်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။
2023-04-22
ကလေးမြို့နယ် ထိုမာရွာမှာ ဧပြီလ ၂၁ ရက်နေ့က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ဒေသခံနှစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-04-22
ပဇီကြီးရွာလေကြောင်း တိုက်ခိုက်ခံရမှ အပါအဝင် ဘယ်လိုတိုက်ခိုက်မှုမျိုးကိုမဆို ကန့်ကွက်ရှုတ်ချတယ်လို့ စစ်ကောင်စီနဲ့ အပစ်ရပ်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။
2023-04-22
စစ်ကိုင်းမြို့ အင်းစရွာကို စစ်ကောင်စီတပ်သားတွေ စီးနင်းဝင်ရောက်ပြီး မီးရှို့ခဲ့တာကြောင့် နေအိမ် ၃၇၀ လောက်မီးလောင်ပျက်စီးခဲ့သလို ရွာလုံးကျွတ်ထွက်ပြေးနေရပါတယ်။
2023-04-22
တရားမဝင် လက်နက်ကုန်သွယ်မှုအပါအဝင် လူကုန်ကူးမှုနဲ့ မူးယစ်ဆေးဝါးကုန်သွယ်မှုပပျောက်ဖို့ စစ်ကောင်စီ ဥက္ကဋ္ဌနဲ့ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Mr. Don Pramudwinai တို့ ဧပြီလ ၂၁ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။
2023-04-22
နေပြည်တော်၊ လယ်ဝေးမြို့နယ်မှာ ဧပြီလ ၂၁ ရက်နေ့က လေဆင်နှာမောင်းတိုက်ခတ်ခဲ့တာကြောင့် အောင်မြင်ကုန်းနဲ့ တံတားဦးရွာက နေအိမ် ၂၃၂ လုံး ပျက်စီးခဲ့ပြီး လူရှစ်ဦး သေဆုံးခဲ့ပါတယ်။
2023-04-22
ကနီမြို့နယ်မှာ မိုးရွာသွန်းပြီး လေပြင်းပါ တိုက်ခတ်ခဲ့တာကြောင့် ရွာပေါင်းရှစ်ရွာက နေအိမ် ၁၅၀ ဝန်းကျင် ပျက်စီးခဲ့ပါတယ်။
2023-04-21
ဧပြီလ ၁၁ ရက်နေ့မှာ ကန့်ဘလူမြို့နယ် မန်လည်တိုက်နယ်က ပဇီကြီးရွာကို စစ်ကောင်စီက လူပေါင်းရာနဲ့ချီ သေဆုံးသည်အထိ လေကြောင်းကနေ တိုက်ခိုက်ခဲ့ပေမယ့် ကျေနပ်မှုမရှိသေးဘဲ နောက်ထပ်လေကြောင်း တိုက်ခိုက်မှုတွေအပြင် မီးရှို့ဖျက်ဆီးတာတွေကိုပါ ဧပြီလ ၂၀ ရက်အထိ လုပ်ဆောင်နေပါတယ်။
2023-04-21
မြဝတီမြို့အနောက်ဘက် မဲကနယ်ရွာတစ်ဝိုက်မှာ စစ်ကောင်စီတပ်၊ ကရင်နယ်ခြားစောင့်တပ်နဲ့ KNLA၊ Cobra Column ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် နှစ်ဖက်အကျအဆုံးတွေရှိသလို ထောင်နဲ့ချီတဲ့ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
2023-04-21
ခေတ်အဆက်ဆက်မှာ မြန်မာနိုင်ငံတွင်းက စာပေနဲ့ အနုပညာရှင် တွေဟာ အာဏာရှင်တွေကြောင့် နိုင်ငံကို စွန့်ခွာခဲ့ရတဲ့ အဖြစ်အပျက်တွေရှိခဲ့ပေမဲ့ ၂၀၂၁ အာဏာသိမ်းပြီးနောက် နိုင်ငံကိုစွန့်ခွာခဲ့ရတဲ့ အနုပညာရှင်အရည်အတွက်ကတော့ အများဆုံးဖြစ်ပါတယ်။
2023-04-21
သင်္ကြန်ပွဲတော်ကို စစ်ကောင်စီက စည်ကားအောင်ကြိုးစားခဲ့သလို၊ ပြည်သူအများစုကလည်း စစ်ကောင်စီနဲ့မပူးပေါင်းတဲ့အနေနဲ့ သာမန်နေ့တွေလိုပဲ သင်္ကြန်ကာလကို ဖြတ်သန်းသွားတာတွေ့ရပါတယ်။
2023-04-21
ကရင်ပြည်နယ် မြဝတီမြို့နယ်၊ မဲကနယ်ရွာအနီးမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် ၃၀၀၀ ဝန်းကျင်ရှိလာနေတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတွေက ပြောပါတယ်။
2023-04-21
သတင်းစာဆရာ ဦးကျော်မင်းဆွေနဲ့ သရုပ်ဆောင် မေပန်းချီ၊ အဆိုတော် ရွှေရည်သိန်းတန်၊ မေလသံစဉ်တို့ကို စစ်ကောင်စီက ပုဒ်မ ၅၀၅ - က နဲ့ အမှုဖွင့်လိုက်ပါတယ်။
2023-04-21
ရွှေကူမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ဆင်ရေးလုပ်ခဲ့တဲ့ကာလအတွင်း ဒေသခံ ၁၀ ဦး သတ်ဖြတ်ခံခဲ့ရသလို အိမ်ပေါင်း တစ်ထောင်လောက် မီးရှို့ဖျက်ဆီးခံလိုက်ရပါတယ်။