သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-05-31
အာဏာသိမ်းစစ်ကောင်စီဟာ စွမ်းအင်ကဏ္ဍကနေ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုငွေ အများဆုံးရနေတယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒ လေ့လာရေးအင်စတီကျု ISP Myanmar က မေလ ၃၁ ရက်နေ့က ထုတ်ပြန်ပါတယ်။
2023-05-31
စစ်ကိုင်းတိုင်း စစ်အာဏာရှင် ဆန့်ကျင်ရေးမှာ ပါဝင်နေတဲ့ အဖွဲ့အစည်းတွေက တိုင်းအတိုင်ပင်ခံကောင်စီ ဖွဲ့စည်းသွားမယ်လို့ နှစ်ရက်ကြာ ကျင်းပခဲ့တဲ့ စစ်ကိုင်းဖိုရမ်က ကြေညာပါတယ်။
2023-05-31
အဲဒီအမျိုးသား နှစ်ယောက်ဟာ ည ၁၀ နာရီတိုင်း ခွေးစာထွက်ကျွေးလေ့ရှိပြီး မေလ ၃၀ ရက်နေ့ ညမှာတော့ စစ်ကောင်စီ လှည့်ကင်းပတ်ချိန်နဲ့ တိုးပြီး ပစ်သတ်မီးရှို့ခံရတာလို့ မြို့ခံတစ်ဦးက ပြောပါတယ်။
2023-05-31
တရုတ်စစ်ဘက်ထောက်လှမ်းရေးအကြီးအကဲတစ်ယောက် စစ်ကောင်စီ ဒုခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒါဟာ တရုတ်စစ်ဘက်ရေးရာပိုင်းက ထိပ်တန်းအရာရှိတစ်ဦးရဲ့ ပထမဆုံးခရီးစဉ်ပါ။
2023-05-31
စစ်တပ်ထောက်ခံပွဲတွေနဲ့ စစ်ကောင်စီကျင်းပတဲ့ ပွဲလမ်းသဘင်တွေမှာ တက်ရောက်ဖျော်ဖြေလေ့ရှိတဲ့ အဆိုတော် လီလီနိုင်ကျော် နေအိမ်ရှေ့မှာ သေနတ်ပစ်ခံရပြီး စိုးရိမ်ရပါတယ်။
2023-05-31
ဩဂုတ်လနီးလာတဲ့အခါ တစ်နည်းနည်းနဲ့ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်လိမ့်မယ်လို့ ယူဆကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် ကပြောပါတယ်။
2023-05-31
မစ္စနိုလင်းဟေဇာဟာသူရဲ့ တာဝန်မပြီးဆုံးခင်မှာ စောစောစီးစီး ရပ်ဆိုင်းခံရတာလို့ သတင်းတွေထွက်ပေါ်နေပေမဲ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရှိသူက ငြင်းပါတယ်။
2023-05-31
မြန်မာစစ်ခေါင်းဆောင်တွေကို ပိတ်ဆို့အရေးယူမှုအသစ်တွေ ထပ်မံချမှတ်ဖို့ ပြင်သစ်အခြေစိုက် RSFအဖွဲ့က မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ကို တိုက်တွန်းလိုက်ပါတယ်။
2023-05-31
အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်နိုင်အောင် မြန်မာစစ်ခေါင်းဆောင်တွေကို သံတမန်ရေးအရ ပိုမိုဖိအားပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းက တိုက်တွန်းလိုက်ပါတယ်။
2023-05-31
ဖားကန့်မြို့နယ်မှာ ကျောက်စိမ်းတူးဖော်နေတဲ့ ကုမ္ပဏီတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မကြာခဏ ၀င်ရောက်ဖမ်းဆီးပြီး ငွေကြေးတောင်းခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-05-31
ကရင်ပြည်နယ်မှာ မေလ ၃၀ ရက်နေ့က ကျုံဒိုးရဲစခန်း တိုက်ခိုက်ခံရပြီးတဲ့နောက် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်တဲ့အတွက် ရွာသားတစ်ဦးသေဆုံးပြီး တစ်ဦး အပြင်းအထန်ဒဏ်ရာရခဲ့ပါတယ်။
2023-05-31
စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ်၊ ကုက္ကိုလ်ကုန်းအုပ်စုနဲ့ လွှတ်တိုက်အုပ်စုက နေအိမ် ၃၀ မီးရှို့ဖျက်ဆီးခံရပြီး ကျေးရွာခုနစ်ရွာက အရပ်သား ၃၀၀၀ ကျော် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-05-31
ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ်အတွင်းမှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် သုံးဦး သေဆုံးခဲ့ပြီး ၁၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
2023-05-31
နစ်နာတဲ့မိသားစုဝင်တွေ တရားမျှတမှုရအောင်ဖြေရှင်းပေးဖို့ မိုင်းကိုင်မြို့နယ် တအာင်း အမျိုးသားရေးကွန်ရက်အဖွဲ့က မေ ၂၄ ရက်မှာ SSPP ကို တောင်းဆိုထားပါတယ်။
2023-05-31
မုန်တိုင်းဒဏ်သင့်ပြည်သူ နှစ်သိန်းသုံးသောင်းကျော်ကို ကမ္ကာ့စားနပ်ရိက္ခာအစီအစဉ် (WFP) နဲ့ မိတ်ဖက်အဖွဲ့တွေက စားနပ်ရိက္ခာအကူအညီပေးခဲ့ပါတယ်။