သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-06-30
မြန်မာပြည်က ဒုက္ခသည်တွေရဲ့ အသက်ကယ်ဆယ်ရေးအတွက် ပေးပို့တဲ့အကူအညီတွေကို အာဏာသိမ်းစစ်ကောင်စီက ကန့်သတ်တားဆီးနေတာဟာ စစ်ရာဇဝတ်မှုမြောက်နိုင်တယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက ဇွန် ၃ဝ ရက်နေ့က ထုတ်ပြန်ပါတယ်။
2023-06-30
နျူကလီးယားစွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအတွက် မြန်မာစစ်ကောင်စီ နဲ့ ရုရှားအစိုးရ တာဝန်ရှိသူတွေ ပထမဆုံးအကြိမ်အဖြစ် ပြီးခဲ့တဲ့ ဇွန်လ ၂၇ နဲ့ ၂၈ ရက်နေ့တွေမှာ တွေ့ဆုံခဲ့ပါတယ်။
2023-06-30
နိဂုံးမလှတဲ့ CDM တပ်ပြေးများရဲ့နောက်ဆုံးအခြေအနေဆိုပြီး စစ်ကောင်စီက တပ်တွင်းသတင်းဖြန့်ဖို့ ရေးသားတဲ့စာတစ်စောင် ပြည်တွင်းက စစ်ကောင်စီတပ်တွင်းဖရဲသီးလို့ အမည်ပေးထားတဲ့ တပ်တွင်းသတင်းပေးတွေကတစ်ဆင့် စာတွေပြန့်လာနေတယ်လို့ CDM တပ်ဖွဲ့ အသိုင်းအ၀ိုင်းအတွင်း ပြောဆိုနေကြပါတယ်။
2023-06-30
ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူ အစ္စလာမ်ဘာသာဝင် ဦးအောင်ကျော်မိုးကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူအခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဇွန် ၃ဝရက်နေ့က ခန့်အပ်လိုက်ပါတယ်။
2023-06-30
ဗမာပြည်လွတ်မြောက်ရေးတပ်မတော် (BPLA)က တစ်နှစ်ခွဲကာလအတွင်း စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲ ၄၀ ကျော်ဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီတပ်သား ၉၀ ကျော် သေဆုံးပြီး ၁၆ ဦးကို လက်ရဖမ်းဆီးမိခဲ့တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။
2023-06-30
ပြီးခဲ့တဲ့ တစ်နှစ်ကျော်အတွင်း တရုတ်စီမံကိန်းတွေအနီးတဝိုက်မှာ တိုက်ပွဲဖြစ်ပွားမှု ထက်ဝက်ကျော် လျော့ကျသွားတယ်လို့ လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ISP-Myanmar က ဇွန်လ ၃၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
2023-06-30
စစ်အာဏာသိမ်းပြီး နှစ်နှစ်ကျော် ကာလမှာတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တိုက်ပွဲဖြစ်တာတွေ တိုးလာပါတယ်။ ၂၀၂၃ ခုနှစ်မှာ တိုက်ပွဲတွေက ဘယ်လောက်အတိုင်းအတာအထိ ရှိလာမလဲ၊ မြို့ပြတွေအထိ ရှိလာနိုင်မလား ဆိုတာတွေနဲ့ပတ်သက်ပြီး ဒီစကားဝိုင်းမှာ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
2023-06-30
ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဒုဥက္ကဋ္ဌ ကိုထက်ပိုင်စိုး ကို စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည)နဲ့ ဇွန် ၃၀ရက်နေ့မှာ အလုပ်နဲ့ ထောင်ဒဏ် ဆယ်နှစ် ချမှတ်လိုက်ပါတယ်။
2023-06-30
ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ ဝမ်အောင်းရွာကို ဇွန်လ ၂၈ ရက် ညပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုအပြင် မြေပြင်ကပါ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် အရပ်သားတစ်ဦး သေဆုံးသလို နေအိမ် ၁၀ လုံးကျော် ပျက်စီးခဲ့တယ်လို့ ဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
2023-06-30
တရုတ် နယ်စပ်ကုန်သွယ်ရေးမှာ သြဂုတ်လကစပြီး ဘဏ်နဲ့ငွေချေတဲ့စနစ်ကျင့်သုံးမယ်လို့ စစ်ကောင်စီ စီးပွားကူးသန်းဌာနက ပြောပါတယ်။
2023-06-30
ဖောင်းပြင်မြို့နယ်ထဲက တိုက်ပွဲတွေ ပြင်းထန်နေတဲ့ မင်းယားနဲ့ ကော်ကမ်း ရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းက တိုက်ခိုက်နေလို့ အရပ်သား နှစ်ထောင်ကျော် ထွက်ပြေးနေရပါတယ်။
2023-06-30
သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို စွပ်စွဲထောင်ချထားတဲ့အမှုတွေထဲက ၁၀ မှုကျော်ကို ဇူလိုင်မှာ ကြားနာဖို့ရှိတယ်လို့ ပြောပါတယ်။
2023-06-30
တရုတ်အနေနဲ့ စစ်ကောင်စီ တစ်ဖက်တည်းကိုမကြည့်ဘဲ ဒီမိုကရေစီအင်အားစုတွေကို အလေးပေးဆက်ဆံမှသာ အကျိုးရှိလိမ့်မယ်လို့ NUCC က သတိပေးလိုက်ပါတယ်။
2023-06-30
မြန်မာ့ရိုးရာ လက်မှုပညာဖြစ်တဲ့ ရွှေပြားခတ်၊ ရွှေဆိုင်းလုပ်ငန်းနေရာမှာ ပြည်ပက စက်မှုရွှေဆိုင်းလုပ်ငန်းတွေကြောင့် မန္တလေးမြို့၊ မျက်ပါးရပ်က ရွှေဆိုင်းလုပ်ငန်းရှင်တွေ အခက်တွေ့နေကြပါတယ်။
2023-06-30
ထန်တလန်နဲ့ မင်းတပ်မြို့နယ်တွေကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်လို့ နေအိမ်တွေနဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်း ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။