သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-07-24
တမူးခရိုင် ခန်းပတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ တမူးပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေ တိုက်ပွဲကြောင့် ဒေသခံ နှစ်ထောင်နီးပါး ထွက်ပြေးနေရပါတယ်။
2023-07-24
ဆိပ်ဖြူမြို့နယ်ကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေပြီး မြို့ပေါ်ဝင်ထွက်ခွင့် ပိတ်ထားတာကြောင့် စားနပ်ရိက္ခာပြတ်တောက်နေတယ်လို့ ပြောပါတယ်။
2023-07-24
စစ်တပ်အာဏာသိမ်းပြီးနောက် လူ ၃၈၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရတဲ့အပေါ် ပူဆွေးသောကရောက်ရတယ်လို့ အမေရိကန်သံရုံးက ထုတ်ပြန်ပါတယ်။
2023-07-24
မနက်အရုဏ်တက်စအချိန်မှာ ရေနံဆီမီးခွက်ထွန်းပြီး လယ်လုပ်ငန်းခွင်ဝင်ဖို့ ပြင်ဆင်နေတဲ့သူကတော့ လယ်ရှင်ဘဝကနေ လယ်လုပ်သားဖြစ်သွားတဲ့ ကိုဇော်ပါ။
2023-07-23
ဘဏ္ဍာရေးအကျပ်အတည်းဖြစ်လို့ စစ်ကောင်စီက ငွေစက္ကူအသစ်ထုတ်ဝေတာဖြစ်ပြီး တရားဝင်အစိုးရမဟုတ်လို့ ငွေထုတ်ပိုင်ခွင့်မရှိဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က တုံ့ပြန်ပါတယ်။
2023-07-23
ခင်ဦးမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ရွှေယမင်းရွာ အရပ်သားသုံးဦး ဒဏ်ရာရှိခဲ့ပြီး လေးထောင်နီးပါး ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
2023-07-23
ကျောက်ကြီးနဲ့ မုန်းမြို့နယ်မှာ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသုံးရွာက ကလေးငယ်နှစ်ဦးအပါအဝင် အရပ်သားခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
2023-07-23
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ အပါအဝင် ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ လေးဦး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့အတွက် ကွပ်မျက်ခံခဲ့ရတာ ဇူလိုင်လ ၂၃ ရက် ဒီနေ့မှာ တစ်နှစ်ပြည့်ခဲ့ပါပြီ။
2023-07-23
သထုံ KNU တပ်မဟာ ၁ ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် တစ်ဦး ဒဏ်ရာရပြီး ၂၈၉၂ ဦး ထွက်ပြေးနေရပါတယ်။
2023-07-23
ဆားလင်းကြီးမြို့နယ် အနောက်ဘက်ခြမ်းကို စစ်ကောင်စီတပ်က စစ်ကြောင်း ထိုးနေတဲ့အတွက် ကျေးရွာ ၂၅ ရွာက အရပ်သားရှစ်ထောင်ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။
2023-07-22
နှစ်သောင်းကျပ်တန် ငွေစက္ကူသစ်ကို ဇူလိုင် ၃၁ ရက်ကစပြီး ထုတ်ဝေသွားမယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကနေ ဇူလိုင် ၂၃ ရက် မနက်ပိုင်းမှာ ကြေညာခဲ့ပါတယ်။
2023-07-22
ကိုဂျင်မီ (ခေါ်) ကိုကျော်မင်းယုဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးကို ကြိုးပေးသတ်ဖြတ်ခံရတဲ့အထိ နှစ်ပေါင်း ၃ဝ ကျော် တိုက်ပွဲဝင်ခဲ့သူဖြစ်ပါတယ်။
2023-07-22
ကိုဂျင်မီရဲ့ ဇနီး မနီလာသိန်းက ကိုဂျင်မီဟာ ရန်ကုန်မှာနေရင် ဘယ်လောက်အန္တရာယ်များတယ်ဆိုတာခန့်မှန်းမိပေမယ့် စစ်ကောင်စီရဲ့ ရက်စက် ချေမှုန်းမှုတွေကို ရဲရဲဝံ့ဝံ့ ဆန့်ကျင်နေတဲ့ လူငယ်တွေနဲ့ဆက်လက်နေထိုင်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ RFA ကိုပြောပါတယ်။
2023-07-22
စစ်အာဏာသိမ်းပြီးနောက် ကယား(ကရင်နီ)ပြည်နယ်မှာ အရပ်သားလေးရာကျော် သတ်ဖြတ်ခံခဲ့ရတယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်က ထုတ်ပြန်ပါတယ်။
2023-07-22
စစ်ကောင်စီရဲ့ ကြိုးပေးကွပ်မျက်ခံခဲ့ရတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်နဲ့ ကိုလှမျိုးအောင်တို့ ဂုဏ်ပြုတဲ့အနေနဲ့ ဥဩဆွဲကြဖို့ စစ်အာဏာရှင်ဆန့်ကျင်ရေးအဖွဲ့တွေက တိုက်တွန်းထားပါတယ်။