သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-07-22
မုံရွာမှာ ဒေသခံ သုံးဦးနဲ့ PDF တပ်ဖွဲ့ဝင်နှစ်ဦး စုစုပေါင်း ငါးဦးကို ဇူလိုင် ၂၁ ရက်နေ့က စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေ ဖမ်းဆီးသတ်ဖြတ်ခဲ့ပါတယ်။
2023-07-22
ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်အမှတ် (၄) ရပ်ကွက်က နေအိမ် တစ်ထောင်ကျော်ကို ပုဂ္ဂလိကပိုင်ဆိုင်တဲ့ မြေပေါ်မှာကျူးကျော် နေထိုင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမိန့်ထုတ်ပြန်ပြီး ဖယ်ရှားခိုင်းထားပါတယ်။
2023-07-22
စစ်ကောင်စီက တြိဂံဒေသတိုင်းမှူး ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်ကို ရဲချုပ်အဖြစ် ဇူလိုင် ၂၁ ရက်က ပြောင်းလဲခန့်အပ်လိုက်ပါတယ်။
2023-07-22
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နဲ့ မိုင် လေးဆယ်အကွာမှာရှိတဲ့ စစ်ကောင်စီ တပ်ရဲ့ လက်ခတ်တောင် တာဝါတိုင်စခန်းကို ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းယူခဲ့ပါတယ်။
2023-07-22
ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူလေးဦးကို သေဒဏ်စီရင်ခဲ့တာ တစ်နှစ်ကြာတဲ့အထိ တရားမျှတမှု မရသေးဘူးလို့ APHR က ထုတ်ပြန်ခဲ့တာပါ။
2023-07-22
စစ်တပ်က KIA ဌာနချုပ် လိုင်ဇာအနီး နမ်ဆန်ယန်ရွာကို ဇူလိုင် ၂၁ ရက် ညက တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
2023-07-22
ဆားလင်းကြီး ညောင်ပင်ကြီးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်က စစ်ကြောင်းထိုး နယ်မြေရှင်းလင်းတာကြောင့် ရွာ ၁၀ ရွာက အရပ်သားလေးထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
2023-07-21
မြန်မာနိုင်ငံကနေ သယံဇာတ အမြတ်မထုတ်ဖို့နဲ့ ကျောက်မျက်တင်သွင်းမှုတွေ ရပ်ဆိုင်းပြီး မြန်မာ့ကျောက်မျက်လုပ်ငန်း (MGE) ကို စီးပွားရေးပိတ်ဆို့ဖို့ တရုတ်နဲ့ အနောက်နိုင်ငံတွေကို သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့က ဇူလိုင် ၂၁ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။
2023-07-21
ပြည်တွင်းမှာ အွန်လိုင်းကနေ ရောင်းချတဲ့ လုပ်ငန်းတွေ မှတ်ပုံတင်ရမယ်လို့ စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၂၁ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။
2023-07-21
ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် ဒီနှစ် ခြောက်လကျော်အတွင်း အရပ်သား ၃၁၇ ယောက် ထိခိုက်သေဆုံးခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) က RFA ကိုပြောပါတယ်။
2023-07-21
ကိုလိုနီခေတ်ထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားတွေကို အဆင့်မြင့်မြင့်ထားခဲ့ပေမယ့် စစ်အာဏာရှင်စခဲ့တဲ့ ၁၉၆၂ နောက်ပိုင်းမှာ အဲဒီအဆင့်တွေကို မပေးတော့သလို၊ အခုတစ်ကျော့ပြန် စစ်အာဏာသိမ်းတဲ့နောက်မှာတော့ အသတ်ခံရတဲ့အထိ ဖြစ်နေတဲ့အကြောင်း ဆွေးနွေးထားပါတယ်။
2023-07-21
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသား ကိုဉာဏ်ဝင်းထက်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မနဲ့ ဇူလိုင် ၂၀ ရက်နေ့မှာ ထောင်ဒဏ်ငါးနှစ် ထပ်မံချမှတ်လိုက်တယ်လို့ ဗကသများအဖွဲ့ချုပ်က ထုတ်ပြန်လိုက်တယ်။
2023-07-21
အမျိုးသားညီညွတ်ရေးအစိုးရ NUG က တော်လှန်ရေးရန်ပုံငွေရှာဖို့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ငွေကြေးစနစ်ကို ဟန့်တားဖို့ နွေဦးဖွံ့ဖြိုးရေးဘဏ်လို့ အမည်ပေးထားတဲ့ အွန်လိုင်းဘဏ်တစ်ခုကို ဇူလိုင် ၂၂ ရက်ကစပြီး ဖွင့်လှစ်မယ့်အကြောင်း ကြေညာပါတယ်။
2023-07-21
မြန်မာဇာတ်လမ်းတွဲတွေကို မရိုက်ကူးမီ ဇာတ်လမ်းအကျဉ်းကို ပြန်ကြားရေးဌာနရဲ့ ဗီဒီယိုဆင်ဆာအဖွဲ့ကို တင်ပြဖို့ ထုတ်ပြန်ကြေညာထားပါတယ်။
2023-07-21
ယင်းမာပင်မြို့နယ်၊ စုန်းချောင်းရွာကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းပြီးနောက် ၁၄ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ပြောပါတယ်။