သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-07-20
ဘူးသီးတောင်မြို့နယ် မေယုတောင်ကြော စိမ်းညှင်းပြာ၊ ဂူတာပြင်၊ အာကာပျံရွာတွေနားမှာ ရက္ခိုင့်တပ်တော် (AA) နဲ့ အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA) အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
2023-07-20
မော်လမြိုင်၊ မုဒုံနဲ့ သံဖြူဇရပ်မြို့နယ်တွေမှာ ရေကြီးရေလျှံဖြစ်မှုကြောင့် ကလေးသုံးဦးသေဆုံးပြီး ဒေသခံ ၆၀၀ ကျော်ကိုလည်း ရွှေ့ပြောင်းထားရပါတယ်။
2023-07-20
ပေါက်မြို့နယ်၊ တပ်ကုန်းရွာမှာစစ်ကောင်စီတပ်က လေကြောင်းသုံးတိုက်ခိုက်လို့ PDF တပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး နောက်ထပ် နှစ်ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ ပေါက်မြို့နယ်က PDF တပ်ဖွဲ့တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
2023-07-20
ဆီဆိုင်၊ မိုးဗြဲနဲ့ ကယားပြည်နယ် လွိုင်ကော်မြို့ကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းတွေမှာ ဇူလိုင်လ ၁၈ ရက်နေ့ကနေ ၂၈ ရက်အတွင်း ကုန်တင်ကားတွေ သွားလာတာလာမလုပ်ဖို့ KNDF/B-02 တပ်ရင်းက ထုတ်ပြန်ပါတယ်။
2023-07-20
ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့က ရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ကုန်းကြောင်းကနေ ထိုးစစ်ဆင်တဲ့အတွက် အရပ်သား နှစ်ထောင်လောက် ထွက်ပြေးနေရပါတယ်။
2023-07-20
ကချင်ပြည်နယ်မှာ မိုင်းပေါက်ကွဲတာတွေကြောင့် အရပ်သားတွေ ကိုယ်လက်အင်္ဂါ ထိခိုက်ပျက်စီးတဲ့ ဖြစ်ရပ်တွေက အဆက်မပြတ် ရှိနေပါတယ်။
2023-07-20
ခင်ဦးမြို့နယ်မှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ နှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရသွားပါတယ်။
2023-07-19
စစ်အာဏာရှင်တော်လှန်ရေးမှာ ပြည်သူတွေရဲ့ပါဝင်မှုဟာ တစ်ဆင့်ပြီးတစ်ဆင့် မြင့်တက်လာနေဆဲဖြစ်တဲ့အတွက် တော်လှန်ရေး အောင်မြင်နေကြောင်း၊ NUG အနေနဲ့ ဖက်ဒရယ်စနစ်ကို အမှန်တကယ်လိုက်နာကျင့်သုံးမှာဖြစ်တယ်လို့ NUG ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက လွတ်လပ်တဲ့ ပြောလိုက်ပါတယ်။
2023-07-19
စစ်ကောင်စီတပ်တွေ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ စစ်ကိုင်းတိုင်း ရေဦးမြို့နယ်နဲ့ ဒီပဲယင်းမြို့နယ်က ရွာပေါင်း ၂၀ ကျော်မှာ ဒေသခံ တစ်သောင်းနီးပါး ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-07-19
မြန်မာနိုင်ငံတွင်းက လေကြောင်းတိုက်ခိုက်မှုတွေအပါအဝင် အကြမ်းဖက်မှုတွေကိုလည်း အဲဒီအစည်းအဝေးမှာ ပြင်းပြင်းထန်ထန် ရှုတ်ချကန့်ကွက်ခဲ့ကြပါတယ်။
2023-07-19
ဒါ့အပြင် ၂ဝ၁၇ ကနေ ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံတစ်ဝန်း ကျောင်းအပ်နှုန်း ၁၂ ရာခိုင်နှုန်းကျော် ကျဆင်းသွားတယ်လို့လည်း ဖော်ပြထားပါတယ်။
2023-07-19
၇၆ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို စစ်ကောင်စီက အာဇာနည်ဗိမာန်မှာ ကျင်းပခဲ့ပြီး အာဇာနည်ခေါင်းဆောင်တွေရဲ့ မိသားစုဝင်တွေလည်း တက်ရောက်ခဲ့ပါတယ်။
2023-07-19
ရေနစ်သေသွားသူတွေက အသက် ၁၂၊ ၁၃ နှစ်နဲ့ တစ်နှစ်ခွဲအရွယ်တွေဖြစ်တယ်လို့ ကူညီကယ်ဆယ်ရေး လုပ်နေတဲ့ ကိုဘိုဘိုဝင်း က ပြောပါတယ်။
2023-07-19
Move Forward ပါတီ ခေါင်းဆောင် ပီတ လင်ဂျာရွန်ရတ်ကို ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံခွင့်မရှိတော့ကြောင်း ထိုင်းလွှတ်တော်က ဒီနေ့ မဲခွဲဆုံးဖြတ်လိုက်ပါတယ်။
2023-07-19
ထန်းတပင်မြို့နယ် လှည်းလမ်းကူးရွာ မြေမြှုပ်မိုင်းနင်းမိတာကြောင့် ဒေသခံနှစ်ဦး နေရာမှာတင် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။