သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-09-30
အမေရိကန် အစိုးရယန္တရားရပ်ဆိုင်းမှု ဖြစ်လာနိုင်တာကြောင့် စစ်တပ်ကအာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံအတွက် အမေရိကန်အစိုးရက ပေးအပ်မယ့် အသုံးစရိတ်ပမာဏကို ဆုံးဖြတ်ရာမှာလည်း နှောင့်နှေးမှုတွေ ရှိနေပါတယ်။
2023-09-30
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စောမူတူးစေးဖိုး ဦးဆောင်တဲ့အဖွဲ့နဲ့ တွေ့ဆုံပြီး ငြိမ်းချမ်းရေးဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဒီလိုတွေ့ဆုံမှုဟာ KNU ရဲ့သဘောထားမဟုတ်ဘူးလို့ KNU ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
2023-09-30
ရှမ်းပြည်နယ်တောင်ပိုင်းက စစ်ကောင်စီမိသားစုဝင်တွေနဲ့ စစ်တပ်ကို ထောက်ခံတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ပိုင်ဆိုင်တဲ့ ဟိုတယ်တွေကို သပိတ်မှောက်ဖို့ ဒေသခံလူမှုအဖွဲ့အစည်းတွေ ပူးပေါင်းပြီး အင်းလေးလူထုလှုပ်ရှားမှုတစ်ရပ် ပြုလုပ်နေပါတယ်။
2023-09-30
မဏိပူရ်ပြည်နယ်၊ အင်ဖာအကျဉ်းထောင်မှာ ဖမ်းဆီးခဲ့ရတဲ့ မြန်မာဒုက္ခသည်နှစ်ဦး စက်တင်ဘာ ၂၇ ရက်က အာမခံနဲ့ ပြန်လွတ်လာခဲ့တယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။
2023-09-30
စစ်ကောင်စီဥက္ကဋ္ဌနဲ့ KNU ဥက္ကဋ္ဌဟောင်းတို့ စက်တင်ဘာလ ၃၀ ရက်က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ပါတယ်။
2023-09-30
ဒီပဲယင်းမြို့နယ်မှာ စက်တင်ဘာ ၃၀ ရက်နေ့က ကျေးရွာ ငါးရွာကို စစ်ကောင်စီစစ်ကြောင်းက ဝင်ရောက်နေတာကြောင့် အရပ်သားတစ်သောင်းနီးပါး ထွက်ပြေးနေရတယ်လို့ ပြောပါတယ်။
2023-09-30
အွန်လိုင်းငွေလိမ်ဂိုဏ်းတွေအကြောင်း ရိုက်ကူးထားတဲ့ "No More Bets" ဆိုတဲ့ တရုတ်ရုပ်ရှင်ဇာတ်ကားဟာ မြန်မာနိုင်ငံရဲ့ ပုံရိပ်ကို ထိခိုက်စေတယ်ဆိုပြီး စစ်ကောင်စီက တရုတ်အစိုးရကို ကန့်ကွက်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ Global News Light of Myanmar က စက်တင်ဘာလ ၂၉ ရက်မှာ ဖော်ပြပါတယ်။
2023-09-30
နိုင်ငံတစ်ဝန်းမှာ တော်လှန်ဆန့်ကျင်မှုတွေကို ရင်ဆိုင်နေရတဲ့ စစ်ကောင်စီတပ်ဟာ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကို အားထားလာပါတယ်။
2023-09-29
ပအိုဝ်းပြည်နယ်ကို ဖက်ဒရယ်မူတွေနဲ့အညီ တည်ထောင်နိုင်ရေးအတွက် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ PNFC က စက်တင်ဘာ ၂၄ ရက်နေ့က အစည်းအဝေး ကျင်းပခဲ့ပါတယ်။
2023-09-29
စစ်ကိုင်းတိုင်း၊ ကလေးမြို့က မော်လိုက်ကလေးအကျဉ်းထောင်မှာ ဖမ်းဆီးထောင်ချခံထားရတဲ့ ကလေးပင်မသပိတ်ကော်မတီဝင်လေးဦးဟာ စစ်ကြောရေးမှာ ညှဉ်းပန်း နှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေကြောင့် အရေးပေါ် ဆေးကုသမှု လိုအပ်နေတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
2023-09-29
စက်တင်ဘာလအတွင်း ထိုင်း-မြန်မာနယ်စပ်ကတစ်ဆင့် တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၂ဝဝ နီးပါးကို ထိုင်းအစိုးရ ဖမ်းဆီးထားတယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားအရေး ကူညီသူတွေက ပြောပါတယ်။
2023-09-29
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေးကို အစဉ်တစိုက် အားပေးထောက်ခံခဲ့တဲ့ အမေရိကန် အထက်လွှတ်တော် အမတ် အမျိုးသမီး ဒိုင်ယန်း ဖိုင်းစတိုင်း စက်တင်ဘာ ၂၈ ရက်ညက သူ့ရဲ့နေအိမ်မှာ ကွယ်လွန်သွားပါတယ်။
2023-09-29
တော်လှန်ရေးအင်အားစုတွေက နိုင်ငံရဲ့ ၆ဝ ရာခိုင်နှုန်းအထိ ထိန်းချုပ်ထားနိုင်ပြီး အာဏသိမ်းထားတဲ့ စစ်တပ်က နိုင်ငံရဲ့ ၁၇ ရာခိုင်နှုန်းကိုသာ ထိန်းချုပ်ထားနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောလိုက်ပါတယ်။
2023-09-29
ဒေါ်အောင်ဆန်းစုကြည်နေအိမ်ကို အမျိုးသားအဆင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ထားတဲ့အတွက် ရွှေ့ပြောင်း၊ ပြင်ဆင်ရောင်းချဖို့ ကြံစည်သူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဥပဒေအရ အရေးယူသွားမယ်လို့ ကြေညာလိုက်ပါတယ်။
2023-09-29
စစ်ကောင်စီအဖွဲ့ထဲက ထိပ်တန်း ဒု - ဗိုလ်ချုပ်ကြီးတွေကို ဖမ်းတာ၊ ရာထူးနေရာ ပြောင်းတာတွေအပြင် ဝန်ကြီးတချို့ကို နေရာပြောင်းတာတွေရှိခဲ့တာနဲ့ပတ်သက်လို့ ဒီတစ်ပတ် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။