သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-09-23
တန့်ဆည်မြို့ မှာ စစ်တပ်က နေရာယူထားတဲ့ ဒေါင်းမင်းစက်သုံးဆီဆိုင်ဟောင်းနေရာနဲ့ လူဝင်မှုကြီးကြပ်ရေးရုံး (လ.ဝ.က) ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေက တိုက်ခိုက်သိမ်းယူခဲ့ပါတယ်။
2023-09-23
မင်းကင်းမြို့နယ် မောက္ကတော်ရွာအနီး ချင်းတွင်းမြစ်အတွင်း တိမ်းမှောက်ခဲ့တဲ့ သင်္ဘောက ရုပ်အလောင်း ၁၀ ခုကို ဆားလင်းကြီးမြို့နယ်မှာ တွေ့ရှိထားပါတယ်။
2023-09-23
စစ်ကိုင်းမြို့ သာစည်ရပ်ကွက်က ရင်သွေးရတနာ ကိုယ်ပိုင်အထက်တန်းကျောင်းရဲ့ ကျောင်းအုပ်ဖြစ်သူ ဒေါ်ထားထားဦးကို စစ်ကောင်စီက ဖမ်းဆီးပြီး ကျောင်းကိုလည်း ချိပ်ပိတ်လိုက်ပါတယ်။
2023-09-22
မြန်မာစစ်တပ်ကို တာဝန်ခံမှုရှိလာအောင်လုပ်ဖို့၊ လက်နက်တင်ပို့ရောင်းချရေးပိတ်ဆို့ဖို့၊ လေယာဉ်ဆီမရောင်းဖို့စတဲ့ အချက်တွေပါဝင်တဲ့ အရေးယူဆုံးဖြတ်ချက်တစ်ခု ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေ ချမှတ်ပေးဖို့ ကုလဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။
2023-09-22
ရန်ကုန်တောင်ပိုင်းခရိုင် ဒလမြို့နယ် ဒလ-တွံ့တေးလမ်းပေါ်မှာ ဆန်တစ်ပြည်ကို ၂၅၀၀ ကျပ်နှုန်းနဲ့ ရောင်းပေးနေလို့ ပြင်ပပေါက်စျေးထက် ချိုသာတဲ့အတွက် မြို့ခံတွေ တန်းစီဝယ်ယူနေကြတာကို စက်တင်ဘာလ ၂၂ ရက် ဒီနေ့မှာ မြင်တွေ့ရတာ ဖြစ်ပါတယ်။
2023-09-22
ချင်းပြည်ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲဖို့၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင် (၃)ရပ် ဖွဲ့စည်း ထူထောင်ဖို့နဲ့ ချင်းပြည်ကောင်စီဖွဲ့စည်းဖို့ သဘောတူခဲ့တယ်လို့ ချင်းပြည်ကောင်စီညီလာခံကျင်းပရေး လုပ်ငန်းကော်မတီ (Working Committee for Chinland Council Conference - WCCCC) က စက်တင်ဘာလ ၂၂ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
2023-09-22
စစ်ကောင်စီ ဖမ်းဆီးထားတဲ့ စစ်တွေမြို့က ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးဟာ ကျန်းမာရေးဆိုးရွားနေတဲ့အတွက် ဆေးကုသခွင့်ရဖို့ မိသားစုဝင်တွေက လိုလားနေကြပါတယ်။
2023-09-22
မြန်မာ၊ ဘင်္ဂလားဒေ့ရှ် နဲ့ အနီးပတ်ဝန်းကျင်ဒေသတွေမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် အမေရိကန်အစိုးရက လူသားချင်းစာနာမှုအကူအညီအနေနဲ့ အမေရိကန် ဒေါ်လာ ၁၁၆ သန်း ထောက်ပံ့သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က စက်တင်ဘာ ၂၁ ရက် ထုတ်ပြန်ချက်မှာ ပြောလိုက်ပါတယ်။
2023-09-22
ထိုင်းနိုင်ငံကို ရောက်နေတဲ့ မြန်မာဒုက္ခသည်တွေကို ကူညီစောင့်ရှောက်နိုင်ဖို့ အကောင်းဆုံးလုပ်နေတယ်လို့ ထိုင်းအစိုးရအဖွဲ့ရဲ့ ဝန်ကြီးချုပ်နဲ့ ဘဏ္ဍာရေးဝန်ကြီး ဆရက်သာ သာဗီဆင်က ပြောလိုက်ပါတယ်။
2023-09-22
စစ်အာဏာရှင်တွေကို တော်လှန်နေတဲ့အချိန်မှာ ဖက်ဒရယ်ဖွဲ့စည်းပုံက အမှန်တကယ်လိုအပ်နေပြီလား၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ရော ဖက်ဒရယ်ဖွဲ့စည်းပုံအတွက် ဘာတွေပြင်ဆင်ထားနေပြီလဲ၊ မရေးဆွဲဘူးဆိုရင် ဘာတွေ အခက်အခဲဖြစ်လာနိုင်လဲ… ဆိုတာတွေကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
2023-09-22
စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးမှူးတချို့ ပစ်ခတ်သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်တွေနောက်ပိုင်း ရန်ကုန်တိုင်း ဒလမြို့နယ်အတွင်းမှာ ဆိုင်ကယ်၊ လျှပ်စစ်ဘက်ထရီစက်ဘီးနဲ့ ဘေးတွဲဆိုင်ကယ်တွေကို စီနင်းခွင့်မပြုတော့လို့ စက်ဘီးကိုပြန်လည်အားကိုးပြီ စီးနင်းလာရတယ်လို့ ဒလမြို့ခံတွေက ပြောပါတယ်။
2023-09-22
မြန်မာနိုင်ငံသားအားလုံး တရုတ်နိုင်ငံဘက်ကို ယာယီနယ်စပ် ဖြတ်သန်းသွားလာခွင့် (TBP) လက်မှတ်နဲ့ သွားရောက်ခွင့်ပေးလိုက်ပါတယ်။
2023-09-22
အာဏာသိမ်းစက အိမ်နီးချင်း တရုတ်နိုင်ငံနဲ့သာ နီးကပ်ခဲ့တဲ့ စစ်ကောင်စီဟာ အာဏာသိမ်းသက်တမ်း သုံးနှစ်ထဲရောက်လာချိန်မှာ ကမ္ဘာ့အာဏာရှင်နိုင်ငံတွေဖြစ်တဲ့ ရုရှား၊ ဘယ်လာရုစ်၊ မြောက်ကိုးရီးယား တို့နဲ့ပါ ပူးပေါင်းဆောင်ရွက်မှု ပိုများလာပါတယ်။
2023-09-22
တန့်ဆည်မြို့ပေါ် စစ်ကောင်စီ တပ်စွဲထားတဲ့ ရွှေဒေါင်းမင်းဆီဆိုင်ဟောင်း နေရာနဲ့ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန (လ.၀.က) ရုံးနေရာကို ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ တန့်ဆည်မြို့အခြေစိုက် ကာကွယ်ရေးတာဝန်ခံတွေနဲ့ ဒေသခံတွေက ပြောပါတယ်။
2023-09-22
စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ တစ်နေ့တခြား မြင့်တက်လာတဲ့ အထွေထွေကုန်ဈေးနှုန်းတွေကြောင့် နိုင်ငံသားအများစုက ထမင်းနပ်မှန်ရေးအတွက် ရုန်းကန်နေကြရပါတယ်။