သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-09-22
မိုးကုတ်မြို့နယ်မှာ စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် ငါးနှစ်အရွယ် ကလေးတစ်ဦးအပါအဝင် အရပ်သားသုံးဦး သေဆုံးခဲ့ပါတယ်။
2023-09-22
ကမ္မမြို့မှာ မြို့တွင်းထဲထိ လေကြောင်းတိုက်ခိုက်မှုတွေရှိခဲ့တဲ့အတွက် မြို့ခံ နှစ်ထောင်ကျော်ဟာ နေရပ်ကိုစွန့်ခွာ တိမ်းရှောင်နေကြပါတယ်။
2023-09-22
ဗန်းမော်မြို့နယ် ညောင်ပင်သာရွာမှာ စစ်ကောင်စီတပ်ကပစ်တဲ့ လက်နက်ကြီးတွေကြောင့် အရပ်သား တစ်ဦးသေဆုံးပြီး နောက်ထပ် သုံးဦးလည်း ဒဏ်ရာရခဲ့ပါတယ်။
2023-09-22
ဝက်လက်မြို့နယ်တောင်ပိုင်းမှာ အင်အားနှစ်ရာခန့်ပါတဲ့ စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းရေး လုပ်နေတာကြောင့် ရွာဆယ်ရွာက ဒေသခံ လေးထောင်ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။
2023-09-22
တိုင်းရင်းသား လက်နက်ကိုင်ဒေသတွေမှာ ရွေးကောက်ပွဲလုပ်နိုင်ဖို့ စစ်ကောင်စီရဲ့ (NSPNC ) နဲ့ RCSS တို့ နေပြည်တော်မှာ ဆွေးနွေးခဲ့ကြပါတယ်။
2023-09-22
ဖလမ်းမြို့နယ်၊ ဗားရ်ရွာအနီးက မဏိပူရ်မြစ်ကမ်းမှာ စက်တင်ဘာ ၂၁ ရက်နေ့က အရပ်သားတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-09-22
ကျိုက်ထိုမြို့မှာ အငြိမ်းစား ဒုတိယဗိုလ်မှူးကြီး မိသားစု လုပ်ကြံခံရပြီးနောက် ကျိုက်ထိုမြို့ပေါ်က အရပ်သား ၁၀ ဦးထက်မနည်း ဖမ်းဆီးခံထားရပါတယ်။
2023-09-21
၇၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပနေချိန်တွင်းမှာပဲ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) အဖွဲ့ဝင် ဝန်ကြီးတွေလည်း အမေရိကန်နိုင်ငံ နယူးယောက်မြို့ကို ရောက်နေပါတယ်။
2023-09-21
NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ဒုနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦး၊ ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ လူ့အခွင့်အရေးဒုဝန်ကြီး ဦးအောင်ကျော်မိုးတို့ ဆွေးနွေးပွဲမှာ ပါဝင်ပါတယ်။
2023-09-21
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် ကန့်သတ်ရွာကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၁၈ ရက်နေ့ကစတင်ပိတ်ဆို့ပြီး ဒေသခံတစ်ရာကျော်ကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တချို့က ပြောပါတယ်။
2023-09-21
အခုနှစ်အတွက် ကော်မတီအသစ်က ဆုံးဖြတ်တာ တစ်စုံတစ်ရာမရှိသေးတဲ့အတွက် လက်ရှိကာလမှာ ပြီးခဲ့တဲ့နှစ်က အတည်ပြုထားတဲ့အတိုင်း နိုင်ငံတွေရဲ့ ကိုယ်စားလှယ်တွေ ဆက်ရှိနေဦးမယ်လို့ Monica Grayley က အတည်ပြုပြောကြားပါတယ်။
2023-09-21
လှိုင်မြို့နယ်၊ အမှတ်(၁၂) ရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့ အောင်သိဒ္ဓိ မဟာမြိုင်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှာ ကျောင်းသား အယောက် ၇၀ ကျော်ကို ပညာသင်ကြားပေးနေပါတယ်။
2023-09-21
ထိုင်း-မြန်မာနယ်စပ် ကော့သောင်းမြို့နယ် ခမောက်ကြီးမြို့ မလိဝမ်းကျေးရွာအနီးမှာ ဒေသခံကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ် တိုက်ပွဲတွေကြောင့် ဒေသခံ ၃၀၀ ကျော် ထိုင်းနိုင်ငံဘက် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-09-21
ဒေါ်လာသုံးစွဲလုပ်ကိုင်ရတဲ့ လုပ်ငန်းရှင်တွေထံကနေ လာဘ်ငွေ ယူခဲ့တယ်လို့ သတင်းထွက်ပြီးနောက် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း ရာထူးက ဖယ်ရှားခံရပြီး နေပြည်တော်မှာ နေအိမ်အကျယ်ချုပ်ချ စစ်ဆေးမေးမြန်းနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။
2023-09-21
စစ်ကိုင်းမြို့က Hello Mobile ဖုန်းဆိုင်ပိုင်ရှင် ကိုဝေဖြိုးကို စက်တင်ဘာ ၂၀ ရက်နေ့မှာ စစ်တပ်က ဖမ်းဆီးသွားပြီး ညပိုင်းမှာ ဖုန်းဆိုင်ကို ချိပ်ပိတ်သွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။