သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-09-21
ရေစကြိုမြို့နယ်မှာ လုပ်ငန်းခွင်ကပြန်လာတဲ့ ပန်းရန်အလုပ်သမားတစ်ဦးကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေက PDF လို့စွပ်စွဲပြီး ၀ိုင်းဝန်းရိုက်နှက်တာကြောင့် အဲဒီနေ့မှာပဲ သေဆုံးခဲ့ပါတယ်။
2023-09-21
ဆွမ်ပရာဘွမ်မြို့နယ် ဒရူခရွာတံတားထိပ်က စစ်ကောင်စီတပ် အထိုင်ချထားတဲ့ တပ်စခန်းကို KIA က တိုက်ခိုက်သိမ်းယူလိုက်ပါတယ်။
2023-09-21
မူဆယ်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ ငါးရက်အကြာဖြစ်နေတဲ့ တိုက်ပွဲတွေအတွင်း ရဟန်းတစ်ပါးနဲ့ အမျိုးသမီးနှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
2023-09-21
ရွှေကူမြို့နယ် ဆင်တပ်ကျေးရွာအနီး ဧရာဝတီမြစ်ကမ်းမှာ စက်တင်ဘာ ၂၀ ရက်နေ့က နှိပ်စက်ညှဉ်းပန်းပြီး မီးရှို့ခံထားရတဲ့ အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းကို တွေ့ရှိရတယ်လို့ ပြောပါတယ်။
2023-09-21
စစ်တွေမြို့အနီးက ရိုဟင်ဂျာကျေးရွာတွေနဲ့ ရခိုင်ကျေးရွာတွေမှာ ဒေသခံတွေဟာ တာပေါ်လင်စတွေ မိုးထားတဲ့ တဲအိမ်ငယ်တွေနဲ့ နေထိုင်နေကြရဆဲပါ။
2023-09-21
ဘင်္ဂလားဒေ့ရှ်ကနေ မောင်တောကို ပြန်ဝင်ရောက်လာတဲ့ ရိုဟင်ဂျာငါးဦးကို စက်တင်ဘာ ၁၉ နဲ့ ၂၀ ရက်တွေမှာ စစ်ကောင်စီရဲ့ နယ်မြေခံ နယ်ခြားစောင့်ရဲတပ်ဖွဲ့ကနေ ဖမ်းဆီးခဲ့တယ်လို့ ပြောပါတယ်။
2023-09-21
မြင်းခြံမြို့နယ် မကျီးစုရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီးနောက် ဒေသခံ ၆၃ ဦးကို ဖမ်းဆီးပြီး ရိုက်နှက်နှိပ်စက်တာတွေ လုပ်ခဲ့ပါတယ်။
2023-09-21
စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်ခွဲအတွင်းမှာ မီးရှို့ဖျက်ဆီးခံရတဲ့အိမ် ခုနစ်သောင်းခွဲလောက်ရှိပြီလို့ လွတ်လပ်တဲ့သုတေသနအဖွဲ့တွေက ထုတ်ပြန်ကြပါတယ်။
2023-09-21
မင်းကင်းမြို့နယ် ချင်းတွင်းမြစ်အတွင်း ရေယာဉ်နစ်မြုပ်မှုမှာ စစ်ကောင်စီ တပ်သားတွေအပါအဝင် လူ ၁၂ ဦး ပျောက်ဆုံးနေတယ်လို့ စက်တင်ဘာလ ၂၁ ရက် ဒီနေ့ထုတ် စစ်ကောင်စီထိန်းချုပ်ထားတဲ့ သတင်းစာတွေမှာ ဖော်ပြပါတယ်။
2023-09-20
ကချင်ပြည်နယ်နဲ့ နိုင်ငံရဲ့ အရှေ့တောင်ပိုင်းမှာ လူသားချင်းစာနာမှုဆိုင်ရာ ဝင်ရောက်ကူညီခွင့်အတွက် ကန့်သတ်ချက်တွေ ပိုတိုးလာတာကြောင့် အကူအညီတွေ ပေးအပ်နိုင်ဖို့ အဟန့်အတားဖြစ်နေတယ်လို့ UNOCHA ထုတ်ပြန်ပါတယ်။
2023-09-20
မြန်မာနိုင်ငံမှာ အခြေစိုက်တဲ့ ရာဇဝတ်ဂိုဏ်းအချို့ဟာ လူကုန်ကူးမှုနဲ့ အင်တာနက်အခြေပြု ငွေလိမ်တဲ့ လုပ်ငန်းတွေကို စတင်လုပ်ကိုင်လာရာကနေ ကမ္ဘာအနှံ့ ပျံ့နှံ့လာပြီး ဒေါ်လာဘီလျံနဲ့ချီ အကျိုးအမြတ်ရှိတဲ့ တရားမဝင် လုပ်ငန်းကွန်ယက်တွေအဖြစ် ပေါ်ထွက်လာနေတယ်လို့ အင်တာနက် မှုခင်းဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။
2023-09-20
ထိုင်းနိုင်ငံမှာရှိတဲ့ ကွန်ဒိုတွေကို မြန်မာနိုင်ငံသားတွေ ဝယ်လိုအားမြင့်တက်နေပြီး လွန်ခဲ့တဲ့ခြောက်လအတွင်း ပျမ်းမျှအားဖြင့် တစ်ရက်ကို တစ်ခန်းနှုန်းလောက်အထိ ဝယ်နေကြတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေက ပြောပါတယ်။
2023-09-20
မြန်မာဝမ်ပေါင်နဲ့ ယန်စီကုမ္ပဏီပိုင် နယ်မြေတွေအတွင်းမှာ စစ်ကောင်စီစစ်ကြောင်းတွေ အခြေစိုက်တပ်စွဲပြီး အနီးအနားက ကျေးရွာတွေကို လှည့်ပတ်မီးရှို့တာ၊ ဒေသခံတွေကို ပြန်ပေးဆွဲတာနဲ့ ဥပဒေမဲ့လူသတ်တာတွေကို ပိုပြီး ကျုးလွန်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-09-20
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တစ်သောင်းကျော် သွေးလွန်တုပ်ကွေးရောဂါပိုးကူးစက်ခံရပြီး ၁၁ ဦး သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ပြောပါတယ်။
2023-09-20
မြန်မာနိုင်ငံတွင်း နိုင်ငံရေးအခြေအနေ ပိုဆိုးလာပြီး ငတ်မွတ်ခေါင်းပါးမှုတွေလည်း ပိုတိုးလာတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ်က ပြောလိုက်ပါတယ်။