သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-09-20
ရန်ကုန်မြို့မှာ အခုရက်ပိုင်းအတွင်း မိုးရွာသွန်းမှုများလို့ အချို့နေရာတွေမှာ ရေကြီးနေကြီးနေပြီး ကျောင်းသူ၊ ကျောင်းသားတွေနဲ့ ရုံးသွားသူတွေ အခက်အခဲဖြစ်နေပါတယ်။
2023-09-20
ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း တာဝန်ယူထားတဲ့ နိုင်ငံခြားငွေ၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ဆိုင်တဲ့ ကော်မတီ သုံးခုကို ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောင်းလဲတာဝန်ယူလိုက်ကြောင်း စစ်ကောင်စီ ထုတ်ပြန်ပါတယ်။
2023-09-20
မာန်အောင်မြို့က အသက် ၅၀ ခန့်အရွယ် ဦးစည်သူအောင်ကို စက်တင်ဘာ ၁၉ ရက်နေ့က ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင်တွေက လာရောက်ဖမ်းဆီးသွားပြီးနောက် အမှုဖွင့်ခံထားရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
2023-09-20
စစ်ကောင်စီ အာဏာပိုင်တွေက ဧရာဝတီတိုင်းက ပြည်သူတွေကို နေ့စားခပေးပြီး ပြည်သူ့စစ်သင်တန်းတက်ဖို့ စည်းရုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-09-20
တိုက်ပွဲကြောင့် မူဆယ်ခရိုင်ထဲက စယ်လန့်၊ နမ့်ကတ်၊ မန်ကန်၊ မိုင်းဆတ် အပါအဝင် အနီးအနားကျေးရွာတွေက ဒေသခံတစ်ထောင်ကျော် နမ့်ခမ်းနဲ့ မူဆယ်မြို့ပေါ်ကို တိမ်းရှောင်နေရပါတယ်။,
2023-09-20
ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့ကို KNU က ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း KNU အရာရှိတချို့ကို ကိုးကားပြီး Karen Information Center (KIC) က ဖော်ပြပါတယ်။
2023-09-20
မင်းကင်းမြို့နယ်မှာ ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာတဲ့ စစ်ကာင်စီတပ် ထောက်ပို့ စစ်ရေယာဉ်အုပ်စုထဲမှာပါတဲ့ ရေယာဉ်တစ်စီး နစ်မြုပ်တာကြောင့် လူ ကိုးဆယ်လောက် ပျောက်ဆုံးနေပါတယ်။
2023-09-20
ဗဟိုဘဏ်ကထုတ်ပြန်ထားတဲ့ အမိန်နဲ့ စည်းကမ်းတွေကို မလိုက်နာတာကြောင့် ကုမ္ပဏီ ၁၂၃ ခုကို လိုင်စင်ရုပ်သိမ်းလိုက်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ပါတယ်။
2023-09-20
လားရှိုးမြို့နယ် အမှတ် (၂) ရပ်ကွက်ရှိ Hotel CS ရှေ့မှာ ဗုံးပေါက်ကွဲမှုကြောင့် တစ်ဦးသေဆုံးပြီး ငါးဦး ဒဏ်ရာရခဲ့ပါတယ်။
2023-09-20
ပန်ဝါဒေသမှာ တရားမဝင် မြေရှားသတ္တုတူးဖော်တာတွေကို စစ်ကောင်စီ လာရောက်စစ်ဆေးမယ်ဆိုတဲ့သတင်းကြောင့် စက်တင်ဘာက ပထမပတ်ကနေစပြီး ရပ်ထားကြတယ်လို့ ပြောပါတယ်။
2023-09-20
နှင်းဆီရောင်အမျိုးသမီးသပိတ်လှုပ်ရှားမှု စတင်ခဲ့တဲ့ ၂၀၂၁ ခုနှစ်က အမျိုးသမီး အင်အား နှစ်ရာဝန်းကျင်ရှိခဲ့ပြီး ၂၀၂၂ ခုနှစ် စက်တင်ဘာမှာ အင်အား တစ်ထောင်နီးပါးအထိ အားကောင်းခဲ့တယ်လို့ ပြောပါတယ်။
2023-09-19
၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးကတည်းက မြန်မာစစ်တပ်ဟာ ခရစ်ယာန်ဘုရားရှိခိုးကျောင်းနဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ တိုးလာတဲ့အကြောင်း မြန်မာတိုင်းရင်းသားအဖွဲ့အစည်းတွေက တင်ပြခဲ့ကြပါတယ်။
2023-09-19
စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ရှဲနတ်တောင်နား ချင်းတွင်းမြစ်ထဲမှာ ကျောင်းသားတွေ၊ ဆရာ၊ ဆရာမတွေလိုက်ပါလာတဲ့ စစ်သင်္ဘောတစ်စီးတိမ်းမှောက်ပြီး လူတစ်ရာကျော် ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-09-19
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) လှုပ်ရှားနေတဲ့ မိုးကုတ်၊မူဆယ်နဲ့ ကွတ်ခိုင် သုံးမြို့နယ်မှာ စစ်ကောင်စီနဲ့ TNLA တို့ကြား တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေပါတယ်။
2023-09-19
တနင်္သာရီတိုင်း၊ ပုလောမြို့နယ် မြတောင်ရွာအနီး တိုက်ပွဲမှာ စစ်ကောင်စီဘက်က ကုန်းကြောင်းနဲ့ ရေကြောင်းကပါ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံကာကွယ်ရေး PDF တပ်ဖွဲ့ဝင် ခုနစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။